
ဂရီမီယိုပရိသတ်များဟာကွင်းအတွင်းသို့အစုလိုက်အပြုံလိုက်ဝင်ရောက်ကာ VAR ကို
ဖျက်ဆီးမှုပြုလုပ်ခဲ့ကာဘရာဇီးအဆင့်မြင့်တန်းလိဂ်မှာ ရုပ်ဆိုးအကျည်းတန်တဲ့
ဖြစ်ရပ်ဖြစ်ပျက်ခဲ့ပါတယ်။ ဂရီမီယိုဟာပါးမီးရပ်စ်ကို၁-ဝဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း
အိမ်ကွင်းမှာ၃-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ပါးမီးရပ်စ်ဟာပထမပိုင်းမှာ ရာဖေးလ်ဗယ်ဂါရဲ့
ပင်နယ်တီနှစ်ဂိုး၊လိုပက်စ်ရဲ့နာကျင်အချိန်ပိုဂိုးတို့ဖြင့်အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်စတားဟောင်းများဖြစ်ကြတဲ့ဒေါက်ကလပ်ကော့စတာနှင့်
ရာဖင်ဟာတို့ကစားနေတဲ့ဂရီမီယိုဟာဘရာဇီးစီးရီးအေမှာအဆင့်၁၉နေရာမှာ
ရပ်တည်နေပြီးပွဲ၁၁ပွဲဘဲကစားဖို့ကျန်တော့ရာဒုတိယတန်းသို့တန်းဆင်းရမယ့်ကိန်းဆိုက်နေပါတယ်။
ပါးမီးရပ်စ်နှင့်ပွဲအပြီးမှာဒေါသထွက်နေကြတဲ့ပရိသတ်များဟာကွင်းအတွင်းသို့
ဝင်ရောက်လာခဲ့ကြပြီးနောက် VAR ကိုဖျက်ဆီးခဲ့ကြပါတယ်။
ဂရီမီယိုပရိသတ်များဟာလုံခြုံရေးများနှင့်လည်းပစ္စည်းများဖြင့်ပစ်ပေါက်ခြင်း၊
ရိုက်ခြင်း၊ထိုးခြင်းတို့ပြုလုပ်ခဲ့ကြပြီးရုပ်ဆိုးအကျည်းတန်ခဲ့ပါတယ်။
ကစားသမားများဟာဥမင်လှိုဏ်ခေါင်းကနေယင်းအဖြစ်အပျက်ဆိုးကိုကြည့်နေခဲ့ကြပါတယ်။
ဂရီမီယိုဟာတန်းဆင်းဇုန်ဒုတိယနေရာမှာရပ်တည်နေပြီးတန်းဆင်းဇုန်အပြင်မှ
အသင်းနှင့်ရမှတ်၇မှတ်ကွာဟနေပါတယ်။ဇူလိုင်လတုန်းကဘရာဇီးနည်းပြဟောင်း
လူးဝစ်စကိုလာရီ စတုတ္ထအကြိမ်မြောက်အဖြစ်အသင်းကိုပြန်လည်ကိုင်တွယ်ခဲ့သော်လည်း
အောက်တိုဘာလတုန်းကရလဒ်ဆိုးရွားမှုကြောင့်စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။
ဂရီမီယိုဟာလာမယ့်ကြာသပတေးနေ့မှာအမှတ်ပေးဇယားကိုဦးဆောင်နေတဲ့
အက်သလက်တီကိုမီနိုင်းရိုးနှင့်ရင်ဆိုင်ရမှာဖြစ်ပြီးစနေနေ့မှာခါးသီးတဲ့ပြိုင်ဘက်
အင်တာနေစီယွန်နယ်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါဦးမယ်။
zawgyi
