ပိုချက်တီနို ဘယ်သူတွေကို အဓိက ခေါ်ယူချင်သလဲ….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကျောက်တူးသမားတွေအတွက်ကတော့ ဒီကျင်းမရရင်၊ ဟိုကျင်း ဟိုကျင်းမရရင် ဒီကျင်းပါ။ နည်းပြတွေအတွက်ကတော့ ဒီအသင်းမရရင် ဟိုအသင်း၊ ဟိုအသင်းမရရင် ဒီအသင်းပါ။ အခုတော့ အသင်းအတော်များများနဲ့ အသံထွက်ခဲ့တဲ့ ပိုချက်တီနိုတစ်ယောက် အထိုင်ကျ ဂဏန်းငြိမ်သွားပါပြီ။

PSG အသင်းဟာ စပါး အသင်းနည်းပြဟောင်း ပိုချက်တီနို ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။PSG အသင်းဟာ ပိုချက်တီနို ကို (၂၀၂၂) ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ရှိတယ်လို့ သိရပါတယ်။

နည်းပြရာထူးရပြီဆိုတော့ ပိုချက်တီနိုတစ်ယောက် အသင်းသား အရွှေ့အပြောင်းခေါ်ယူရောင်းချရေးကိစ္စတွေ လုပ်ပါတော့မယ်။ အာဂျင်တီးနား လူမျိုး နည်းပြ ပိုချက်တီနို ကသူ ခေါ်ယူမယ့် ကစားသမားတွေကို စာရင်း ပြုစုထားကြောင်း ကြားသိရပါတယ်။ ကစားသမားအတော်များများကို ပစ်မှတ်ထားထားတာကြောင့် တချို့ကစားသမားတွေ အကြောင်းကိုပဲဖော်ပြပေးပါမယ်။

သတင်းတွေ အရ ပိုချက်တီနိုဟာ စပါးအသင်းမှာ သူနဲ့အတူ လက်တွဲခဲ့ဖူးတဲ့ကစားသမားတွေကို အဓိက ခေါ်ချင်ပါတယ်။ လိုရစ်ကနည်းပြမော်ရင်ဟိုရဲ့လက်အောက်မှာ ကစားနေရပေမယ့် ဆရာဟောင်းဖြစ်သူက PSG ကိုလာဖို့ ကမ်းလှမ်းလာရင်အသင်းပြောင်းဖွယ်ရှိနေပါတယ်။

ဒါ့အပြင် အင်္ဂလန် ကွင်းလယ်ကစားသမားအလီနဲ့ ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင် မက်ဆီတို့ကိုလည်း ထိပ်တန်း ပစ်မှတ်တွေ အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

တစ်ချိန်က စပါးအသင်းနဲ့ အင်္ဂလန် အသင်းတို့ရဲ့ အဓိက ကွင်းလယ်ကစားသမား ဖြစ်ခဲ့ဖူးသူ အလီဟာ ပိုချက်တီနိုရဲ့ နေရာပေးမှုကြောင့် ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်လာသူပါ။ လက်ရှိ အချိန်မှာတော့ စပါးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟိုနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတာကြောင့် အသင်းကနေ ထွက်ခွာခွင့် ရရှိထားသူဖြစ်ပါတယ်။

ပိုချက်တီနိုရဲ့ နောက်ထပ် ပစ်မှတ်တစ်ဦး ဖြစ်တဲ့ မက်ဆီကတော့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့် ကစားသမား တစ်ဦးပါ။ ပိုချက်တီနိုနဲ့ မက်ဆီဟာ အာဂျင်တီးနား နိုင်ငံသားတွေ ဖြစ်နေတာကြောင့် ပိုချက်တီနိုဟာ မက်ဆီကို ခေါ်ယူနိုင်ဖို့ ယုံကြည်မှု ရှိနေတာ ဖြစ်ပါတယ်။ ခေါ်ယူနိုင်ဖို့အတွက် နောက်ထပ်အားသာချက်ကတော့ တိုက်စစ်မှူး နေမာကြောင့်ပါ။ နေမာကသူ့အနေနဲ့ မက်ဆီနဲ့အတူ နောက်တစ်ကြိမ်တွဲကစားချင်တယ်လို့ ပြောဆိုထားလို့ ဖြစ်ပါတယ်။

PSG ရဲ့ နည်းပြသစ် ပိုချက်တီနို အနေနဲ့ ဥရောပမှာ အသင်းသစ်ကို အောင်လံလွှင့်ထူနိုင်ဖို့ ကြိုးပမ်းရမှာဖြစ်သလို ပြည်တွင်းအောင်မြင်မှုတွေကိုလည်း ရယူသွားရမှာ ဖြစ်ပါတယ်။အသင်းသစ်မှာ နာမည်ရဖို့၊ စပါးတုန်းကလို အထုတ်မခံရဖို့ အတွက် နေမာ၊ အမ်ဘာပေတို့လို ကမ္ဘာကျော်တွေကို ပိုချက်တီနို တစ်ယောက် ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပိုခ်က္တီႏို ဘယ္သူေတြကို အဓိက ေခၚယူခ်င္သလဲ….

