ပီရူးနဲ့ ပွဲစဉ်မှာ ဂိုးသွင်းပြီးနောက် ပီလီရဲ့ (၇၇) ဂိုး စံချိန်ကို မှီပြီး ရိုက်ချိုးဖို့ နီးစပ်လာတဲ့ နေမာ

ဘရာဇီး တိုက်စစ်မှူး နေမာဟာ ပီရူးအသင်းကို ပေးဂိုး တစ်ဂိုးမှ ခွင့်မပြုဘဲ (၄) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ကိုပါ အမေရိက အုပ်စုပွဲစဉ်မှာ သွင်းဂိုး (၁) ဂိုး သွင်းယူပြီးနောက် ကိုပါ အမေရိက အုပ်စု ပွဲစဉ် (၂) ပွဲဆက် ဂိုးသွင်းခဲ့ပြီ ဖြစ်ပါတယ်။

ဘရာဇီး တိုက်စစ်မှူး နေမာဟာ ဗင်နီစွဲလားအသင်းကို (၃) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ကိုပါ အမေရိက အုပ်စု ပွဲစဉ် (၁) မှာလည်း ပင်နယ်တီကနေ တစ်ဆင့် ဂိုးသွင်းခဲ့တာ ဖြစ်ပြီး ကိုပါ အမေရိက ပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။

တိုက်စစ်မှူး နေမာဟာ ပီရူးအသင်းနဲ့ ပွဲစဉ်မှာ (၁) ဂိုး သွင်းယူခဲ့တာကြောင့် လက်ရွေးစင် သွင်းဂိုး (၆၈) ဂိုးအထိ ရှိသွားပြီ ဖြစ်ပြီး သွင်းဂိုး (၇၇) ဂိုးနဲ့ ဘရာဇီး လက်ရွေးစင် သွင်းဂိုး အများဆုံး ပီလီကို မှီဖို့ (၉) ဂိုးသာ လိုတော့တာ ဖြစ်ပါတယ်။

တကယ်လို့ တိုက်စစ်မှူး နေမာကသာ လက်ရွေးစင် သွင်းဂိုး နောက်ထပ် (၁၀) ဂိုးကို ထပ်သွားမယ် ဆိုရင် ပီလီရဲ့ (၇၇) ဂိုး စံချိန်ကို ရိုက်ချိုးပြီး လက်ရွေးစင် သွင်းဂိုး အများဆုံး ဘရာဇီး ကစားသမားသစ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

နည်းပြ တီတီရဲ့ ဘရာဇီးအသင်းဟာ ကိုပါအမေရိက အုပ်စု (အေ) မှာ ကိုလံဘီယာအသင်း၊ ဗင်နီစွဲလားအသင်း၊ အီကွေဒါအသင်း၊ ပီရူးအသင်းတို့နဲ့ ကျရောက်နေပြီး အုပ်စု ပွဲစဉ် (၂) ပွဲမှာ (၂) ပွဲစလုံးကို ဂိုးပြတ် အနိုင် ရရှိထားပါတယ်။

ဘရာဇီးအသင်းဟာ ပီရူးအသင်းကို အနိုင်ရရှိပြီးတဲ့နောက် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၉) ပွဲဆက်တိုက် အနိုင် ရရှိခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၉) ပွဲမှာလည်း ပွဲစဉ် (၆) ပွဲအထိကို ပေးဂိုးမရှိဘဲ Clean Sheet ရယူထားနိုင်ခဲ့ပါတယ်။

တိုက်စစ်မှူး နေမာဟာ ဒုတိယပိုင်း ပွဲချိန် (၆၈) မိနစ်မှာ အသင်းဖော် ကွင်းလယ်လူ ဖရက်စ်ရဲ့ ဖန်တီးပေးမှုကနေ တစ်ဆင့် ဒုတိယမြောက် သွင်းဂိုးကို သွင်းယူခဲ့ပြီး လက်ရွေးစင် သွင်းဂိုး (၆၈) ဂိုးမြောက်လည်း ဖြစ်သွားခဲ့ပါတယ်။

Copa America Zona Norte ရဲ့ အင်အား အကောင်းဆုံး အသင်း ဖြစ်တဲ့ ဘရာဇီးအသင်းဟာ ဆန်ဒရို၊ နေမာ၊ ရိုင်ဘယ်ရို နဲ့ ရစ်ချာလီဆန်တို့ရဲ့ သွင်းဂိုး (၄) ဂိုးကြောင့် ပီရူးအသင်းကို (၄) ဂိုးပြတ်နဲ့ လွယ်ကူစွာ ချေမှုန်းသွားနိုင်ခဲ့ပါတယ်။

Zawgyi

ပီ႐ူးနဲ႔ ပြဲစဥ္မွာ ဂိုးသြင္းၿပီးေနာက္ ပီလီရဲ႕ (၇၇) ဂိုး စံခ်ိန္ကို မွီၿပီး ႐ိုက္ခ်ိဳးဖို႔ နီးစပ္လာတဲ့ ေနမာ

