ပီလီရဲ့ သွင်းဂိုးအများဆုံး စံချိန်ကို ချိုးဖျက်လိုက်တဲ့ ရော်နယ်ဒို…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသက် (၃၅) နှစ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီစူပါစတား ရော်နယ်ဒိုဟာ မနေ့ည က အူးဒီးနီးစ်အသင်းကို (၄-၁)ဂိုးနဲ့ ဂျုဗင်တပ်စ်အသင်းက အနိုင်ရရှိခဲ့တဲ့ပွဲမှာ သွင်းဂိုး(၂)ဂိုးသွင်းယူသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာလည်း ဒီရာသီ စီးရီးအေသွင်းဂိုး (၁၄)ဂိုးအထိ ရှိလာခဲ့ပြီး ဥရောပ ထိပ်သီးလိဂ်တွေမှာတော့ လီဝန်ဒေါစကီးပြီးရင် ဒုတိယဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေပါတယ်။

သူ့ရဲ့ ကစားသမားဘဝ အနှစ်(၂၀) အတွင်းမှာ သွင်းဂိုးပေါင်း (၇၅၈)ဂိုး အထိရောက်ရှိလာခဲ့ပြီး ပီလီရဲ့ သွင်းဂိုး(၇၅၇)စံချိန်ကိုချိုးဖျက်နိုင်ခဲ့ကာ ကမ္ဘာ့ဘောလုံး သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစံချိန်ရှင်စာရင်းမှာလည်း ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။

သွင်းဂိုးအများဆုံးစံချိန်တင် ကစားသမားကတော့ ၁၉၃၁ မှ ၁၉၅၅ အတွင်း ပွဲပေါင်း (၅၃၀) ကစားခဲ့ပြီး သွင်းဂိုးပေါင်း (၈၀၅) ဂိုးသွင်းယူခဲ့တဲ့ ဂျိုးဆက် ဘီကန် ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာသူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝအစ စပိုးတင်းလစ္စဘွန်းမှာ သွင်းဂိုး(၅)ဂို စတင်ရယူနိုင်ခဲ့ပြီး၊ သူ့ရဲ့ အောင်မြင်မှုခရီးစတင်ခဲ့တဲ့ ယူနိုက်တက်ကစားသမားဘဝမှာ (၁၁၈)ဂိုးသွင်းယူခဲ့ပါတယ်။ သူဟာ ရီးယဲလ်မက်ဒရစ်မှာ ကိုးနှစ်တာကစားခဲ့တဲ့ကာလအတွင်းဂိုး ၄၅၀ သွင်းယူနိုင်ခဲ့ပြီးသူ့ရဲ့နိုင်ငံအသင်းအတွက်သွင်းဂိုးကလည်း (၁၀၂)ဂိုးရှိလာခဲ့ပါပြီ။ မနှစ်က ပြီးခဲ့တဲ့နှစ်ကသွင်းဂိုး၇၀၀ မြောက်ဂိုးကိုရရှိခဲ့သည်။ ဂျူဗင်တပ် အသင်းကစားသမားအနေနဲ့ ၃ရာသီအတွင်း ပွဲပေါင်း (၁၀၄ )ကစားခဲ့ပြီး သွင်းဂိုး (၈၃)ဂိုးရှိလာပါပြီ။

သူ့ရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျော့ခ်ျမန်ဒက်ကလည်း ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်မှာ ကစားနေရင်း ပီလီရဲ့ ဂိုးသွင်းစံချိန် ကိုကျော်လွန်သွားလိမ့်မယ် လို့ မနှစ်က Sky Sports နဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ဖူးပါတယ်။သူက “ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား အဖြစ်နာမည်ကျော်ကြားသွားပါလိမ့်မယ်။

