ပီလီရဲ့စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့ စီရော်နယ်ဒို အတွက် ဂုဏ်ပြုစကားပြောကြားခဲ့တဲ့ ဂရေးလိုင်ကာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒို ကတော့ အူဒီးနိစ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၂ဂိုး သွင်းယူပြီးခဲ့ပြီး နောက်မှာတော့ ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူးကြီး ပီလီကို ကျော်ဖြတ်ကာ ဘောလုံးသမိုင်း တစ်လျှောက် ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ပါပြီ။

မက်ဆီက ပီလီရဲ့ တစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းတဲ့စံချိန်ကို ရယူခဲ့ပြီးနောက်မှာ ရော်နယ်ဒိုက အားကျမခံ ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူးပီလီရဲ့ ကစားသမားဘဝသွင်းဂိုး (၇၅၇) ဂိုးစံချိန်ကို ကျော်ဖြတ်ပြခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီကတော့ သွင်းဂိုး (၇၄၂) ဂိုးပဲသွင်းယူနိုင်ပြီး အဆင့် ၄ နေရာမှာပဲရှိပါသေးတယ်။ မက်ဆီရဲ့ ပွဲကစားတဲ့အရေအတွက်ဟာ ရော်နယ်ဒိုထက် ပွဲ ၂၀၀ လောက် လျှော့နည်း ကစားထားရတာကြောင့်လို့ပြောလို့ရနိုင်ပေမယ့် ဒီနှစ်ပိုင်းမှာ မက်ဆီရဲ့ခြေစွမ်းဟာလည်း တစ်ချို့ ပွဲတွေမှာ ကျဆင်းလာနေ တာကိုတွေ့ရမှာပါ။

Match of the Day ရဲ့ အစီအစဉ် တင်ဆက်သူ အသက် ၆၀ အရွယ် ဂရေးလိုင်ကာက ” စီရော်နယ်ဒိုက အခုဆိုရင် သူ့ရဲ့ ကစားသမားဘဝမှာ (၇၅၈) ဂိုး သွင်းယူပြီး ၊ ပီလီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ အဲဒီလိုလုပ်နိုင်ဖို့ ပျမ်းမျှအားဖြင့် ၁၈ နှစ်အတွင်းမှာ တစ်ရာသီကို (၄၂) ဂိုးလောက် သွင်းယူရမှာပါ။

အခုလို လုပ်ဆောင်နိုင်တာ တကယ့်ကို လက်ဖျားခါရတဲ့ လုပ်ရပ်ပါပဲ”ဆိုပြီး twitter မှာ ရေးသားထားပါတယ်။

စီရော်နယ်ဒိုကတော့ အင်စတာဂရမ်မှာ” အားလုံးပဲဝမ်းသာစရာပါ။ ၂၀၂၁ ခုနှစ် ကို ကျွန်တော်တို့ ကောင်းမွန်တဲ့ နည်းလမ်းနဲ့ စတင်နိုင်ခဲ့ပြီ” လို့ ပို့စ်တင်ထားပါတယ်။ ကမ္ဘာ့ ဘောလုံးသမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားသူ ကတော့ ဆလာဗီးယား နိုင်ငံလက်ရွေးစင် ဂျိုးဆပ် ဘီကန်ပဲ ဖြစ်ပါတယ်။

ဘီကန်ဟာ ၁၉၃၁ခုနှစ် ကနေ ၁၉၅၅ခုနှစ် အထိ ဘောလုံး ကစားခဲ့သူ ဖြစ်ပြီး သူဟာ တရားဝင် ပွဲစဉ်ပေါင်း ၅၃၀ကျော် ကစားခဲ့ရာ သွင်းဂိုး (၈၀၅)ဂိုး အထိ သွင်းယူနိုင်ခဲ့သူပါ။ ရော်နယ်ဒို ကတော့ သူ့ရဲ့ ကစားသမားဘဝ သက်တမ်းမှာ ၁၀၃၃ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး (၇၅၈)ဂိုး ပြည့်မြောက်ခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၂၀ – ၂၀၂၁ ဘောလုံးရာသီဟာ ရာသီဝက်သာ ရှိသေးတာကြောင့် လက်ကျန် ရာသီဝက် အတွင်းမှာ ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေကို ဆက်လက် မြင်တွေ့ရဦးမှာ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန် မှာတော့ ရော်နယ်ဒိုရဲ့ သွင်းဂိုး အရေအတွက်ဟာ ဂိုး ၇၈၀လောက် ဖြစ်သွားနိုင်ပါတယ်။ ရော်နယ်ဒိုတစ်ယောက် ဆက်လက် ဂိုးသွင်းပြီး မကြာခင် ပထမနေရာမှာ ရှိနေတဲ့ ဘီကန်ရဲ့ (၈၀၅)ဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပီလီရဲ႕စံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ စီေရာ္နယ္ဒို အတြက္ ဂုဏ္ျပဳစကားေျပာၾကားခဲ့တဲ့ ဂေရးလိုင္ကာ

