ပီအက်စ်ဂျီကို မန်ယူနိုင်ခဲ့တဲ့အဓိကအကြောင်းအရင်းကို ဖာဒီနန်သုံးသပ်ပြ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အားကောင်းတဲ့အသင်းလိုက်စိတ်ပိုင်းဆိုင်ရာက ပီအက်စ်ဂျီကို မန်ယူအနိုင်ရခဲ့တဲ့အဓိကအကြောင်းအရင်းဖြစ်ကြောင်း အသင်းနောက်ခံလူဟောင်းရီယိုဖာဒီနန်က သုံးသပ်ပြောကြားလိုက်ပါတယ်။ အဲဒီမန်ယူဂန္ထဝင်ဟောင်းဟာ အင်္ဂါညက ကစားသွားတဲ့ ပီအက်စ်ဂျီနဲ့မန်ယူတို့ရဲ့ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ကို ရုပ်သံတစ်ခုမှာ ဝေဖန်သုံးသပ်သူအဖြစ်ဆောင်ရွက်ခဲ့တာပါ။

ပဲရစ်မှာကစားခဲ့တဲ့အဲဒီပွဲမှာ ပီအက်စ်ဂျီကသာ အနိုင်ရဖို့အတွက် အထူးရေပန်းစားခဲ့တာပါ။ ဒါပေမဲ့လည်း တိုက်စစ်မှုးရက်ရှ်ဖို့ဒ်ရဲ့နောက်ကျအနိုင်ဂိုးနဲ့ နောက်ဆုံးမှာ မန်ယူကသာ အမှတ်ပြည့်ရသွားခဲ့ပါတယ်။

အဲဒီနိုင်ပွဲမှာ မန်ယူရဲ့အသင်းလိုက်ကြိုးပမ်းအားထုတ်နိုင်မှုကို ဖာဒီနန်က ချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။ ဧည့်သည့်အသင်းမှာ နောက်ခံကစားသမားတွေဖြစ်ကြတဲ့ တူအန်ဇီဘီနဲ့ဘစ်ဆာကာတို့ဟာ အထူးခြေစွမ်းပြနိုင်ခဲ့ကြတာပါ။

”အဲဒါဟာ သိပ်ကောင်းလွန်းခဲ့ပါတယ်။ရာသီအစတုန်းက မန်ယူနဲ့ပတ်သက်ပြီး မကောင်းတာအများကြီးကိုပဲ ကြားခဲ့ရတာပါ။ ဒီပွဲမတိုင်ခင်မှာတောင် အဲဒါဟာ ရာသီကိုအပြောင်းအလဲဖြစ်စေနိုင်မယ့် ပွဲတစ်ပွဲဖြစ်သွားနိုင်တယ်လို့ ကျွန်တော်တို့ပြောခဲ့ပါသေးတယ်။ စွမ်းဆောင်မှုက ပထမတန်းဖြစ်သလို ရလဒ်က ပိုလို့တောင်ကောင်းပါတယ်။ ကစားသမားတွေဟာ ဒီနိုင်ပွဲကနေ ကြီးမားတဲ့ယုံကြည်မှုရယူနိုင်မှာပါ။ ဒါပေမဲ့ အသင်းလိုက်စုစည်းမှုကသာ ပိုအရေးကြီးတယ်လို့ ကျွန်တောင်ထင်ပါတယ်။ ကစားသမားတွေကို တာဝန်ယူမှုမရှိတာက အန္တရာယ်များတဲ့အကြောင်းကို ကျွန်တော်တို့အရင်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီနဲ့ဒီနေ့ပွဲမှာတော့ ကစားသမားတွေဟာ box ထဲမှာ သူတို့တာဝန်သူတို့ယူကြပြီး နေရာလွတ်တွေကိုလည်း လိုက်ဖြည့်ကစားကာ ခံစစ်အတွက် လိုလိုလားလားရှိခဲ့ပါတယ်။ အဲဒါဟာ ရာသီအစပိုင်းတုန်းက ကျွန်တော်တို့အများကြီးမမြင်ရတဲ့ဟာပါ။ ခံစစ်ပိုင်းလုံခဲ့သလို တိုက်စစ်ကိုလည်း အထိရောက်ဆုံးကစားနိုင်ခဲ့ပါတယ်”ဖာဒီနနန်က BTSport ရုပ်သံမှာ ပြောခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပီအက္စ္ဂ်ီကို မန္ယူႏိုင္ခဲ့တဲ့အဓိကအေၾကာင္းအရင္းကို ဖာဒီနန္သုံးသပ္ျပ