ေက်ာက္တူးသမားေတြအတြက္ကေတာ့ ဒီက်င္းမရရင္၊ ဟိုက်င္း ဟိုက်င္းမရရင္ ဒီက်င္းပါ။ နည္းျပေတြအတြက္ကေတာ့ ဒီအသင္းမရရင္ ဟိုအသင္း၊ ဟိုအသင္းမရရင္ ဒီအသင္းပါ။ အခုေတာ့ အသင္းအေတာ္မ်ားမ်ားနဲ႔ အသံထြက္ခဲ့တဲ့ ပိုခ်က္တီႏိုတစ္ေယာက္ အထိုင္က် ဂဏန္းၿငိမ္သြားပါၿပီ။ PSG အသင္းဟာ စပါး အသင္းနည္းျပေဟာင္း ပိုခ်က္တီႏို ကို နည္းျပသစ္အျဖစ္ ခန႔္အပ္လိုက္ၿပီျဖစ္ပါတယ္။PSG အသင္းဟာ ပိုခ်က္တီႏို ကို (၂၀၂၂) ဇြန္လအထိ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး ေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုးခြင့္ရွိတယ္လို႔ သိရပါတယ္။

နည္းျပရာထူးရၿပီဆိုေတာ့ ပိုခ်က္တီႏိုတစ္ေယာက္ အသင္းသား အေ႐ႊ႕အေျပာင္းေခၚယူေရာင္းခ်ေရးကိစၥေတြ လုပ္ပါေတာ့မယ္။ အာဂ်င္တီးနား လူမ်ိဳး နည္းျပ ပိုခ်က္တီႏို ကသူ ေခၚယူမယ့္ ကစားသမားေတြကို စာရင္း ျပဳစုထားေၾကာင္း ၾကားသိရပါတယ္။ ကစားသမားအေတာ္မ်ားမ်ားကို ပစ္မွတ္ထားထားတာေၾကာင့္ တခ်ိဳ႕ကစားသမားေတြ အေၾကာင္းကိုပဲေဖာ္ျပေပးပါမယ္။ သတင္းေတြ အရ ပိုခ်က္တီႏိုဟာ စပါးအသင္းမွာ သူနဲ႔အတူ လက္တြဲခဲ့ဖူးတဲ့ကစားသမားေတြကို အဓိက ေခၚခ်င္ပါတယ္။ လိုရစ္ကနည္းျပေမာ္ရင္ဟိုရဲ႕လက္ေအာက္မွာ ကစားေနရေပမယ့္ ဆရာေဟာင္းျဖစ္သူက PSG ကိုလာဖို႔ ကမ္းလွမ္းလာရင္အသင္းေျပာင္းဖြယ္ရွိေနပါတယ္။ဒါ့အျပင္ အဂၤလန္ ကြင္းလယ္ကစားသမားအလီနဲ႔ ဘာစီလိုနာ အသင္းရဲ႕ အသင္းေခါင္းေဆာင္ မက္ဆီတို႔ကိုလည္း ထိပ္တန္း ပစ္မွတ္ေတြ အျဖစ္ သတ္မွတ္ထားေၾကာင္း သိရပါတယ္။

တစ္ခ်ိန္က စပါးအသင္းနဲ႔ အဂၤလန္ အသင္းတို႔ရဲ႕ အဓိက ကြင္းလယ္ကစားသမား ျဖစ္ခဲ့ဖူးသူ အလီဟာ ပိုခ်က္တီႏိုရဲ႕ ေနရာေပးမႈေၾကာင့္ ထိပ္တန္း ကစားသမား တစ္ဦး ျဖစ္လာသူပါ။ လက္ရွိ အခ်ိန္မွာေတာ့ စပါးအသင္းရဲ႕ နည္းျပျဖစ္သူ ေမာ္ရင္ဟိုနဲ႔ ဆက္ဆံေရး အဆင္မေျပ ျဖစ္ေနတာေၾကာင့္ အသင္းကေန ထြက္ခြာခြင့္ ရရွိထားသူျဖစ္ပါတယ္။ ပိုခ်က္တီႏိုရဲ႕ ေနာက္ထပ္ ပစ္မွတ္တစ္ဦး ျဖစ္တဲ့ မက္ဆီကေတာ့ ယခုႏွစ္ ေဘာလုံးရာသီ အကုန္မွာ ဘာစီလိုနာ အသင္းကေန အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာႏိုင္မယ့္ ကစားသမား တစ္ဦးပါ။ ပိုခ်က္တီႏိုနဲ႔ မက္ဆီဟာ အာဂ်င္တီးနား ႏိုင္ငံသားေတြ ျဖစ္ေနတာေၾကာင့္ ပိုခ်က္တီႏိုဟာ မက္ဆီကို ေခၚယူႏိုင္ဖို႔ ယုံၾကည္မႈ ရွိေနတာ ျဖစ္ပါတယ္။​​ေခၚယူႏိုင္ဖို႔အတြက္ ေနာက္ထပ္အားသာခ်က္က​ေတာ့ တိုက္စစ္မႉး ေနမာ​ေၾကာင့္ပါ။ ​ေနမာကသူ႔အ​ေနနဲ႔ မက္ဆီနဲ႔အတူ ေနာက္တစ္ႀကိမ္တြဲကစားခ်င္တယ္လို႔ ​ေျပာဆိုထားလို႔ ျဖစ္ပါတယ္။

PSG ရဲ႕ နည္းျပသစ္ ပိုခ်က္တီႏို အေနနဲ႔ ဥေရာပမွာ အသင္းသစ္ကို ေအာင္လံလႊင့္ထူႏိုင္ဖို႔ ႀကိဳးပမ္းရမွာျဖစ္သလို ျပည္တြင္းေအာင္ျမင္မႈေတြကိုလည္း ရယူသြားရမွာ ျဖစ္ပါတယ္။အသင္းသစ္မွာ နာမည္ရဖို႔၊ စပါးတုန္းကလို အထုတ္မခံရဖို႔ အတြက္ ေနမာ၊ အမ္ဘာေပတို႔လို ကမာၻေက်ာ္ေတြကို ပိုခ်က္တီႏို တစ္​ေယာက္ ဘယ္လိုကိုင္တြယ္သြားမလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။