ပရီးမီးယားလိဂ် လူစာရင်းမှာ မပါဝင်တော့တဲ့အတွက် ပရိသတ်တွေကို ရင်ဖွင့်စကားဆိုလာတဲ့ အိုဇေးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ် ဘောလုံး အဖွဲ့ချုပ်ထံ တင်သွင်းခဲ့တဲ့ အာဆင်နယ် အသင်းရဲ့ အပြီးသတ် လူစာရင်းမှာ ကွင်းလယ်လူ အိုဇေးလ် တစ်ယောက် ပါဝင်ခွင့်မရခဲ့ပါဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပရိသတ်တွေအံ့အားသင့်ရသလို၊ ကစားသမားကိုယ်တိုင်လည်း ခံစားထိခိုက်နေရပါတယ်။ အိုဇေးလ်ကတော့ ရင်ထဲက ခံစားချက်တွေကို လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေအတွက်မျှဝေရေးသားလာခဲ့ပါတယ်။ အိုဇေးလ်ရဲ့ စာလွှာကို ပြန်လည်မျှဝေလိုက်ပါတယ်။

“ကျွန်တော်ရဲ့ အာဆင်နယ် ပရိသတ်တွေဆီ ကို ဒီစာ ရေးဖို့ အတွက်ကြိုးစားရတာ အရမ်းခက်ခဲပါတယ်။ ဒီရာသီ အတွက် ပရီးမီးယားလိဂ်လူစာရင်းထဲမှာ ကျွန်တော်ပါဝင်ခွင့်မရခဲ့တာနဲ့ပတ်သက်လို့ တကယ်စိတ်ပျက်မိပါတယ်။ ၂၀၁၈ ခုနှစ်မှာ စာချုပ်သစ် ချုပ်လိုက်တဲ့ အချိန် ကတည်းက ကျွန်တော့်အနေနဲ့ အသင်းပေါ် သစ္စာရှိရှိ နဲ့ ပေးဆပ် ကစားသွားမယ်လို့ ဆုံးဖြတ်ချက်တွေ ချမှတ်ထားခဲ့တာပါ။ ဒါပေမယ့်ကျွန်တော့်ဘက်ကသာ ပေးဆပ်ခဲ့တာပါ။ အသွားအပြန်မရှိခဲ့ပါဘူး။

အခုလို အချိန်အခါမျိုးမှာသစ္စာတရား ကို ဆက်ပြီး ဆုပ်ကိုင်ထားဖို့က တော်တော်လေး ခဲယဉ်းလာပါတယ်။ကျွန်တော့်အနေနဲ့ အပတ်စဉ်တိုင်း အကောင်းမြင်စိတ်ထားပြီး ဖြတ်သန်းခဲ့ပါတယ်။ ဘယ်လိုခံစားချက်ထားခဲ့လဲဆိုရင် အသင်းရဲ့ ကစားသမားစာရင်းမှာ ငါပြန်လည် ပါဝင်နိုင်ခွင့်က မကြာခင်မှာလည်း ပြန်ရလာနိုင်တာပဲ ဆိုတဲ့ စိတ်မျိုးထားပါတယ်။ ဒါကြောင့်လည်းကျွန်တော့်ဘက်ကအချိန်တစ်ခုထားပြီး နှုတ်ဆိတ် နေပေးခဲ့တာ ကြာပါပြီ။

ကိုဗစ်ကပ်ရောဂါ မပြင်းထန်ခင် ကဆိုရင် နည်းပြသစ် မိုက်ကယ် အာတီတာ ရဲ့ လက်အောက်မှာ ကျွန်တော်အလုပ်လုပ်ရတာ တကယ်ပျော်ခဲ့ပါတယ်။ သူ့ရဲ့လက်အောက်မှာ တိုးတက်မှုတွေရှိတာကိုလည်း တကယ်ကျေနပ်အားရခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာတော့ အခြေအနေတွေက ချက်ခြင်း ပြောင်းလဲလာတော့တာပါပဲ။ ကျွန်တော့်အနေနဲ့အာဆင်နယ် အသင်းအတွက် ပေးဆပ် ကစားခွင့်က လုံး၀ မရခဲ့တော့ပါဘူး။