ပါးမီးရပ္စ္ႏွင့္ပြဲအၿပီးမွာေဒါသထြက္ေနၾကတဲ့ပရိသတ္မ်ားဟာကြင္းအတြင္းသို႔ဝင္ေရာက္လာခဲ့ၾကၿပီးေနာက္ VAR ကိုဖ်က္ဆီးခဲ့ၾက
ဂရီမီယိုပရိသတ္မ်ားဟာကြင္းအတြင္းသို႔အစုလိုက္အၿပဳံလိုက္ဝင္ေရာက္ကာ VAR ကို
ဖ်က္ဆီးမႈျပဳလုပ္ခဲ့ကာဘရာဇီးအဆင့္ျမင့္တန္းလိဂ္မွာ ႐ုပ္ဆိုးအက်ည္းတန္တဲ့
ျဖစ္ရပ္ျဖစ္ပ်က္ခဲ့ပါတယ္။ ဂရီမီယိုဟာပါးမီးရပ္စ္ကို၁-ဝဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း
အိမ္ကြင္းမွာ၃-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။ပါးမီးရပ္စ္ဟာပထမပိုင္းမွာ ရာေဖးလ္ဗယ္ဂါရဲ႕
ပင္နယ္တီႏွစ္ဂိုး၊လိုပက္စ္ရဲ႕နာက်င္အခ်ိန္ပိုဂိုးတို႔ျဖင့္အႏိုင္ရသြားခဲ့တာျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္စတားေဟာင္းမ်ားျဖစ္ၾကတဲ့ေဒါက္ကလပ္ေကာ့စတာႏွင့္
ရာဖင္ဟာတို႔ကစားေနတဲ့ဂရီမီယိုဟာဘရာဇီးစီးရီးေအမွာအဆင့္၁၉ေနရာမွာ
ရပ္တည္ေနၿပီးပြဲ၁၁ပြဲဘဲကစားဖို႔က်န္ေတာ့ရာဒုတိယတန္းသို႔တန္းဆင္းရမယ့္ကိန္းဆိုက္ေနပါတယ္။
ပါးမီးရပ္စ္ႏွင့္ပြဲအၿပီးမွာေဒါသထြက္ေနၾကတဲ့ပရိသတ္မ်ားဟာကြင္းအတြင္းသို႔
ဝင္ေရာက္လာခဲ့ၾကၿပီးေနာက္ VAR ကိုဖ်က္ဆီးခဲ့ၾကပါတယ္။
ဂရီမီယိုပရိသတ္မ်ားဟာလုံၿခဳံေရးမ်ားႏွင့္လည္းပစၥည္းမ်ားျဖင့္ပစ္ေပါက္ျခင္း၊
႐ိုက္ျခင္း၊ထိုးျခင္းတို႔ျပဳလုပ္ခဲ့ၾကၿပီး႐ုပ္ဆိုးအက်ည္းတန္ခဲ့ပါတယ္။
ကစားသမားမ်ားဟာဥမင္လႈိဏ္ေခါင္းကေနယင္းအျဖစ္အပ်က္ဆိုးကိုၾကည့္ေနခဲ့ၾကပါတယ္။
ဂရီမီယိုဟာတန္းဆင္းဇုန္ဒုတိယေနရာမွာရပ္တည္ေနၿပီးတန္းဆင္းဇုန္အျပင္မွ
အသင္းႏွင့္ရမွတ္၇မွတ္ကြာဟေနပါတယ္။ဇူလိုင္လတုန္းကဘရာဇီးနည္းျပေဟာင္း
လူးဝစ္စကိုလာရီ စတုတၳအႀကိမ္ေျမာက္အျဖစ္အသင္းကိုျပန္လည္ကိုင္တြယ္ခဲ့ေသာ္လည္း
ေအာက္တိုဘာလတုန္းကရလဒ္ဆိုး႐ြားမႈေၾကာင့္စာခ်ဳပ္ဖ်က္သိမ္းခဲ့ပါတယ္။
ဂရီမီယိုဟာလာမယ့္ၾကာသပေတးေန႔မွာအမွတ္ေပးဇယားကိုဦးေဆာင္ေနတဲ့
အက္သလက္တီကိုမီႏိုင္း႐ိုးႏွင့္ရင္ဆိုင္ရမွာျဖစ္ၿပီးစေနေန႔မွာခါးသီးတဲ့ၿပိဳင္ဘက္
အင္တာေနစီယြန္နယ္ကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရပါဦးမယ္။