ပီလီရဲ့ စံချိန်တွေကို ချိုးဖို့ မက်ဆီက(၁)ဂိုးအလို နဲ့ စီရော်နယ်ဒိုက (၂)ဂိုးအလို….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက ကစားခဲ့တဲ့ ဗလင်စီယာ အသင်းနဲ့ (၂-၂)သရေကျခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ မက်ဆီ ဟာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုးတစ်ဂိုးရယူပေးနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် သူဟာ ဘရာဇီးလ်ဂန္တဝင်ကစားသမားကြီး ပီလီရဲ့ ဆန်းတို့စ် အသင်းမှာ ကစားခဲ့တုန်းက (၆၄၃)ဂိုးသွင်းယူထားတဲ့ စံချိန်မှတ်တမ်းနဲ့တူညီသွားခဲ့ပါပြီ။

ဒီဂိုးဟာ ဂရဇ်မန်း ကြောင့်ရရှိခဲ့တဲ့ ပင်နယ်တီကို မက်ဆီက သွင်းယူခဲ့တာကနေစခဲ့ပါတယ်။

မက်ဆီဟာ ပင်နယ်တီကို ဘယ်ခြေနဲ့ ဂိုးသမားရဲ့ ညာဘက်ထောင့်ကို အပြင်းကန်သွင်းခဲ့ပေမယ့် ဗလင်စီယာဂိုးသမားက ပုတ်ထုတ်ကာကွယ်လိုက်ပါတယ်။

လျှံထွက်လာတဲ့ဘောလုံးကို ၁၈ကိုက်စည်း ထိပ်မှာ အသင်းစောင့်နေတဲ့ အဲလ်ဗာက အပြေးဝင်ရောက်လာခဲ့ပြီး ဂိုးရှေ့မှာရှိနေတဲ့ မက်ဆီ ဆီကို ပိုပေးလိုက်ပါတယ်။

ဗလင်စီယာနောက်ခံလူ ဂါဘရီရယ်က ဖျက်ထုတ်ခဲ့ပေမယ့် ဘောလုံးဟာ မက်ဆီရှိတဲ့ ဘက်ကိုသာ ရောက်ရှိသွားခဲ့တာကြောင့် အသင့်ရှိနေတဲ့ မက်ဆီက ခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။ မက်ဆီ ကလည်း ပီလီ ရဲ့စံချိန်မှတ်တမ်းကို လိုက်ပြီး တူညီအောင် ကစားနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ ဘာစီလိုနာအသင်းဟာ ဗလင်စီယာ နဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။

ပီလီ ကလည်း ကလပ်တစ်သင်းတည်းမှာ ကစားပြီး သူ့ရဲ့ဂိုးသွင်းစံချိန်နဲ့ တူညီသွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ မက်ဆီ ကို ပွဲအပြီးမှာ သူ့ရဲ့ အင်စတာဂရမ် ကနေတဆင့် ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

ပီလီ က “သင့်ရဲ့ နှလုံးသားမှာ ချစ်ခြင်းမေတ္တာတွေနဲ့ပြည့်လျှံနေတဲ့အခါ သင့်ရဲ့လမ်းကြောင်းကိုပြောင်းလဲဖို့ဆိုတာခက်ခဲပါတယ်။ မင်းလို အသင်းတစ်သင်းတစ်သင်းရဲ့ အင်္ကျီကို နေ့တိုင်းဝတ် ဆင်ရတာ ဘယ်လောက်တောင်နှစ်သက်စရာကောင်းလဲဆိုတာငါနားလည်ပါတယ်။ အိမ်လိုခံစားရတဲ့နေရာထက်ပိုကောင်းတာဘယ်နေရာမှမရှိဘူးဆိုတာကိုလည်း ငါသိပါတယ်။ လီယိုရေ မင်းရဲ့ သမိုင်းဝင်မှတ်တမ်းအတွက် ဂုဏ်ယူပါတယ်။ ဘာစီလိုနာမှ ာမင်းရဲ့လှပတဲ့အသက်မွေးဝမ်းကျောင်းမှုအတွက်ပေါ့ ။ ဒီနေ့ခေတ်ဘောလုံးလောကမှာ ငါတို့လို အသင်းတစ်သင်းထဲမှာ အောင်မြင်ပြီးမြောက်တဲ့ ပုံပြင် တွေဖြစ်လာဖို့နဲ့ အသင်းတစ်ခုတည်းကိုကြာမြင့်စွာချစ်မြတ်နိုးမယ့် သူတွေဖြစ်ဖို့ကတော့ ကံမကောင်းစွာနဲ့ ပိုပြီး ရှားပါးလာပါလိမ့်မယ်။ ငါမင်းကို အရမ်းသဘောကျတယ် လီယို” ဆိုပြီး ရေးသားထားပါတယ်။