ကျွန်တော့်အနေနဲ့ ဘာများပြောရ ဦးမလဲ။ လန်ဒန်ဟာ ကျွန်တော့်အိမ်ပါ။ အသင်းမှာလည်း မိတ်ဆွေကောင်းတွေရှိနေပါတယ်။ ပရိသတ်တွေနဲ့လည်း ခိုင်မာတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်ဆဲလို့ ခံစားမိပါတယ်။ ဘာတွေပဲ ဖြစ်ဖြစ်ပါ။ ကျွန်တော့်ဘက်ကတော့ဆက်ပြီးတော့ တိုက်ပွဲ ဝင်သွားဦးမှာပါ။ အခုလိုပုံစံမျိုး နဲ့တော့ကျွန်တော့်ရဲ့အာဆင်နယ်ကစားသမားဘ၀ ၈ ရာသီမြောက်ကို အဆုံးမသတ်ချင်ပါဘူး။ ပြီးတော့ အသင်းရဲ့ အဲဒီဆုံးဖြတ်ချက်ဟာ ကျွန်တော့် စိတ်ကို ပြောင်းလဲသွားစေမှာမဟုတ်ဘူးဆိုတာကိုလည်း အခိုင်အမာပြောချင်ပါတယ်။

ရှေ့ဆက်ပြီး အကောင်းဆုံး ဖြစ်အောင် လေ့ကျင့်သွားမှာ ဖြစ်တဲ့အပြင် ၊ ကျွန်တော့်အနေနဲ့လူသားချင်း စာနာမှု ဆိုင်ရာ နဲ့ တရားမျှတ မှုအတွက် ပြောဆိုမှုတွေကို ဆက်လက် လုပ်ဆောင်သွားဦးမှာပါ” လို့ ရေးသားထားပါတယ်။အာဆင်နယ်အသင်းရဲ့ လစာအများဆုံး ကစားသမားအိုဇေးလ်ဟာ မတ်လနှောင်းပိုင်းကတည်းက အခုအချိန်အထိ တရားဝင်ပြိုင်ပွဲတွေမှာ ကစားခွင့် မရရှိတော့တာပါ။ အာဆင်နယ် အသင်းဘက်ကတော့ အိုဇေးလ်ကို အသုံးမပြုတဲ့ အပေါ် ခိုင်မာတဲ့ အကြောင်းပြချက် ပေးတာမျိုးမရှိသေးပါဘူး။ အိုဇေးလ်တစ်ယောက်ကံကောင်းပါစေလို့ဆန္ဒပြုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရီးမီးယားလိဂ္ လူစာရင္းမွာ မပါဝင္ေတာ့တဲ့အတြက္ ပရိသတ္ေတြကို ရင္ဖြင့္စကားဆိုလာတဲ့ အိုေဇးလ္

ပရီးမီးယားလိဂ္ ေဘာလုံး အဖြဲ႕ခ်ဳပ္ထံ တင္သြင္းခဲ့တဲ့ အာဆင္နယ္ အသင္းရဲ႕ အၿပီးသတ္ လူစာရင္းမွာ ကြင္းလယ္လူ အိုေဇးလ္ တစ္ေယာက္ ပါဝင္ခြင့္မရခဲ့ပါဘူး။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြအံ့အားသင့္ရသလို၊ ကစားသမားကိုယ္တိုင္လည္း ခံစားထိခိုက္ေနရပါတယ္။ အိုေဇးလ္ကေတာ့ ရင္ထဲက ခံစားခ်က္ေတြကို လူမႈကြန္ရက္ေပၚမွာ ပရိသတ္ေတြအတြက္မွ်ေဝေရးသားလာခဲ့ပါတယ္။ အိုေဇးလ္ရဲ႕ စာလႊာကို ျပန္လည္မွ်ေဝလိုက္ပါတယ္။

“ကြၽန္ေတာ္ရဲ႕ အာဆင္နယ္ ပရိသတ္ေတြဆီ ကို ဒီစာ ေရးဖို႔ အတြက္ႀကိဳးစားရတာ အရမ္းခက္ခဲပါတယ္။ ဒီရာသီ အတြက္ ပရီးမီးယားလိဂ္လူစာရင္းထဲမွာ ကြၽန္ေတာ္ပါဝင္ခြင့္မရခဲ့တာနဲ႔ပတ္သက္လို႔ တကယ္စိတ္ပ်က္မိပါတယ္။ ၂၀၁၈ ခုႏွစ္မွာ စာခ်ဳပ္သစ္ ခ်ဳပ္လိုက္တဲ့ အခ်ိန္ ကတည္းက ကြၽန္ေတာ့္အေနနဲ႔ အသင္းေပၚ သစၥာရွိရွိ နဲ႔ ေပးဆပ္ ကစားသြားမယ္လို႔ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ထားခဲ့တာပါ။ ဒါေပမယ့္ကြၽန္ေတာ့္ဘက္ကသာ ေပးဆပ္ခဲ့တာပါ။ အသြားအျပန္မရွိခဲ့ပါဘူး။

