ပီအက်စ်ဂျီကြယ်ပွင့်နေမာ ဒဏ်ရာကြောင့် ထပ်နားရဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဗုဒ္ဓဟူးနေ့က အစ္စတန်ဘူလ်ဘာဆက်ဆီဟာနဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာရသွားတဲ့ ဘရာဇီးကြယ်ပွင့်နေမာ ဟာ နန့်တက်စ်၊ လိုက်ပ်ဇစ်တို့နဲ့ ကစားရမယ့် ပီအက်စ်ဂျီအသင်းရဲ့ပွဲစဉ်တွေကို လွှဲချော်ရမယ့်အပြင် ဘရာဇီးလက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကိုပါ လွှဲချော်ရမှာကို စိုးရိမ်နေရပါတယ်။

ပီအက်စ်ဂျီက ၂ဂိုးပြတ်နဲ့အနိုင်ရတဲ့ ဗုဒ္ဓဟူးနေ့ပွဲစဉ်မှာ နေမာဟာ ပွဲချိန် ၂၆ မိနစ်မှာတင် ဒဏ်ရာရသွားတာကြောင့် ဆာရာဘရီယာနဲ့လူစားလဲခဲ့ရပါတယ်။

ဒဏ်ရာကို ဆေးကုသမှုခံယူပြီးနောက် အဝတ်လဲခန်းသွားရာလမ်းတလျှောက် ခြေထောက် ထော့နဲ့ထော့နဲ့ လမ်းလျှောက်ဝင်သွားရပါတယ်။

နေမာဟာ ပြီးခဲ့တဲ့ရာသီကလည်း ဒဏ်ရာကြောင့် ပီအက်စ်ဂျီအသင်းရဲ့ အမှတ်ပေးပွဲ ၁၀ပွဲလောက်ကို လွှဲချော်ခဲ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်အဖွင့် ၄ပွဲကိုလည်း လွှဲချော်ခဲ့ရပါသေးတယ်။

ဗုဒ္ဓဟူးနေ့ပွဲစဉ်မှာ နေမာဟာ ပေါင်ခြံဒဏ်ရာရသွားပြီးနောက် ဆက်ကစားဖို့ ကြိုးစားသေးပေမယ့် မရတဲ့အဆုံး လူစားလဲခဲ့ရတာဖြစ်ပါတယ်။ နေမာရဲ့ဒဏ်ရာအတိမ်အနက်ကို ကြာသပတေးနေ့မှာ ဆေးစစ်မှာဖြစ်ပြီး ဒဏ်ရာမပြင်းထန်ဖို့ ပီအက်စ်ဂျီနည်းပြ တူချယ် မျှော်လင့်ထားပါတယ်။

လတ်တလော ပီအက်စ်ဂျီမှာ ဒဏ်ရာရကစားသမားများနေပြီး တိုက်စစ်မှာ အဲဗာတန်က အငှားနဲ့ခေါ်ယူထားတဲ့ အီတလီလူငယ်တိုက်စစ်မှူး မွိုက်ဆီကိန်းကို သုံးနေရပါတယ်။ ဘာဆက်ဆီဟာနဲ့ပွဲမှာ ပီအက်စ်ဂျီရတဲ့ အနိုင်ဂိုး ၂ဂိုးစလုံးကိုလည်း မွိုက်ဆီကိန်းကပဲ သွင်းပေးခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပီအက္စ္ဂ်ီၾကယ္ပြင့္ေနမာ ဒဏ္ရာေၾကာင့္ ထပ္နားရဖို႔ရွိေန

ဗုဒၶဟူးေန႔က အစၥတန္ဘူလ္ဘာဆက္ဆီဟာနဲ႔ပြဲမွာ ေပါင္ၿခံဒဏ္ရာရသြားတဲ့ ဘရာဇီးၾကယ္ပြင့္ေနမာ ဟာ နန္႔တက္စ္၊ လိုက္ပ္ဇစ္တို႔နဲ႔ ကစားရမယ့္ ပီအက္စ္ဂ်ီအသင္းရဲ႕ပြဲစဥ္ေတြကို လႊဲေခ်ာ္ရမယ့္အျပင္ ဘရာဇီးလက္ေရြးစင္အသင္းရဲ႕ ကမၻာ႔ဖလားေျခစစ္ပဲြကိုပါ လႊဲေခ်ာ္ရမွာကို စိုးရိမ္ေနရပါတယ္။

ပီအက္စ္ဂ်ီက ၂ဂိုးျပတ္နဲ႔အႏိုင္ရတဲ့ ဗုဒၶဟူးေန႔ပြဲစဥ္မွာ ေနမာဟာ ပြဲခ်ိန္ ၂၆ မိနစ္မွာတင္ ဒဏ္ရာရသြားတာေၾကာင့္ ဆာရာဘရီယာနဲ႔လူစားလဲခဲ့ရပါတယ္။

ဒဏ္ရာကို ေဆးကုသမႈခံယူၿပီးေနာက္ အ၀တ္လဲခန္းသြားရာလမ္းတေလွ်ာက္ ေျခေထာက္ ေထာ့နဲ႔ေထာ့နဲ႔ လမ္းေလွ်ာက္၀င္သြားရပါတယ္။

ေနမာဟာ ၿပီးခဲ့တဲ့ရာသီကလည္း ဒဏ္ရာေၾကာင့္ ပီအက္စ္ဂ်ီအသင္းရဲ႕ အမွတ္ေပးပြဲ ၁၀ပြဲေလာက္ကို လႊဲေခ်ာ္ခဲ့ရပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္အဖြင့္ ၄ပြဲကိုလည္း လႊဲေခ်ာ္ခဲ့ရပါေသးတယ္။

ဗုဒၶဟူးေန႔ပြဲစဥ္မွာ ေနမာဟာ ေပါင္ၿခံဒဏ္ရာရသြားၿပီးေနာက္ ဆက္ကစားဖို႔ ႀကိဳးစားေသးေပမယ့္ မရတဲ့အဆံုး လူစားလဲခဲ့ရတာျဖစ္ပါတယ္။ ေနမာရဲ႕ဒဏ္ရာအတိမ္အနက္ကို ၾကာသပေတးေန႔မွာ ေဆးစစ္မွာျဖစ္ၿပီး ဒဏ္ရာမျပင္းထန္ဖို႔ ပီအက္စ္ဂ်ီနည္းျပ တူခ်ယ္ ေမွ်ာ္လင့္ထားပါတယ္။

လတ္တေလာ ပီအက္စ္ဂ်ီမွာ ဒဏ္ရာရကစားသမားမ်ားေနၿပီး တိုက္စစ္မွာ အဲဗာတန္က အငွားနဲ႔ေခၚယူထားတဲ့ အီတလီလူငယ္တိုက္စစ္မွဴး မြိဳက္ဆီကိန္းကို သံုးေနရပါတယ္။ ဘာဆက္ဆီဟာနဲ႔ပြဲမွာ ပီအက္စ္ဂ်ီရတဲ့ အႏိုင္ဂိုး ၂ဂိုးစလံုးကိုလည္း မြိဳက္ဆီကိန္းကပဲ သြင္းေပးခဲ့တာျဖစ္ပါတယ္။