တစ်ဖက်မှာလည်း မက်ဆီကတော့ ပီလီနဲ့ စံချိန်တူခဲ့ပြီး၊ နောက်ထပ်တစ်ဂိုးသွင်းရင် စံချိန်ချိုးပါတော့မယ်။ မက်ဆီနည်းတူ စီရော်နယ်ဒိုကလည်း ပီလီရဲ့ စံချိန်ကိုကျော်ဖို့ကြိုးစားနေပါတယ်။ ညတုန်းက စီးရီးအေ ပါမားနဲ့ ပွဲမှာ စီရော်နယ်ဒိုတစ်ယောက် နှစ်ဂိုးသွင်းယူခဲ့ပါတယ်။ ပီလီရဲ့ သွင်းဂိုး ၇၅၇ ဂိုးကိုမီဖို့ ဒိုလေးတစ်ယောက် တစ်ဂိုးပဲလိုပါတော့တယ်။ နောက်ထပ် ၂ဂိုး သွင်းနိုင်ရင်တော့ ပီလီရဲ့ စံချိန်ကို စီရော်နယ်ဒို ကျော်ဖြတ်နိုင်ပါပြီ။ စံချိန်တွေကို ကျော်ဖြတ်နေတဲ့ စီရော်နယ်ဒိုရဲ့ စံချိန်ချိုး ခရီးစဉ်ဟာ ဒီမှာတင်ရပ်တန့်မသွားခဲ့သေးပဲ စီးရီးအေရဲ့ မှတ်တမ်းပြတိုက်ကိုပါ ဆက်လက်စိန်ခေါ်ခဲ့ပါသေးတယ်။

ပါးမားအသင်းနဲ့ အဝေးကွင်းမှာ ဝ-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် စီရော်နယ်ဒိုဟာ သွင်းဂိုး ၂ဂိုး သွင်းယူခဲ့တာဟာ ဒီ ၂၀၂၀ခုနှစ်မှာ သူ့ရဲ့ စီးရီးအေ သွင်းဂိုး ၃၃ဂိုးအထိ ရရှိခဲ့တာဖြစ်ပြီး ဒီပမာဏဟာ နောက်ဆုံး ၅၉နှစ်အတွင်း ပြက္ခဒိန်တစ်နှစ်တာမှာ စီးရီးအေသွင်းဂိုးအများဆုံးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ စီရီးအေ ပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံးသူတွေဖြစ်တဲ့ ဘိုရယ်ရဲ့ စံချိန်ကိုမီဖို့ (၈)ဂိုးသာလိုပေမယ့် ဒီ ၂၀၂၀ ခုနှစ်မှာ ကန်ဖို့ ဖီအိုရင်တီးနားနဲ့ စီးရီးအေပွဲ တစ်ပွဲသာကျန်တော့တာကြောင့် လိုက်မီဖို့ မဖြစ်နိုင်တော့ပါဘူး။ မှတ်တမ်းတွေအရ ဘိုရယ်(၁၉၃၃၊ ၄၁ဂိုး)၊ ဂန်းနားနော်ဒဲလ်(၁၉၅၀၊ ၃၆ဂိုး)နဲ့ လက်ရှိဂျူဗင်တပ် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဆီဗိုရီ(၁၉၆၁၊ ၃၃ဂိုး)တို့ဖြစ်ပါတယ်။

ဒါကြောင့် စီရော်နယ်ဒိုဟာ ဆီဗိုရီနဲ့ ဂျူဗင်တပ် အသင်းမှာ သွင်းဂိုးအများဆုံးသူ အဖြစ်မှတ်တမ်းတူနေပြီး မကြာခင်မှာ ဂျူဗင်တပ်ရဲ့ သွင်းဂိုးမှတ်တမ်းကို အသစ် ပြန်လည်ရေးထိုးနိုင် တော့မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာလဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပီလီရဲ႕ စံခ်ိန္ေတြကို ခ်ိဳးဖို႔ မက္ဆီက(၁)ဂိုးအလို နဲ႔ စီေရာ္နယ္ဒိုက (၂)ဂိုးအလို….

