ပီအက်စ်ဂျီနဲ့ပွဲက ယူနိုက်တက် ကစားသမားတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်အကဲဖြတ်မှု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်မှာ ဘယ်လောက်ပဲ ရလဒ်ဆိုးဆိုး ပီအက်စ်ဂျီကတော့ ဆိုးလ်ရှားနဲ့မန်ချက်စတာယူနိုက်တက်တို့အ တွက်အဖြည့်ခံထပ်ဖြစ်ခဲ့ရပြန်ပါပြီ။ အခုဆိုရင် ဆိုးလ်ရှားရဲ့အသင်းဟာ ပြိုင်ပွဲအရပ်ရပ်အဝေးကွင်းနောက်ဆုံး ၁၀ပွဲစလုံး အနိုင်ရတဲ့မှတ်တမ်းတောင်ရခဲ့ပြီဖြစ်ပါတယ်။ သူတို့အသင်းသမိုင်းတလျှောက် နည်းပြကြီး ဖာဂူဆန်လက်ထက်ကတောင် မရခဲ့ဖူးတဲ့ အဝေးကွင်းနိုင်ပွဲဆက်စံချိန်တစ်ခုကို ရသွားတာလည်းဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ တွမ်ဇန်ဘီနဲ့ လုခ်ရှောတို့လို ကစားသမားတွေကို ၃ယောက်တန်းခံစစ်မှာ လင်ဒီလော့ဖ်နဲ့တွဲပြီး ၃-၄-၁-၂ ပုံစံသုံးသွားပါတယ်။ ပီအက်စ်ဂျီကို ၂-၁ ဂိုးနဲ့ ပဲရစ်မြို့မှာ နိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ ပွဲထွက် ၁၁ဦးထဲ ဘယ်သူတွေ ခြေစွမ်းအပြနိုင်ဆုံးလဲကို ပရိသတ်တွေ အကဲခတ်လို့ရအောင် သူတို့တစ်ဦးချင်စီရဲ့စွမ်းဆောင်ရည် အမှတ်ပေးမှုကို ဖော်ပြလိုက်ပါတယ်။

ဒီဂီယာ- ၈
ဘာပေး၊ ကူဇာဝါနဲ့ ဒီမာရီယာတို့ရဲ့ အပိုင်ဂိုးသွင်းချက်တွေကို ဒီဂီယာ ကာကွယ်နိုင်ခဲ့ပါတယ်။ မာရှယ်ရဲ့ မျက်စိမှိတ်ပြီးခေါင်းတိုက်ချက်ကို မကာကွယ်နိုင်ပေမယ့် ပြိုင်ဘက်ကစားသမားတွေရဲ့ ဂိုးကန်သွင်းချက်တွေကိုတော့ အမှားအယွင်းမရှိ ကာကွယ်သွားနိုင်ပါတယ်။ ယူနိုက်တက်ရဲ့စွမ်းဆောင်ရည် အကောင်းဆုံးကစားသမားဆိုရင်လည်းမမှားပါဘူး။

တွမ်ဇန်ဘီ(၇.၅)
တွမ်ဇန်ဘီဟာ ၂၀၁၉ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ပြန်ရခဲ့တာဖြစ်ပါတယ်။ ဘာပေးရဲ့တိုက်စစ်တစ်ကြိမ်ကို ဖျက်ထုတ်နိုင်တာအပါအဝင် တစ်ပွဲလုံး အမှားအယွင်းနည်းအောင် ကစားနိုင်ပါတယ်။

လင်ဒီလော့ဖ်(၇)
မက်ဂွိုင်းယား မပါနိုင်ချိန်မှာ ခံစစ်ကို အော်ဟစ်မောင်းနှင်ပြီး ဦးဆောင်ကစားသွားနိုင်ပါတယ်။

လုခ်ရှော(၆.၅)
လုခ်ရှောဟာ ၃ယောက်တန်းခံစစ်ရဲ့ ဘယ်ခြမ်းမှာ ဝင်ကစားခဲ့ရပြီး ဒီမာရီယာကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဘစ်ဆာကာ(၇.၅)
ဘောလုံးအဖျက်တစ်ပေါက်ပိုင်နိုင်လှတဲ့ ဘစ်ဆာကာဟာ ဘာပေးကို အခွင့်အရေးမရအောင် ထိန်းကစားနိုင်ခဲ့ပါတယ်။ overlapလည်း ကောင်းကောင်းလိုက်နိုင်ခဲ့ပါတယ်။

ဖရက်ဒ်(၆.၅)
ယူနိုက်တက်ရဲ့ပွဲထွက်စာရင်းမှာ ပေါ့ဘာကိုကျော်ပြီး ကစားခွင့်ရခဲ့တဲ့ ဖရက်ဒ်ဟာ ပီအက်စ်ဂျီရဲ့တိုက်စစ်ကို ကွင်းလယ်ကတည်းက ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

မက်တွမ်မီနေး(၆.၅)
အတင်းဝင်အတင်းဖျက်ကစားတဲ့တွမ်မီးနေးဟာ အဝါကတ်ပြခံရပြီးနောက်ပိုင်းမှာတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ကစားသွားပါတယ်။

