
အန်ဂိုလိုကန်တီဟာမနေ့ညတုန်းကအသင်းဟောင်းလက်စတာအား၃-ဝဂိုးဖြင့်
အနိုင်ရရှိတဲ့ပွဲစဉ်မှာသူ့ကစားသမားဘဝတစ်လျှောက်အလှပဆုံးအကောင်းဆုံးဂိုးလို့
ပြောလို့ရနိုင်တဲ့ဂိုးတစ်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။
လက်စတာနှင့်ပွဲတွင်ရူဒီဂါကထောင့်ကန်ဘောကနေ ခေါင်းတိုက်ကာ
ချဲလ်ဆီးအတွက်ဦးဆောင်ဂိုးသွင်းပြီးနောက်ပွဲချိန်၂၈မိနစ်မှာကန်တီက
ချဲလ်ဆီးရဲ့ဒုတိယဂိုးကိုသွင်းယူခဲ့တာဖြစ်ပါတယ်။ပြင်သစ်ကွင်းလယ်
ကစားသမားဟာလက်စတာကွင်းဘက်ခြမ်းတစ်ဝက်လောက်မှာ
ဘောလုံးရရှိပြီးနောက်လက်စတာဂိုးပေါက်ဆီသို့ဆွဲပြေးပြီး
ဘယ်ခြေဖြင့်ဝေ့ဝိုက်ကန်သွင်းမှုပြုလုပ်ခဲ့ပါတယ်။
အန်ဂိုလိုကန်တီရဲ့လှပဂိုးကြောင့်ချဲလ်ဆီးကစားသမားများနှင့်
နည်းပြ သောမတ်စ်တူချယ်တို့အကြီးအကျယ်အံ့ဩသင့်ခဲ့ကြရပါတယ်။
ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာအန်ဂိုလိုကန်တီရဲ့ဂိုးအပေါ်
အကြီးအကျယ်အံ့ဩနေတဲ့မျက်နှာဖြင့်တုံ့ပြန်မှုပြုလုပ်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာဒုတိယပိုင်းမှာလူစားဝင်လာတဲ့
ပူလီဆစ်ကချဲလ်ဆီးအတွက်တတိယဂိုးကိုသွင်းယူခဲ့ပါတယ်။
အန်ဂိုလိုကန်တီဟာလက်စတာနှင့်ပွဲစဉ်မှခြေစွမ်းကြောင့်ပွဲစဉ်အလိုက်
အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။
zawgyi
ပါးစပ္အေဟာင္းသားျဖစ္ခဲ့ရတဲ့ တူခ်ယ္နဲ႔ အျမင့္ပ်ံ ကန္တီ
အန္ဂိုလိုကန္တီဟာမေန႔ညတုန္းကအသင္းေဟာင္းလက္စတာအား၃-ဝဂိုးျဖင့္
အႏိုင္ရရွိတဲ့ပြဲစဥ္မွာသူ႔ကစားသမားဘဝတစ္ေလွ်ာက္အလွပဆုံးအေကာင္းဆုံးဂိုးလို႔
ေျပာလို႔ရႏိုင္တဲ့ဂိုးတစ္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။
လက္စတာႏွင့္ပြဲတြင္႐ူဒီဂါကေထာင့္ကန္ေဘာကေန ေခါင္းတိုက္ကာ
ခ်ဲလ္ဆီးအတြက္ဦးေဆာင္ဂိုးသြင္းၿပီးေနာက္ပြဲခ်ိန္၂၈မိနစ္မွာကန္တီက
ခ်ဲလ္ဆီးရဲ႕ဒုတိယဂိုးကိုသြင္းယူခဲ့တာျဖစ္ပါတယ္။ျပင္သစ္ကြင္းလယ္
ကစားသမားဟာလက္စတာကြင္းဘက္ျခမ္းတစ္ဝက္ေလာက္မွာ
ေဘာလုံးရရွိၿပီးေနာက္လက္စတာဂိုးေပါက္ဆီသို႔ဆြဲေျပးၿပီး
ဘယ္ေျချဖင့္ေဝ့ဝိုက္ကန္သြင္းမႈျပဳလုပ္ခဲ့ပါတယ္။
အန္ဂိုလိုကန္တီရဲ႕လွပဂိုးေၾကာင့္ခ်ဲလ္ဆီးကစားသမားမ်ားႏွင့္
နည္းျပ ေသာမတ္စ္တူခ်ယ္တို႔အႀကီးအက်ယ္အံ့ဩသင့္ခဲ့ၾကရပါတယ္။
ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာအန္ဂိုလိုကန္တီရဲ႕ဂိုးအေပၚ
အႀကီးအက်ယ္အံ့ဩေနတဲ့မ်က္ႏွာျဖင့္တုံ႔ျပန္မႈျပဳလုပ္ခဲ့ပါတယ္။
အဆိုပါပြဲစဥ္မွာဒုတိယပိုင္းမွာလူစားဝင္လာတဲ့
ပူလီဆစ္ကခ်ဲလ္ဆီးအတြက္တတိယဂိုးကိုသြင္းယူခဲ့ပါတယ္။
အန္ဂိုလိုကန္တီဟာလက္စတာႏွင့္ပြဲစဥ္မွေျခစြမ္းေၾကာင့္ပြဲစဥ္အလိုက္
အေကာင္းဆုံးကစားသမားဆုကိုရရွိခဲ့ပါတယ္။