ဂ်ဴဗင္တပ္အသင္းရဲ႕ တိုက္စစ္မႉး ေရာ္နယ္ဒို ကေတာ့ အူဒီးနိစ္အသင္းတို႔ရဲ႕ ပြဲစဥ္မွာ အသင္းအတြက္ သြင္းဂိုး ၂ဂိုး သြင္းယူၿပီးခဲ့ၿပီး ေနာက္မွာေတာ့ ဘရာဇီးလ္ ဂႏၲဝင္ တိုက္စစ္မႉးႀကီး ပီလီကို ေက်ာ္ျဖတ္ကာ ေဘာလုံးသမိုင္း တစ္ေလွ်ာက္ ဒုတိယေျမာက္ ဂိုးသြင္းအမ်ားဆုံး ကစားသမား ျဖစ္လာခဲ့ပါၿပီ။ မက္ဆီက ပီလီရဲ႕ တစ္သင္းတည္းအတြက္ ဂိုးအမ်ားဆုံးသြင္းတဲ့စံခ်ိန္ကို ရယူခဲ့ၿပီးေနာက္မွာ ေရာ္နယ္ဒိုက အားက်မခံ ဘရာဇီးလ္ဂႏၴဝင္တိုက္စစ္မႉးပီလီရဲ႕ ကစားသမားဘဝသြင္းဂိုး (၇၅၇) ဂိုးစံခ်ိန္ကို ေက်ာ္ျဖတ္ျပခဲ့တာလည္းျဖစ္ပါတယ္။ မက္ဆီကေတာ့ သြင္းဂိုး (၇၄၂) ဂိုးပဲသြင္းယူႏိုင္ၿပီး အဆင့္ ၄ ေနရာမွာပဲရွိပါေသးတယ္။ မက္ဆီရဲ႕ ပြဲကစားတဲ့အေရအတြက္ဟာ ေရာ္နယ္ဒိုထက္ ပြဲ ၂၀၀ ေလာက္ ေလွ်ာ့နည္း ကစားထားရတာေၾကာင့္လို႔ေျပာလို႕ရႏိုင္ေပမယ့္ ဒီႏွစ္ပိုင္းမွာ မက္ဆီရဲ႕ေျခစြမ္းဟာလည္း တစ္ခ်ိဳ႔ ပြဲေတြမွာ က်ဆင္းလာေန တာကိုေတြ႕ရမွာပါ။

Match of the Day ရဲ႕ အစီအစဥ္ တင္ဆက္သူ အသက္ ၆၀ အ႐ြယ္ ဂေရးလိုင္ကာက ” စီေရာ္နယ္ဒိုက အခုဆိုရင္ သူ႔ရဲ႕ ကစားသမားဘဝမွာ (၇၅၈) ဂိုး သြင္းယူၿပီး ၊ ပီလီရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါၿပီ။ အဲဒီလိုလုပ္ႏိုင္ဖို႔ ပ်မ္းမွ်အားျဖင့္ ၁၈ ႏွစ္အတြင္းမွာ တစ္ရာသီကို (၄၂) ဂိုးေလာက္ သြင္းယူရမွာပါ။ အခုလို လုပ္ေဆာင္ႏိုင္တာ တကယ့္ကို လက္ဖ်ားခါရတဲ့ လုပ္ရပ္ပါပဲ”ဆိုၿပီး twitter မွာ ေရးသားထားပါတယ္။ စီေရာ္နယ္ဒိုကေတာ့ အင္စတာဂရမ္မွာ” အားလုံးပဲဝမ္းသာစရာပါ။ ၂၀၂၁ ခုႏွစ္ ကို ကြၽန္ေတာ္တို႔ ေကာင္းမြန္တဲ့ နည္းလမ္းနဲ႔ စတင္ႏိုင္ခဲ့ၿပီ” လို႔ ပို႔စ္တင္ထားပါတယ္။ ကမာၻ႔ ေဘာလုံးသမိုင္းမွာ ဂိုးသြင္းအမ်ားဆုံး ကစားသမား အျဖစ္ မွတ္တမ္းဝင္ထားသူ ကေတာ့ ဆလာဗီးယား ႏိုင္ငံလက္ေ႐ြးစင္ ဂ်ိဳးဆပ္ ဘီကန္ပဲ ျဖစ္ပါတယ္။

ဘီကန္ဟာ ၁၉၃၁ခုႏွစ္ ကေန ၁၉၅၅ခုႏွစ္ အထိ ေဘာလုံး ကစားခဲ့သူ ျဖစ္ၿပီး သူဟာ တရားဝင္ ပြဲစဥ္ေပါင္း ၅၃၀ေက်ာ္ ကစားခဲ့ရာ သြင္းဂိုး (၈၀၅)ဂိုး အထိ သြင္းယူႏိုင္ခဲ့သူပါ။ ​ေရာ္နယ္ဒို ကေတာ့ သူ႔ရဲ႕ ကစားသမားဘဝ သက္တမ္းမွာ ၁၀၃၃ပြဲ ကစားၿပီးခ်ိန္မွာ သြင္းဂိုး (၇၅၈)ဂိုး ျပည့္ေျမာက္ခဲ့တာပဲ ျဖစ္ပါတယ္။ ၂၀၂၀ – ၂၀၂၁ ေဘာလုံးရာသီဟာ ရာသီဝက္သာ ရွိေသးတာေၾကာင့္ လက္က်န္ ရာသီဝက္ အတြင္းမွာ ​ေရာ္နယ္ဒိုရဲ႕ သြင္းဂိုးေတြကို ဆက္လက္ ျမင္ေတြ႕ရဦးမွာ ျဖစ္ၿပီး ယခုႏွစ္ ေဘာလုံးရာသီ ကုန္ဆုံးခ်ိန္ မွာေတာ့ ​ေရာ္နယ္ဒိုရဲ႕ သြင္းဂိုး အေရအတြက္ဟာ ဂိုး ၇၈၀ေလာက္ ျဖစ္သြားႏိုင္ပါတယ္။ ေရာ္နယ္ဒိုတစ္​ေယာက္ ဆက္လက္ ဂိုးသြင္းၿပီး မၾကာခင္ ပထမေနရာမွာ ရွိေနတဲ့ ဘီကန္ရဲ႕ (၈၀၅)ဂိုး စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ပါလိမ့္မယ္။