အခုလို အခ်ိန္အခါမ်ိဳးမွာသစၥာတရား ကို ဆက္ၿပီး ဆုပ္ကိုင္ထားဖို႔က ေတာ္ေတာ္ေလး ခဲယဥ္းလာပါတယ္။ကြၽန္ေတာ့္အေနနဲ႔ အပတ္စဥ္တိုင္း အေကာင္းျမင္စိတ္ထားၿပီး ျဖတ္သန္းခဲ့ပါတယ္။ ဘယ္လိုခံစားခ်က္ထားခဲ့လဲဆိုရင္ အသင္းရဲ႕ ကစားသမားစာရင္းမွာ ငါျပန္လည္ ပါဝင္ႏိုင္ခြင့္က မၾကာခင္မွာလည္း ျပန္ရလာႏိုင္တာပဲ ဆိုတဲ့ စိတ္မ်ိဳးထားပါတယ္။ ဒါေၾကာင့္လည္းကြၽန္ေတာ့္ဘက္ကအခ်ိန္တစ္ခုထားၿပီး ႏႈတ္ဆိတ္ ေနေပးခဲ့တာ ၾကာပါၿပီ။

ကိုဗစ္ကပ္ေရာဂါ မျပင္းထန္ခင္ ကဆိုရင္ နည္းျပသစ္ မိုက္ကယ္ အာတီတာ ရဲ႕ လက္ေအာက္မွာ ကြၽန္ေတာ္အလုပ္လုပ္ရတာ တကယ္ေပ်ာ္ခဲ့ပါတယ္။ သူ႔ရဲ႕လက္ေအာက္မွာ တိုးတက္မႈေတြရွိတာကိုလည္း တကယ္ေက်နပ္အားရခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီေနာက္ပိုင္းမွာေတာ့ အေျခအေနေတြက ခ်က္ျခင္း ေျပာင္းလဲလာေတာ့တာပါပဲ။ ကြၽန္ေတာ့္အေနနဲ႔အာဆင္နယ္ အသင္းအတြက္ ေပးဆပ္ ကစားခြင့္က လုံး၀ မရခဲ့ေတာ့ပါဘူး။

ကြၽန္ေတာ့္အေနနဲ႔ ဘာမ်ားေျပာရ ဦးမလဲ။ လန္ဒန္ဟာ ကြၽန္ေတာ့္အိမ္ပါ။ အသင္းမွာလည္း မိတ္ေဆြေကာင္းေတြရွိေနပါတယ္။ ပရိသတ္ေတြနဲ႔လည္း ခိုင္မာတဲ့ဆက္ဆံေရးတစ္ခု တည္ေဆာက္ထားႏိုင္ဆဲလို႔ ခံစားမိပါတယ္။ ဘာေတြပဲ ျဖစ္ျဖစ္ပါ။ ကြၽန္ေတာ့္ဘက္ကေတာ့ဆက္ၿပီးေတာ့ တိုက္ပြဲ ဝင္သြားဦးမွာပါ။ အခုလိုပုံစံမ်ိဳး နဲ႔ေတာ့ကြၽန္ေတာ့္ရဲ႕အာဆင္နယ္ကစားသမားဘ၀ ၈ ရာသီေျမာက္ကို အဆုံးမသတ္ခ်င္ပါဘူး။ ၿပီးေတာ့ အသင္းရဲ႕ အဲဒီဆုံးျဖတ္ခ်က္ဟာ ကြၽန္ေတာ့္ စိတ္ကို ေျပာင္းလဲသြားေစမွာမဟုတ္ဘူးဆိုတာကိုလည္း အခိုင္အမာေျပာခ်င္ပါတယ္။

ေရွ႕ဆက္ၿပီး အေကာင္းဆုံး ျဖစ္ေအာင္ ေလ့က်င့္သြားမွာ ျဖစ္တဲ့အျပင္ ၊ ကြၽန္ေတာ့္အေနနဲ႔လူသားခ်င္း စာနာမႈ ဆိုင္ရာ နဲ႔ တရားမွ်တ မႈအတြက္ ေျပာဆိုမႈေတြကို ဆက္လက္ လုပ္ေဆာင္သြားဦးမွာပါ” လို႔ ေရးသားထားပါတယ္။အာဆင္နယ္အသင္းရဲ႕ လစာအမ်ားဆုံး ကစားသမားအိုေဇးလ္ဟာ မတ္လေႏွာင္းပိုင္းကတည္းက အခုအခ်ိန္အထိ တရားဝင္ၿပိဳင္ပြဲေတြမွာ ကစားခြင့္ မရရွိေတာ့တာပါ။ အာဆင္နယ္ အသင္းဘက္က​ေတာ့ အိုေဇးလ္ကို အသုံးမျပဳတဲ့ အေပၚ ခိုင္မာတဲ့ အေၾကာင္းျပခ်က္ ​ေပးတာမ်ိဳးမရွိ​ေသးပါဘူး။ အို​ေဇးလ္တစ္​ေယာက္ကံ​ေကာင္းပါ​ေစလို႔ဆႏၵျပဳပါတယ္။