ပါရာဂွေးနဲ့ပွဲမှာ ပြိုင်ဘက်ကို ပေါင်ကြားထဲကနေ ထည့်ကာ လှည့်စားလိုက်တဲ့ မက်ဆီ

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ယနေ့မနက်က ပါရာဂွေးကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ကိုပါအမေရိကဖလားပွဲမှာ ပြိုင်ဘက်ကို ပေါင်ကြားထဲကနေ ထည့်ကာ လှည့်စားသွားပါတယ်။
အာဂျင်တီးနားဟာ အဆိုပါနိုင်ပွဲကြောင့် အုပ်စုပွဲစဉ်ပြီးဆုံးဖို့ ၁ပွဲအလိုမှာပဲ နောက်တစ်ဆင့် တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ မက်ဆီဟာ ပရိသတ်တွေ သဘောကျစေတဲ့ဖြစ်ရပ်တစ်ခု ဖန်တီးခဲ့ပြီး ပြိုင်ဘက်နှစ်ဦးကို အကောင်းဆုံးလှည့်စားသွားပါတယ်။
ဘယ်တောင်ပံမှာ မက်ဆီ ဘောလုံးရလာစဉ် ပါရာဂွေးကွင်းလယ်လူ ကာဒိုဇိုက ဖျက်ထုတ်ဖို့ အားနဲ့မာန်နဲ့ပြေးလာပါတယ်။


ဒါပေမဲ့ မက်ဆီက ဘောလုံးတောင်ထိစရာမလိုဘဲ ကာဒိုဇိုကို သူ့အရှိန်နဲ့သူ လဲကျသွားစေဖို့ ယောင်ပြလိုက်ပြီး အဲဒီမှာ ပါရာဂွေးဘယ်နောက်ခံလူ အာဇာမန်ဒီယာ ပြေးဝင်လာပါတယ်။

မက်ဆီကလည်း အရှိန်နဲ့ပြေးဝင်လာတဲ့ အာဇာမန်ဒီယာရဲ့ပေါင်ကြားထဲ ဘောလုံးကို အသာလေးထည့်လိုက်ပြီး အေးဆေးကျော်ဖြတ်သွားပါတယ်။


ဒီလိုပုံစံမျိုးက ကြည့်ရင်သာ လွယ်တယ်လို့ထင်ရပေမယ့် မက်ဆီလိုပါရမီရှင်တွေပဲ လက်တွေ့ကျကျလုပ်ဆောင်နိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ်။
မက်ဆီဟာ အဲဒီပွဲမှာ ၁၄၇ပွဲမြောက်အဖြစ် ပါဝင်ကစားခဲ့တာဖြစ်ပြီး ကွင်းလယ်လူဟောင်း မာရှေယာနိုနဲ့အတူ အာဂျင်တီးနားရဲ့ပွဲထွက်အများဆုံးကစားသမားအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။


ပရိသတ်တွေကလည်း မက်ဆီက သူ့ရဲ့အမှတ်တံဆိပ်ထုတ်ပြမှုအပေါ် သဘောကျနေပြီး အသက် ၃၃ နှစ်အရွယ်ရှိ မက်ဆီရဲ့စွမ်းဆောင်ရည်ကို ချီးကျူးနေပါတယ်။
”မက်ဆီက တကယ်လုပ်ရခက်တာကို လွယ်လွယ်လေးပါလားလို့ထင်ရလောက်အောင် လုပ်ပြလိုက်ပါတယ်”


”ဒါကြီးက ပြစ်မှုမြောက်သင့်တယ်နော်”။ ”GOAT ကတော့ GOAT အလုပ် လုပ်တာပဲလေ”လို့ ပရိသတ်တွေက အသီးသီးချီးကျူးခဲ့ကြပါတယ်။