မေန႔ညက ကစားခဲ့တဲ့ ဗလင္စီယာ အသင္းနဲ႔ (၂-၂)သေရက်ခဲ့တဲ့ လာလီဂါ ပြဲစဥ္မွာ မက္ဆီ ဟာ ဘာစီလိုနာအသင္းအတြက္ သြင္းဂိုးတစ္ဂိုးရယူေပးႏိုင္ခဲ့ပါတယ္။ ဒီသြင္းဂိုးေၾကာင့္ သူဟာ ဘရာဇီးလ္ဂႏၲဝင္ကစားသမားႀကီး ပီလီရဲ႕ ဆန္းတို႔စ္ အသင္းမွာ ကစားခဲ့တုန္းက (၆၄၃)ဂိုးသြင္းယူထားတဲ့ စံခ်ိန္မွတ္တမ္းနဲ႔တူညီသြားခဲ့ပါၿပီ။ ဒီဂိုးဟာ ဂရဇ္မန္း ေၾကာင့္ရရွိခဲ့တဲ့ ပင္နယ္တီကို မက္ဆီက သြင္းယူခဲ့တာကေနစခဲ့ပါတယ္။ မက္ဆီဟာ ပင္နယ္တီကို ဘယ္ေျခနဲ႔ ဂိုးသမားရဲ႕ ညာဘက္ေထာင့္ကို အျပင္းကန္သြင္းခဲ့ေပမယ့္ ဗလင္စီယာဂိုးသမားက ပုတ္ထုတ္ကာကြယ္လိုက္ပါတယ္။ လွ်ံထြက္လာတဲ့ေဘာလုံးကို ၁၈ကိုက္စည္း ထိပ္မွာ အသင္းေစာင့္ေနတဲ့ အဲလ္ဗာက အေျပးဝင္ေရာက္လာခဲ့ၿပီး ဂိုးေရွ႕မွာရွိေနတဲ့ မက္ဆီ ဆီကို ပိုေပးလိုက္ပါတယ္။ ဗလင္စီယာေနာက္ခံလူ ဂါဘရီရယ္က ဖ်က္ထုတ္ခဲ့ေပမယ့္ ေဘာလုံးဟာ မက္ဆီရွိတဲ့ ဘက္ကိုသာ ေရာက္ရွိသြားခဲ့တာေၾကာင့္ အသင့္ရွိေနတဲ့ မက္ဆီက ေခါင္းတိုက္သြင္းယူသြားခဲ့ပါတယ္။ မက္ဆီ ကလည္း ပီလီ ရဲ႕စံခ်ိန္မွတ္တမ္းကို လိုက္ၿပီး တူညီေအာင္ ကစားႏိုင္ခဲ့ေပမယ့္ ပြဲအၿပီးမွာေတာ့ ဘာစီလိုနာအသင္းဟာ ဗလင္စီယာ နဲ႔ တစ္ဖက္ႏွစ္ဂိုးစီ သေရက်ခဲ့ပါတယ္။ ပီလီ ကလည္း ကလပ္တစ္သင္းတည္းမွာ ကစားၿပီး သူ႔ရဲ႕ဂိုးသြင္းစံခ်ိန္နဲ႔ တူညီသြားေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တဲ့ မက္ဆီ ကို ပြဲအၿပီးမွာ သူ႔ရဲ႕ အင္စတာဂရမ္ ကေနတဆင့္ ဂုဏ္ျပဳစကားဆိုခဲ့ပါတယ္။

ပီလီ က “သင့္ရဲ႕ ႏွလုံးသားမွာ ခ်စ္ျခင္းေမတၱာေတြနဲ႕ျပည့္လွ်ံေနတဲ့အခါ သင့္ရဲ႕လမ္းေၾကာင္းကိုေျပာင္းလဲဖို႕ဆိုတာခက္ခဲပါတယ္။ မင္းလို အသင္းတစ္သင္းတစ္သင္းရဲ႔ အက်ႌကို ေန႔တိုင္းဝတ္ ဆင္ရတာ ဘယ္ေလာက္ေတာင္ႏွစ္သက္စရာေကာင္းလဲဆိုတာငါနားလည္ပါတယ္။ အိမ္လိုခံစားရတဲ့ေနရာထက္ပိုေကာင္းတာဘယ္ေနရာမွမရွိဘူးဆိုတာကိုလည္း ငါသိပါတယ္။ လီယိုေရ မင္းရဲ႕ သမိုင္းဝင္မွတ္တမ္းအတြက္ ဂုဏ္ယူပါတယ္။ ဘာစီလိုနာမွ ာမင္းရဲ႕လွပတဲ့အသက္ေမြးဝမ္းေက်ာင္းမႈအတြက္ေပါ့ ။ ဒီေန႕ေခတ္ေဘာလံုးေလာကမွာ ငါတို႕လို အသင္းတစ္သင္းထဲမွာ ေအာင္ျမင္ၿပီးေျမာက္တဲ့ ပုံျပင္ ေတြျဖစ္လာဖို႕နဲ႕ အသင္းတစ္ခုတည္းကိုၾကာျမင့္စြာခ်စ္ျမတ္ႏိုးမယ့္ သူေတြျဖစ္ဖို႕ကေတာ့ ကံမေကာင္းစြာနဲ႕ ပိုၿပီး ရွားပါးလာပါလိမ့္မယ္။ ငါမင္းကို အရမ္းသေဘာက်တယ္ လီယို” ဆိုၿပီး ေရးသားထားပါတယ္။

