ပိုချက်တီနို စိတ်ဝင်စားနေတဲ့ ပေါ့ဂ်ဘာအတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်တဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သတင်းတွေအရ ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ပေ့ါဂ်ဘာအတွက်ပေါင် ၇၅ သန်းတန်ကြေးတောင်းဆိုဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ်သားကို ဂျူဗင်တပ်စ် နဲ့ ရီးရဲလ်တို့က ခေါ်ယူဖို့စိတ်ဝင်စားနေပြီး လက်ရှိအချိန်မှာ ပီအက်စ်ဂျီကလည်း အဆိုပါပြိုင်ပွဲထဲ ဝင်ရောက်လာပါတယ်။

ပီအက်စ်ဂျီနည်းပြသစ် ပိုချက်တီနိုဟာ ကွင်းလယ်နရာအတွက် ပြင်သစ်သားကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အခုရာသီအစောပိုင်းတုန်းက ပြင်သစ်သားကို အလွတ်နဲ့လက်လွှတ်ရမှာစိုးရိမ်တာကြောင့် စာချုပ်သက်တမ်းတိုးထားခဲ့ပါတယ်။

ဒါပေမဲ့ အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာရဲ့စကားတွေကြောင့် ပေါ့ဂ်ဘာတစ်ယောက် ယူနိုက်တက်မှာ အနာဂတ်ဆက်ရှိဖို့ မသေချာတော့တာဖြစ်ပါတယ်။ ရွိုင်းအိုလာက ဒီဇင်ဘာလတုန်းက ပေါ့ဂ်ဘာရဲ့ဒီရာသီဟာ ယူနိုက်တက်အတွက် နောက်ဆုံးဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

“ပေါ့ဂ်ဘာက ယူနိုက်တက်မှာ မပျော်မရွှင်ဖြစ်နေပါတယ်။ သူအသင်းပြောင်းဖို့ လိုအပ်ပါတယ်။ သူ့ရဲ့နောက်ခံအနေအထားကိုပြောင်းလဲဖို့ လိုအပ်ပါပြီ။ စာချုပ်သက်တမ်းက လာမယ့် ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးမှာပါ။ ဒါပေမဲ့ အကောင်းဆုံးအဖြေက လာမယ့်အပြောင်းအရွှေ့မှာ အသင်းပြောင်းတာပါ”လို့ ရွိုင်းအိုလာက ပြောကြားခဲ့ပါတယ်။

Mirror သတင်းဌာနကတော့ ယူနိုက်တက်ဟာ ပေါ့ဂ်ဘာအတွက် ပေါင် ၇၅ သန်းလောက်တောင်းဆိုဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါတန်ကြေးဟာ ၂၀၁၆ ယူနိုက်တက်ပေါ့ဂ်ဘာကို ပေါင် ၈၉ သန်းနဲ့ ခေါ်ယူတုန်းကထက် ပေါင် ၁၄ သန်းလျော့နည်းနေတာဖြစ်ပါတယ်။

ပိုချက်တီနိုကတော့ ကွင်းလယ်မှာ ပေါ့ဂ်ဘာကိုအခြေတည်ပြီး သူ့ရဲ့ပီအက်စ်ဂျီအသင်းကို တည်ဆောက်ဖို့ အလိုရှိနေကာ နေမာ ၊ မက်ပီတို့နဲ့အတူ အောင်မြင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဒါ့အပြင် တော့တင်ဟမ်နည်းပြဟောင်းက ပေါ့ဂ်ဘာတိုက်ပွဲမှာ ရီးရဲလ် နဲ့ ဂျူဗင်တပ်စ်တို့ကို အလဲထိုးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပိုခ်က္တီႏို စိတ္၀င္စားေနတဲ့ ေပါ့ဂ္ဘာအတြက္ ေျပာင္းေရႊ႕ေၾကး သတ္မွတ္လိုက္တဲ့ ယူနိုက္တက္