Zawgyi
ပါရာေဂြးနဲ႔ပြဲမွာ ၿပိဳင္ဘက္ကို ေပါင္ၾကားထဲကေန ထည့္ကာ လွည့္စားလိုက္တဲ့ မက္ဆီ
အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီဟာ ယေန႔မနက္က ပါရာေဂြးကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ကိုပါအေမရိကဖလားပြဲမွာ ၿပိဳင္ဘက္ကို ေပါင္ၾကားထဲကေန ထည့္ကာ လွည့္စားသြားပါတယ္။
အာဂ်င္တီးနားဟာ အဆိုပါႏိုင္ပြဲေၾကာင့္ အုပ္စုပြဲစဥ္ၿပီးဆုံးဖို႔ ၁ပြဲအလိုမွာပဲ ေနာက္တစ္ဆင့္ တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။
ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမွာ မက္ဆီဟာ ပရိသတ္ေတြ သေဘာက်ေစတဲ့ျဖစ္ရပ္တစ္ခု ဖန္တီးခဲ့ၿပီး ၿပိဳင္ဘက္ႏွစ္ဦးကို အေကာင္းဆုံးလွည့္စားသြားပါတယ္။

ဘယ္ေတာင္ပံမွာ မက္ဆီ ေဘာလုံးရလာစဥ္ ပါရာေဂြးကြင္းလယ္လူ ကာဒိုဇိုက ဖ်က္ထုတ္ဖို႔ အားနဲ႔မာန္နဲ႔ေျပးလာပါတယ္။
ဒါေပမဲ့ မက္ဆီက ေဘာလုံးေတာင္ထိစရာမလိုဘဲ ကာဒိုဇိုကို သူ႔အရွိန္နဲ႔သူ လဲက်သြားေစဖို႔ ေယာင္ျပလိုက္ၿပီး အဲဒီမွာ ပါရာေဂြးဘယ္ေနာက္ခံလူ အာဇာမန္ဒီယာ ေျပးဝင္လာပါတယ္။
မက္ဆီကလည္း အရွိန္နဲ႔ေျပးဝင္လာတဲ့ အာဇာမန္ဒီယာရဲ႕ေပါင္ၾကားထဲ ေဘာလုံးကို အသာေလးထည့္လိုက္ၿပီး ေအးေဆးေက်ာ္ျဖတ္သြားပါတယ္။
ဒီလိုပုံစံမ်ိဳးက ၾကည့္ရင္သာ လြယ္တယ္လို႔ထင္ရေပမယ့္ မက္ဆီလိုပါရမီရွင္ေတြပဲ လက္ေတြ႕က်က်လုပ္ေဆာင္ႏိုင္တဲ့ပုံစံမ်ိဳးျဖစ္ပါတယ္။
မက္ဆီဟာ အဲဒီပြဲမွာ ၁၄၇ပြဲေျမာက္အျဖစ္ ပါဝင္ကစားခဲ့တာျဖစ္ၿပီး ကြင္းလယ္လူေဟာင္း မာေရွယာႏိုနဲ႔အတူ အာဂ်င္တီးနားရဲ႕ပြဲထြက္အမ်ားဆုံးကစားသမားအျဖစ္ ပူးတြဲရပ္တည္ႏိုင္ခဲ့ပါတယ္။

ပရိသတ္ေတြကလည္း မက္ဆီက သူ႔ရဲ႕အမွတ္တံဆိပ္ထုတ္ျပမႈအေပၚ သေဘာက်ေနၿပီး အသက္ ၃၃ ႏွစ္အ႐ြယ္ရွိ မက္ဆီရဲ႕စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးေနပါတယ္။
”မက္ဆီက တကယ္လုပ္ရခက္တာကို လြယ္လြယ္ေလးပါလားလို႔ထင္ရေလာက္ေအာင္ လုပ္ျပလိုက္ပါတယ္”
”ဒါႀကီးက ျပစ္မႈေျမာက္သင့္တယ္ေနာ္”။ ”GOAT ကေတာ့ GOAT အလုပ္ လုပ္တာပဲေလ”လို႔ ပရိသတ္ေတြက အသီးသီးခ်ီးက်ဴးခဲ့ၾကပါတယ္။