ပီအက်စ်ဂျီက ထွက်ခွာလာတဲ့ တူချယ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့စိတ်ဝင်စားနေတဲ့ ချဲလ်ဆီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျာမနီကလာတဲ့သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ပီအက်စ်ဂျီကနေ ထွက်ခွာလာတဲ့ တူချယ်ကို နည်းပြအဖြစ်ခန့်အပ်ဖို့ ချိတ်ဆက်နေတယ်လို့ ဖော်ပြနေကြပါတယ်။ အသက် ၄၇ နှစ်သားဟာ ပီအက်စ်ဂျီကို ချန်ပီယံလိဂ်ဖိုင်နယ်ပို့ဆောင်နိုင်ခဲ့ပြီး ၄ လအကြာမှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရကာ ပီအက်စ်ဂျီက တူချယ်နေရာမှာ တော့တင်ဟမ်နည်းပြဟောင်း ပိုချက်တီနိုနဲ့အစားထိုးခဲ့ပါတယ်။

တူချယ်ဟာ ပီအက်စ်ဂျီကနေ ထုတ်ပယ်ခံခဲ့ရတာကြောင့် လျော်ကြေးပေါင် ၅.၄ သန်းရရှိမှာဖြစ်ပြီး ချဲလ်ဆီးက ခေါ်ယူဖို့စိတ်ဝင်စားလာတာဖြစ်ပါတယ်။ ဂျာမန်သတင်းဌာနတစ်ခုကတော့ လမ်းပတ်အနေနဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ပွဲအထိ အရေးနိမ့်ခဲ့မယ်ဆိုရင် ချဲလ်ဆီးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

တူချယ်ကလည်း ချဲလ်ဆီးမှာ ဂျာမနီသားတွေဖြစ်တဲ့ တီမိုဝါနာ ၊ ကိုင်ဟာဗက်ဇ် နဲ့ ရူဒီဂါတို့ရှိနေတာကြောင့် နည်းပြလုပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ တူချယ်ဟာ ပီအက်စ်ဂျီကနေ ထွက်ခွာလာပြီးနောက် အနာဂတ်အတွက် မစဉ်းစားရသေးပေမယ့် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားဖွယ်ရှိနေပါတယ်။

ချဲလ်ဆီးကတော့ တူချယ်ကို ၂၀၁၇ ခုနှစ် ဒေါ့မွန်မှာရှိနေကတည်းက ချိတ်ဆက်နေခဲ့တာဖြစ်ပါတယ်။ လမ်းပတ်ရဲ့ချဲလ်ဆီးဟာ အဲဗာတန် ၊ ဝုဗ် နဲ့ အာဆင်နယ်တို့ကိုအရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံနဲ့ဝေးကွာခဲ့ရပါတယ်။

လမ်းပတ်အနေနဲ့ လာမယ့်တနလာၤနေ့ ဗီလာနဲ့ပွဲမှာသာ အခြေအနေမကောင်းခဲ့ရင် ဖိအားတွေပိုများလာနိုင်တာဖြစ်ပါတယ်။ လမ်းပတ်ဟာ ချဲလ်ဆီးကို ပြီးခဲ့တဲ့ရာသီတုန်းက အဆင့် ၄ နေရာနဲ့ ရာသီသိမ်းအောင် စွမ်းဆောင်နိုင်ခဲ့သလို အက်ဖ်အေဖလားဖိုင်နယ်ကိုလည်း ပို့ဆောင်နိုင်ခဲ့ပေမယ့် ဖိုင်နယ်မှာ အာဆင်နယ်ကို အရေးနိမ့်ခဲ့ပါတယ်။

အာဆင်နယ်အသင်းကတော့ ဘောက်ဆင်ဒေးပွဲစဉ်တုန်းက ချဲလ်ဆီးကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ပြိုင်ပွဲစုံ ချဲလ်ဆီးရဲ့ ၁၇ ပွဲဆက်နိုင်ပွဲဆက်စံချိန်ကို ရပ်တန့်နိုင်ခဲ့ပါတယ်။ လမ်းပတ်က အာဆင်နယ်အသင်းကို အရေးနိမ့်ပြီးနောက် ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့ပြီး အမှားတွေကနေ သင်ယူရမယ်လို့ ဆိုခဲ့ပါတယ်။

“ကျွန်တော့်ကစားသမားတွေက အမှားတွေကနေ သင်ယူဖို့ လိုအပ်ပါတယ်။ အဲ့ထဲက အချို့က လူငယ်တွေဖြစ်တာကြောင့်ပိုသင်ယူဖို့ လိုအပ်ပါတယ်။ အာဆင်နယ်နဲ့ပွဲတုန်းကဆို ကျွန်တော့်ကစားသမားတွေရဲ့ကစားပုံက အရမ်းဆိုးခဲ့ပါတယ်”လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပီအက္စ္ဂ်ီက ထြက္ခြာလာတဲ့ တူခ်ယ္ကို နည္းျပသစ္အျဖစ္ ခန္႔အပ္ဖို႔စိတ္၀င္စားေနတဲ့ ခ်ဲလ္ဆီး