သတင္းေတြအရ ယူႏိုက္တက္အသင္းဟာ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕မွာ ေပ့ါဂ္ဘာအတြက္ေပါင္ ၇၅ သန္းတန္ေၾကးေတာင္းဆိုဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ အသက္ ၂၇ ႏွစ္သားကို ဂ်ဴဗင္တပ္စ္ နဲ႔ ရီးရဲလ္တို႔က ေခၚယူဖို႔စိတ္၀င္စားေနျပီး လက္ရွိအခ်ိန္မွာ ပီအက္စ္ဂ်ီကလည္း အဆိုပါျပိဳင္ပြဲထဲ ၀င္ေရာက္လာပါတယ္။ ပီအက္စ္ဂ်ီနည္းျပသစ္ ပိုခ်က္တီႏိုဟာ ကြင္းလယ္နရာအတြက္ ျပင္သစ္သားကို ေခၚယူဖို႔ စိတ္၀င္စားလာခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ အခုရာသီအေစာပိုင္းတုန္းက ျပင္သစ္သားကို အလြတ္နဲ႔လက္လႊတ္ရမွာစိုးရိမ္တာေၾကာင့္ စာခ်ဳပ္သက္တမ္းတိုးထားခဲ့ပါတယ္။

ဒါေပမဲ့ ေအးဂ်င့္ျဖစ္သူ ရြိဳင္းအိုလာရဲ႕စကားေတြေၾကာင့္ ေပါ့ဂ္ဘာတစ္ေယာက္ ယူႏိုက္တက္မွာ အနာဂတ္ဆက္ရွိဖို႔ မေသခ်ာေတာ့တာျဖစ္ပါတယ္။ ရိြဳင္းအိုလာက ဒီဇင္ဘာလတုန္းက ေပါ့ဂ္ဘာရဲ႕ဒီရာသီဟာ ယူႏုိက္တက္အတြက္ ေနာက္ဆံုးျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။ “ေပါ့ဂ္ဘာက ယူႏိုက္တက္မွာ မေပ်ာ္မရႊင္ျဖစ္ေနပါတယ္။ သူအသင္းေျပာင္းဖို႔ လိုအပ္ပါတယ္။ သူ႕ရဲ႕ေနာက္ခံအေနအထားကိုေျပာင္းလဲဖို႔ လိုအပ္ပါျပီ။ စာခ်ဳပ္သက္တမ္းက လာမယ့္ ၂၀၂၂ ခုႏွစ္မွာ ကုန္ဆံုးမွာပါ။ ဒါေပမဲ့ အေကာင္းဆံုးအေျဖက လာမယ့္အေျပာင္းအေရႊ႕မွာ အသင္းေျပာင္းတာပါ”လို႔ ရြိဳင္းအိုလာက ေျပာၾကားခဲ့ပါတယ္။

Mirror သတင္းဌာနကေတာ့ ယူႏုိက္တက္ဟာ ေပါ့ဂ္ဘာအတြက္ ေပါင္ ၇၅ သန္းေလာက္ေတာင္းဆိုဖြယ္ရွိေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ အဆိုပါတန္ေၾကးဟာ ၂၀၁၆ ယူႏိုက္တက္ေပါ့ဂ္ဘာကိုု ေပါင္ ၈၉ သန္းနဲ႔ ေခၚယူတုန္းကထက္ ေပါင္ ၁၄ သန္းေလ်ာ့နည္းေနတာျဖစ္ပါတယ္။ ပိုခ်က္တီႏိုကေတာ့ ကြင္းလယ္မွာ ေပါ့ဂ္ဘာကုိအေျခတည္ျပီး သူ႕ရဲ႕ပီအက္စ္ဂ်ီအသင္းကို တည္ေဆာက္ဖုိ႔ အလိုရွိေနကာ ေနမာ ၊ မက္ပီတို႔နဲ႔အတူ ေအာင္ျမင္ႏိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။ ဒါ့အျပင္ ေတာ့တင္ဟမ္နည္းျပေဟာင္းက ေပါ့ဂ္ဘာတိုက္ပြဲမွာ ရီးရဲလ္ နဲ႔ ဂ်ဴဗင္တပ္စ္တို႔ကို အလဲထိုးႏုိင္လိမ့္မယ္လို႔ ယံုၾကည္ေနပါတယ္။