ဘရာဇီး တိုက္စစ္မႉး ေနမာဟာ ပီ႐ူးအသင္းကို ေပးဂိုး တစ္ဂိုးမွ ခြင့္မျပဳဘဲ (၄) ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့တဲ့ ကိုပါ အေမရိက အုပ္စုပြဲစဥ္မွာ သြင္းဂိုး (၁) ဂိုး သြင္းယူၿပီးေနာက္ ကိုပါ အေမရိက အုပ္စု ပြဲစဥ္ (၂) ပြဲဆက္ ဂိုးသြင္းခဲ့ၿပီ ျဖစ္ပါတယ္။

ဘရာဇီး တိုက္စစ္မႉး ေနမာဟာ ဗင္နီစြဲလားအသင္းကို (၃) ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့တဲ့ ကိုပါ အေမရိက အုပ္စု ပြဲစဥ္ (၁) မွာလည္း ပင္နယ္တီကေန တစ္ဆင့္ ဂိုးသြင္းခဲ့တာ ျဖစ္ၿပီး ကိုပါ အေမရိက ၿပိဳင္ပြဲမွာ ေျခစြမ္းေကာင္းေတြ ျပသေနပါတယ္။

တိုက္စစ္မႉး ေနမာဟာ ပီ႐ူးအသင္းနဲ႔ ပြဲစဥ္မွာ (၁) ဂိုး သြင္းယူခဲ့တာေၾကာင့္ လက္ေ႐ြးစင္ သြင္းဂိုး (၆၈) ဂိုးအထိ ရွိသြားၿပီ ျဖစ္ၿပီး သြင္းဂိုး (၇၇) ဂိုးနဲ႔ ဘရာဇီး လက္ေ႐ြးစင္ သြင္းဂိုး အမ်ားဆုံး ပီလီကို မွီဖို႔ (၉) ဂိုးသာ လိုေတာ့တာ ျဖစ္ပါတယ္။

တကယ္လို႔ တိုက္စစ္မႉး ေနမာကသာ လက္ေ႐ြးစင္ သြင္းဂိုး ေနာက္ထပ္ (၁၀) ဂိုးကို ထပ္သြားမယ္ ဆိုရင္ ပီလီရဲ႕ (၇၇) ဂိုး စံခ်ိန္ကို ႐ိုက္ခ်ိဳးၿပီး လက္ေ႐ြးစင္ သြင္းဂိုး အမ်ားဆုံး ဘရာဇီး ကစားသမားသစ္ ျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။

နည္းျပ တီတီရဲ႕ ဘရာဇီးအသင္းဟာ ကိုပါအေမရိက အုပ္စု (ေအ) မွာ ကိုလံဘီယာအသင္း၊ ဗင္နီစြဲလားအသင္း၊ အီေကြဒါအသင္း၊ ပီ႐ူးအသင္းတို႔နဲ႔ က်ေရာက္ေနၿပီး အုပ္စု ပြဲစဥ္ (၂) ပြဲမွာ (၂) ပြဲစလုံးကို ဂိုးျပတ္ အႏိုင္ ရရွိထားပါတယ္။

ဘရာဇီးအသင္းဟာ ပီ႐ူးအသင္းကို အႏိုင္ရရွိၿပီးတဲ့ေနာက္ ေနာက္ဆုံးကစားခဲ့တဲ့ ပြဲစဥ္ (၉) ပြဲဆက္တိုက္ အႏိုင္ ရရွိခဲ့ၿပီး ေနာက္ဆုံး ကစားခဲ့တဲ့ ပြဲစဥ္ (၉) ပြဲမွာလည္း ပြဲစဥ္ (၆) ပြဲအထိကို ေပးဂိုးမရွိဘဲ Clean Sheet ရယူထားႏိုင္ခဲ့ပါတယ္။

တိုက္စစ္မႉး ေနမာဟာ ဒုတိယပိုင္း ပြဲခ်ိန္ (၆၈) မိနစ္မွာ အသင္းေဖာ္ ကြင္းလယ္လူ ဖရက္စ္ရဲ႕ ဖန္တီးေပးမႈကေန တစ္ဆင့္ ဒုတိယေျမာက္ သြင္းဂိုးကို သြင္းယူခဲ့ၿပီး လက္ေ႐ြးစင္ သြင္းဂိုး (၆၈) ဂိုးေျမာက္လည္း ျဖစ္သြားခဲ့ပါတယ္။

Copa America Zona Norte ရဲ႕ အင္အား အေကာင္းဆုံး အသင္း ျဖစ္တဲ့ ဘရာဇီးအသင္းဟာ ဆန္ဒ႐ို၊ ေနမာ၊ ႐ိုင္ဘယ္႐ို နဲ႔ ရစ္ခ်ာလီဆန္တို႔ရဲ႕ သြင္းဂိုး (၄) ဂိုးေၾကာင့္ ပီ႐ူးအသင္းကို (၄) ဂိုးျပတ္နဲ႔ လြယ္ကူစြာ ေခ်မႈန္းသြားႏိုင္ခဲ့ပါတယ္။