တစ္ဖက္မွာလည္း မက္ဆီက​ေတာ့ ပီလီနဲ႔ စံခ်ိန္တူခဲ့ၿပီး၊ ​ေနာက္ထပ္တစ္ဂိုးသြင္းရင္ စံခ်ိန္ခ်ိဳးပါ​ေတာ့မယ္။ မက္ဆီနည္းတူ စီ​ေရာ္နယ္ဒိုကလည္း ပီလီရဲ႕ စံခ်ိန္ကို​ေက်ာ္ဖို႔ႀကိဳးစား​ေနပါတယ္။ ညတုန္းက စီးရီး​ေအ ပါမားနဲ႔ ပြဲမွာ စီ​ေရာ္နယ္ဒိုတစ္​ေယာက္ ႏွစ္ဂိုးသြင္းယူခဲ့ပါတယ္။ ပီလီရဲ႕ သြင္းဂိုး ၇၅၇ ဂိုးကိုမီဖို႔ ဒို​​ေလးတစ္​ေယာက္ တစ္ဂိုးပဲလိုပါ​ေတာ့တယ္။ ​ေနာက္ထပ္ ၂ဂိုး သြင္းႏိုင္ရင္​ေတာ့ ပီလီရဲ႕ စံခ်ိန္ကို စီ​ေရာ္နယ္ဒို ​ေက်ာ္ျဖတ္ႏိုင္ပါၿပီ။ စံခ်ိန္ေတြကို ေက်ာ္ျဖတ္ေနတဲ့ စီေရာ္နယ္ဒိုရဲ႕ စံခ်ိန္ခ်ိဳး ခရီးစဥ္ဟာ ဒီမွာတင္ရပ္တန္႕မသြားခဲ့ေသးပဲ စီးရီးေအရဲ႕ မွတ္တမ္းျပတိုက္ကိုပါ ဆက္လက္စိန္ေခၚခဲ့ပါေသးတယ္။

ပါးမားအသင္းနဲ႔ အေဝးကြင္းမွာ ဝ-၄ ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ အသင္းအတြက္ စီေရာ္နယ္ဒိုဟာ သြင္းဂိုး ၂ဂိုး သြင္းယူခဲ့တာဟာ ဒီ ၂၀၂၀ခုႏွစ္မွာ သူ႕ရဲ႕ စီးရီးေအ သြင္းဂိုး ၃၃ဂိုးအထိ ရရွိခဲ့တာျဖစ္ၿပီး ဒီပမာဏဟာ ေနာက္ဆုံး ၅၉ႏွစ္အတြင္း ျပကၡဒိန္တစ္ႏွစ္တာမွာ စီးရီးေအသြင္းဂိုးအမ်ားဆုံးအျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။ စီရီးေအ ျပိဳင္ပြဲတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆံုးသူေတြျဖစ္တဲ့ ဘိုရယ္ရဲ႕ စံခ်ိန္ကိုမီဖို႕ (၈)ဂိုးသာလိုေပမယ့္ ဒီ ၂၀၂၀ ခုႏွစ္မွာ ကန္ဖို႕ ဖီအိုရင္တီးနားနဲ႕ စီးရီးေအပြဲ တစ္ပြဲသာက်န္ေတာ့တာေၾကာင့္ လိုက္မီဖို႕ မျဖစ္ႏိုင္ေတာ့ပါဘူး။ မွတ္တမ္းေတြအရ ဘုိရယ္(၁၉၃၃၊ ၄၁ဂိုး)၊ ဂန္းနားေနာ္ဒဲလ္(၁၉၅၀၊ ၃၆ဂိုး)နဲ႕ လက္ရွိဂ်ဴဗင္တပ္ အသင္းရဲ႕ တိုက္စစ္မွဴးေဟာင္း ဆီဗိုရီ(၁၉၆၁၊ ၃၃ဂိုး)တို့ျဖစ္ပါတယ္။ ဒါေၾကာင့္ စီေရာ္နယ္ဒိုဟာ ဆီဗိုရီနဲ႕ ဂ်ဴဗင္တပ္ အသင္းမွာ သြင္းဂိုးအမ်ားဆံုးသူ အျဖစ္မွတ္တမ္းတူေနၿပီး မၾကာခင္မွာ ဂ်ဴဗင္တပ္ရဲ႕ သြင္းဂိုးမွတ္တမ္းကို အသစ္ ျပန္လည္ေရးထိုးႏိုင္ ေတာ့မလားဆိုတာ ဆက္လက္ေစာင့္ၾကည့္ရမွာလဲျဖစ္ပါတယ္။