ဂ်ာမနီကလာတဲ့သတင္းေတြအရ ခ်ဲလ္ဆီးအသင္းဟာ ပီအက္စ္ဂ်ီကေန ထြက္ခြာလာတဲ့ တူခ်ယ္ကို နည္းျပအျဖစ္ခန္႔အပ္ဖို႔ ခ်ိတ္ဆက္ေနတယ္လို႔ ေဖာ္ျပေနၾကပါတယ္။ အသက္ ၄၇ ႏွစ္သားဟာ ပီအက္စ္ဂ်ီကို ခ်န္ပီယံလိဂ္ဖိုင္နယ္ပို႔ေဆာင္ႏိုင္ခဲ့ျပီး ၄ လအၾကာမွာပဲ နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရကာ ပီအက္စ္ဂ်ီက တူခ်ယ္ေနရာမွာ ေတာ့တင္ဟမ္နည္းျပေဟာင္း ပိုခ်က္တီႏိုနဲ႔အစားထိုးခဲ့ပါတယ္။ တူခ်ယ္ဟာ ပီအက္စ္ဂ်ီကေန ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ ေလ်ာ္ေၾကးေပါင္ ၅.၄ သန္းရရွိမွာျဖစ္ျပီး ခ်ဲလ္ဆီးက ေခၚယူဖို႔စိတ္၀င္စားလာတာျဖစ္ပါတယ္။

ဂ်ာမန္သတင္းဌာနတစ္ခုကေတာ့ လမ္းပတ္အေနနဲ႔ ပရီးမီးယားလိဂ္ ၄ ပြဲမွာ ၃ ပြဲအထိ အေရးနိမ့္ခဲ့မယ္ဆုိရင္ ခ်ဲလ္ဆီးကေန ထုတ္ပယ္ခံရႏိုင္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ တူခ်ယ္ကလည္း ခ်ဲလ္ဆီးမွာ ဂ်ာမနီသားေတြျဖစ္တဲ့ တီမို၀ါနာ ၊ ကိုင္ဟာဗက္ဇ္ နဲ႔ ရူဒီဂါတို႔ရွိေနတာေၾကာင့္ နည္းျပလုပ္ဖို႔ စိတ္၀င္စားေနတယ္လို႔ သတင္းေတြက ဆိုပါတယ္။ တူခ်ယ္ဟာ ပီအက္စ္ဂ်ီကေန ထြက္ခြာလာျပီးေနာက္ အနာဂတ္အတြက္ မစဥ္းစားရေသးေပမယ့္ ကမ္းလွမ္းမႈေတြကို လက္ခံစဥ္းစားဖြယ္ရွိေနပါတယ္။

ခ်ဲလ္ဆီးကေတာ့ တူခ်ယ္ကို ၂၀၁၇ ခုႏွစ္ ေဒါ့မြန္မွာရွိေနကတည္းက ခ်ိတ္ဆက္ေနခဲ့တာျဖစ္ပါတယ္။ လမ္းပတ္ရဲ႕ခ်ဲလ္ဆီးဟာ အဲဗာတန္ ၊ ၀ုဗ္ နဲ႔ အာဆင္နယ္တို႔ကိုအေရးနိမ့္ခဲ့တာေၾကာင့္ ခ်န္ပီယံနဲ႔ေ၀းကြာခဲ့ရပါတယ္။ လမ္းပတ္အေနနဲ႔ လာမယ့္တနလာၤေန႔ ဗီလာနဲ႔ပြဲမွာသာ အေျခအေနမေကာင္းခဲ့ရင္ ဖိအားေတြပိုမ်ားလာႏုိင္တာျဖစ္ပါတယ္။ လမ္းပတ္ဟာ ခ်ဲလ္ဆီးကို ျပီးခဲ့တဲ့ရာသီတုန္းက အဆင့္ ၄ ေနရာနဲ႔ ရာသီသိမ္းေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သလို အက္ဖ္ေအဖလားဖိိုင္နယ္ကိုလည္း ပို႔ေဆာင္ႏိုင္ခဲ့ေပမယ့္ ဖိုင္နယ္မွာ အာဆင္နယ္ကို အေရးနိမ့္ခဲ့ပါတယ္။

အာဆင္နယ္အသင္းကေတာ့ ေဘာက္ဆင္ေဒးပြဲစဥ္တုန္းက ခ်ဲလ္ဆီးကို ၃-၁ ဂိုးနဲ႔ အႏုိင္ရရွိျပီး ျပိဳင္ပြဲစံု ခ်ဲလ္ဆီးရဲ႕ ၁၇ ပြဲဆက္ႏိုင္ပြဲဆက္စံခ်ိန္ကို ရပ္တန္႔ႏိုင္ခဲ့ပါတယ္။ လမ္းပတ္က အာဆင္နယ္အသင္းကို အေရးနိမ့္ျပီးေနာက္ ကစားသမားေတြရဲ႕စြမ္းေဆာင္ရည္ကို ေ၀ဖန္ခဲ့ျပီး အမွားေတြကေန သင္ယူရမယ္လို႔ ဆိုခဲ့ပါတယ္။ “ကြ်န္ေတာ့္ကစားသမားေတြက အမွားေတြကေန သင္ယူဖို႔ လိုအပ္ပါတယ္။ အဲ့ထဲက အခ်ိဳ႕က လူငယ္ေတြျဖစ္တာေၾကာင့္ပိုသင္ယူဖို႔ လိုအပ္ပါတယ္။ အာဆင္နယ္နဲ႔ပြဲတုန္းကဆို ကြ်န္ေတာ့္ကစားသမားေတြရဲ႕ကစားပံုက အရမ္းဆိုးခဲ့ပါတယ္”လို႔ လမ္းပတ္က ေျပာၾကားခဲ့ပါတယ္။