အားေကာင္းတဲ့အသင္းလုိက္စိတ္ပုိင္းဆုိင္ရာက ပီအက္စ္ဂ်ီကို မန္ယူအႏိုင္ရခဲ့တဲ့အဓိကအေၾကာင္းအရင္းျဖစ္ေၾကာင္း အသင္းေနာက္ခံလူေဟာင္းရီယုိဖာဒီနန္က သုံးသပ္ေျပာၾကားလုိက္ပါတယ္။ အဲဒီမန္ယူဂႏၳ၀င္ေဟာင္းဟာ အဂၤါညက ကစားသြားတဲ့ ပီအက္စ္ဂ်ီနဲ႔မန္ယူတုိ႔ရဲ႕ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္ကို ရုပ္သံတစ္ခုမွာ ေ၀ဖန္သုံးသပ္သူအျဖစ္ေဆာင္ရြက္ခဲ့တာပါ။

ပဲရစ္မွာကစားခဲ့တဲ့အဲဒီပြဲမွာ ပီအက္စ္ဂ်ီကသာ အႏိုင္ရဖို႔အတြက္ အထူးေရပန္းစားခဲ့တာပါ။ ဒါေပမဲ့လည္း တုိက္စစ္မႈးရက္ရွ္ဖုိ႔ဒ္ရဲ႕ေနာက္က်အႏိုင္ဂိုးနဲ႔ ေနာက္ဆုံးမွာ မန္ယူကသာ အမွတ္ျပည့္ရသြားခဲ့ပါတယ္။

အဲဒီႏိုင္ပြဲမွာ မန္ယူရဲ႕အသင္းလုိက္ႀကိဳးပမ္းအားထုတ္ႏိုင္မႈကို ဖာဒီနန္က ခ်ီးက်ဴးမႈျပဳလုပ္ခဲ့ပါတယ္။ ဧည့္သည့္အသင္းမွာ ေနာက္ခံကစားသမားေတြျဖစ္ၾကတဲ့ တူအန္ဇီဘီနဲ႔ဘစ္ဆာကာတုိ႔ဟာ အထူးေျခစြမ္းျပႏိုင္ခဲ့ၾကတာပါ။

”အဲဒါဟာ သိပ္ေကာင္းလြန္းခဲ့ပါတယ္။ရာသီအစတုန္းက မန္ယူနဲ႔ပတ္သက္ၿပီး မကောင္းတာအမ်ားႀကီးကိုပဲ ၾကားခဲ့ရတာပါ။ ဒီပြဲမတိုင္ခင္မွာေတာင္ အဲဒါဟာ ရာသီကုိအေျပာင္းအလဲျဖစ္ေစႏိုင္မယ့္ ပြဲတစ္ပြဲျဖစ္သြားႏိုင္တယ္လို႔ ကၽြန္ေတာ္တို႔ေျပာခဲ့ပါေသးတယ္။ စြမ္းေဆာင္မႈက ပထမတန္းျဖစ္သလို ရလဒ္က ပိုလို႔ေတာင္ေကာင္းပါတယ္။ ကစားသမားေတြဟာ ဒီႏိုင္ပြဲကေန ႀကီးမားတဲ့ယုံၾကည္မႈရယူႏုိင္မွာပါ။ ဒါေပမဲ့ အသင္းလုိက္စုစည္းမႈကသာ ပိုအေရးႀကီးတယ္လုိ႔ ကၽြန္ေတာင္ထင္ပါတယ္။ ကစားသမားေတြကို တာ၀န္ယူမႈမရွိတာက အႏၱရာယ္မ်ားတဲ့အေၾကာင္းကို ကၽြန္ေတာ္တုိ႔အရင္က ေျပာခဲ့ပါတယ္။ ဒါေပမဲ့ ပီအက္စ္ဂ်ီနဲ႔ဒီေန႔ပြဲမွာေတာ့ ကစားသမားေတြဟာ box ထဲမွာ သူတို႔တာ၀န္သူတုိ႔ယူၾကၿပီး ေနရာလြတ္ေတြကိုလည္း လုိက္ျဖည့္ကစားကာ ခံစစ္အတြက္ လိုလိုလားလားရွိခဲ့ပါတယ္။ အဲဒါဟာ ရာသီအစပိုင္းတုန္းက ကၽြန္ေတာ္တုိ႔အမ်ားႀကီးမျမင္ရတဲ့ဟာပါ။ ခံစစ္ပိုင္းလုံခဲ့သလုိ တုိက္စစ္ကိုလည္း အထိေရာက္ဆုံးကစားႏုိင္ခဲ့ပါတယ္”ဖာဒီနနန္က BTSport ရုပ္သံမွာ ေျပာခဲ့တာပါ။