သူဟာ အင်္ဂလန်၊ စပိန်၊ အီတလီတို့က အသင်း တွေနဲ့ ပေါ်တူဂီအသင်းတို့လို ကွဲပြားခြားနားတဲ့ကလပ်တွေမှာ တောင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အခု သွင်းဂိုး (၇၀၀)မှတ်တိုင်ကို ရောက်နေပါပြီ။ သိပ်မကြာတော့မယ့်အချိန်မှာ ပီလီရဲ့ စံချိန်ကို ေကျာ်ဖြတ်နိုင်လိမ့်မယ်ဆိုတာတော့ယုံမှားသံသယရှိနေစရာမလိုပါဘူး” ဆိုပြီး ဂျော့ခ်ျမန်ဒက်က အဲ့သည့်အချိန်ကတည်းကပြောကြားသွားခဲ့ပါတယ်။

တွစ်တာမှာလည်း ဘောလုံးပရိသတ်တစ်ဦးက ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က လီယွန်နယ် မက်ဆီက ပီလီရဲ့ စ့ချိန်တစ်ခု ကိုကျော်ဖြတ်ပြီး ဘာစီလိုနာအသင်းအတွက် ၆၄၄ ဂိုသွင်းယူနိုင်သွားခဲ့တယ်။

အခု ရော်နယ်ဒိုကလည်း ပီလီရဲ့ (၇၅၇)ဂိုးစံချိန်ကို ကျော်ဖြတ်သွားပြီး ကမ္ဘာ့ဘောလုံး သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစံချိန်ရှင်စာရင်းမှာလည်း ဒုတိယနေရာကိုရောက်လာနေပြီ။ ထိပ်ဆုံးမှာရှိနေတဲ့ ဂျိုးဆက် ဘီကန်ရဲ့စံချိန်ကိုကျော်လွန်ပြီး သမိုင်းသစ်တစ်ခုရေးဖို့ပဲလိုတော့တယ်ဆိုပြီး ရေးသားထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပီလီရဲ႕ သြင္းဂိုးအမ်ားဆံုး စံခ်ိန္ကို ခ်ိဳးဖ်က္လိုက္တဲ့ ေရာ္နယ္ဒို…

အသက္ (၃၅) ႏွစ္ရွိၿပီျဖစ္တဲ့ ေပၚတူဂီစူပါစတား ေရာ္နယ္ဒိုဟာ မေန႔ည က အူးဒီးနီးစ္အသင္းကို (၄-၁)ဂိုးနဲ႔ ဂ်ဳဗင္တပ္စ္အသင္းက အႏိုင္ရရွိခဲ့တဲ့ပြဲမွာ သြင္းဂိုး(၂)ဂိုးသြင္းယူသြားခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာလည္း ဒီရာသီ စီးရီးေအသြင္းဂိုး (၁၄)ဂိုးအထိ ရွိလာခဲ့ၿပီး ဥေရာပ ထိပ္သီးလိဂ္ေတြမွာေတာ့ လီဝန္ေဒါစကီးၿပီးရင္ ဒုတိယဂိုးသြင္းအမ်ားဆုံးအျဖစ္ ရပ္တည္ေနပါတယ္။ သူ႔ရဲ႕ ကစားသမားဘဝ အႏွစ္(၂၀) အတြင္းမွာ သြင္းဂိုးေပါင္း (၇၅၈)ဂိုး အထိေရာက္ရွိလာခဲ့ၿပီး ပီလီရဲ႕ သြင္းဂိုး(၇၅၇)စံခ်ိန္ကိုခ်ိဳးဖ်က္ႏိုင္ခဲ့ကာ ကမာၻ႔ေဘာလုံး သမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးစံခ်ိန္ရွင္စာရင္းမွာလည္း ဒုတိယေနရာမွာ ရပ္တည္ေနခဲ့ပါတယ္။ သြင္းဂိုးအမ်ားဆုံးစံခ်ိန္တင္ ကစားသမားကေတာ့ ၁၉၃၁ မွ ၁၉၅၅ အတြင္း ပြဲေပါင္း (၅၃၀) ကစားခဲ့ၿပီး သြင္းဂိုးေပါင္း (၈၀၅) ဂိုးသြင္းယူခဲ့တဲ့ ဂ်ိဳးဆက္ ဘီကန္ ျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာသူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝအစ စပိုးတင္းလစၥဘြန္းမွာ သြင္းဂိုး(၅)ဂို စတင္ရယူႏိုင္ခဲ့ၿပီး၊ သူ႔ရဲ႕ ေအာင္ျမင္မႈခရီးစတင္ခဲ့တဲ့ ယူႏိုက္တက္ကစားသမားဘဝမွာ (၁၁၈)ဂိုးသြင္းယူခဲ့ပါတယ္။ သူဟာ ရီးယဲလ္မက္ဒရစ္မွာ ကိုးႏွစ္တာကစားခဲ့တဲ့ကာလအတြင္းဂိုး ၄၅၀ သြင္းယူႏိုင္ခဲ့ၿပီးသူ႔ရဲ႕ႏိုင္ငံအသင္းအတြက္သြင္းဂိုးကလည္း (၁၀၂)ဂိုးရွိလာခဲ့ပါၿပီ။ မႏွစ္က ၿပီးခဲ့တဲ့ႏွစ္ကသြင္းဂိုး၇၀၀ ေျမာက္ဂိုးကိုရရွိခဲ့သည္။ ဂ်ဴဗင္တပ္ အသင္းကစားသမားအေနနဲ႔ ၃ရာသီအတြင္း ပြဲေပါင္း (၁၀၄ )ကစားခဲ့ၿပီး သြင္းဂိုး (၈၃)ဂိုးရွိလာပါၿပီ။

သူ႔ရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ေဂ်ာ့ခ္်မန္ဒက္ကလည္း ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္မွာ ကစားေနရင္း ပီလီရဲ႕ ဂိုးသြင္းစံခ်ိန္ ကိုေက်ာ္လြန္သြားလိမ့္မယ္ လို႔ မႏွစ္က Sky Sports နဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားခဲ့ဖူးပါတယ္။သူက “ေရာ္နယ္ဒိုဟာ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမား အျဖစ္နာမည္ေက်ာ္ၾကားသြားပါလိမ့္မယ္။ သူဟာ အဂၤလန္၊ စပိန္၊ အီတလီတို႔က အသင္း ေတြနဲ႔ ေပၚတူဂီအသင္းတို႔လို ကြဲျပားျခားနားတဲ့ကလပ္ေတြမွာ ေတာင္ အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ အခု သြင္းဂိုး (၇၀၀)မွတ္တိုင္ကို ေရာက္ေနပါၿပီ။ သိပ္မၾကာေတာ့မယ့္အခ်ိန္မွာ ပီလီရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္လိမ့္မယ္ဆိုတာေတာ့ယုံမွားသံသယရွိေနစရာမလိုပါဘူး” ဆိုၿပီး ေဂ်ာ့ခ္်မန္ဒက္က အဲ့သည့္အခ်ိန္ကတည္းကေျပာၾကားသြားခဲ့ပါတယ္။

တြစ္တာမွာလည္း ေဘာလံုးပရိသတ္တစ္ဦးက ၿပီးခဲ့တဲ႕ရက္သတၱပတ္အနည္းငယ္က လီယြန္နယ္ မက္ဆီက ပီလီရဲ႕ စ႕ခ်ိန္တစ္ခု ကိုေက်ာ္ျဖတ္ၿပီး ဘာစီလိုနာအသင္းအတြက္ ၆၄၄ ဂိုသြင္းယူႏိုင္သြားခဲ့တယ္။ အခု ေရာ္နယ္ဒိုကလည္း ပီလီရဲ႕ (၇၅၇)ဂိုးစံခ်ိန္ကို ေက်ာ္ျဖတ္သြားၿပီး ကမာၻ႔ေဘာလုံး သမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးစံခ်ိန္ရွင္စာရင္းမွာလည္း ဒုတိယေနရာကိုေရာက္လာေနၿပီ။ ထိပ္ဆံုးမွာရွိေနတဲ့ ဂ်ိဳးဆက္ ဘီကန္ရဲ႕စံခ်ိန္ကိုေက်ာ္လြန္ၿပီး သမိုင္းသစ္တစ္ခုေရးဖို႕ပဲလိုေတာ့တယ္ဆိုၿပီး ေရးသားထားပါတယ္။