အဲလက်စ်တဲလက်စ်(၆.၅)
မန်ချက်စတာယူနိုက်တက်နဲ့ ပွဲဦးထွက်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ကစားသမားပါ။ တည်ကန်ဘောကျွမ်းကျင်မှုက သူ့အသင်းကို အထောက်အကူပြုလာနိုင်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်(၇)
အသင်းခေါင်းဆောင်လက်ပတ်နဲ့ကစားခွင့်ရခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ပင်နယ်တီကို ၂ကြိမ်ကန်ပြီး အသင်းအတွက် ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ပထမတစ်ကြိမ်သူ့ရဲ့ပင်နယ်တီကန်ချက်ကို ပီအက်စ်ဂျီဂိုးသမား ကေလာနားဗက်စ် ကာကွယ်နိုင်ခဲ့ပေမယ့် ဒိုင်လူကြီးက VARပြန်ကြည့်ပြီးထပ်ကန်ခိုင်းရာမှာတော့ အမှားအယွင်းမရှိအောင် သူကန်သွင်းနိုင်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်(၇)
ပွဲချိန်နောက်ကျဂိုးသွင်းဂိုးနဲ့အတူ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ရဲ့သူရဲကောင်းဖြစ်ခဲ့ပြန်ပါတယ်။

အန်တိုနီမာရှယ်(၆)
ကိုယ့်ဂိုးကိုယ်တစ်ဂိုးပြန်သွင်းမိခဲ့ပေမယ့် အသင်းအတွက် ဦးဆောင်ဂိုးဖြစ်စေမယ့် ပင်နယ်တီဟာ မာရှယ်ကြောင့် ရခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှား(၇.၅)
မန်ချက်စတာယူနိုက်တက်နည်းပြဘဝအစက ပီအက်စ်ဂျီနဲ့ပွဲမှာ သူ့ကိုပရိသတ်တွေနဲ့ဘုတ်အဖွဲ့တွေ impress ဖြစ်အောင်လုပ်နိုင်ခဲ့တဲ့ ဆိုးလ်ရှားဟာ အခုလည်း ဖိအားများနေချိန်မှာ ဘယ်သူမှမထင်မှတ်တဲ့ အခင်းအကျင်းနဲ့ ပရိသတ်အကြိုက်တွေ့မယ့် ချန်ပီယံလိဂ်အဝေးကွင်းနိုင်ပွဲထပ်ယူနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပီအက္စ္ဂ်ီနဲ႔ပြဲက ယူႏိုက္တက္ ကစားသမားတစ္ဦးခ်င္းစီရဲ႕ စြမ္းေဆာင္ရည္အကဲျဖတ္မႈ

ပရီးမီးယားလိဂ္မွာ ဘယ္ေလာက္ပဲ ရလဒ္ဆိုးဆိုး ပီအက္စ္ဂ်ီကေတာ့ ဆိုးလ္ရွားနဲ႔မန္ခ်က္စတာယူႏုိက္တက္တို႔အ တြက္အျဖည့္ခံထပ္ျဖစ္ခဲ့ရျပန္ပါၿပီ။ အခုဆိုရင္ ဆိုးလ္ရွားရဲ႕အသင္းဟာ ၿပိဳင္ပြဲအရပ္ရပ္အေ၀းကြင္းေနာက္ဆံုး ၁၀ပြဲစလံုး အႏိုင္ရတဲ့မွတ္တမ္းေတာင္ရခဲ့ၿပီျဖစ္ပါတယ္။ သူတို႔အသင္းသမိုင္းတေလွ်ာက္ နည္းျပႀကီး ဖာဂူဆန္လက္ထက္ကေတာင္ မရခဲ့ဖူးတဲ့ အေ၀းကြင္းႏုိင္ပြဲဆက္စံခ်ိန္တစ္ခုကို ရသြားတာလည္းျဖစ္ပါတယ္။ နည္းျပ ဆိုးလ္ရွားဟာ တြမ္ဇန္ဘီနဲ႔ လုခ္ေရွာတို႔လို ကစားသမားေတြကို ၃ေယာက္တန္းခံစစ္မွာ လင္ဒီေလာ့ဖ္နဲ႔တြဲၿပီး ၃-၄-၁-၂ ပံုစံသံုးသြားပါတယ္။ ပီအက္စ္ဂ်ီကို ၂-၁ ဂိုးနဲ႔ ပဲရစ္ၿမိဳ႕မွာ ႏိုင္ခဲ့တဲ့ ယူႏိုက္တက္အသင္းရဲ႕ ပြဲထြက္ ၁၁ဦးထဲ ဘယ္သူေတြ ေျခစြမ္းအျပႏိုင္ဆံုးလဲကို ပရိသတ္ေတြ အကဲခတ္လို႔ရေအာင္ သူတို႔တစ္ဦးခ်င္စီရဲ႕စြမ္းေဆာင္ရည္ အမွတ္ေပးမႈကို ေဖာ္ျပလိုက္ပါတယ္။

ဒီဂီယာ- ၈
ဘာေပး၊ ကူဇာ၀ါနဲ႔ ဒီမာရီယာတို႔ရဲ႕ အပိုင္ဂိုးသြင္းခ်က္ေတြကို ဒီဂီယာ ကာကြယ္ႏိုင္ခဲ့ပါတယ္။ မာရွယ္ရဲ႕ မ်က္စိမွိတ္ၿပီးေခါင္းတိုက္ခ်က္ကို မကာကြယ္ႏိုင္ေပမယ့္ ၿပိဳင္ဘက္ကစားသမားေတြရဲ႕ ဂိုးကန္သြင္းခ်က္ေတြကိုေတာ့ အမွားအယြင္းမရွိ ကာကြယ္သြားႏိုင္ပါတယ္။ ယူႏိုက္တက္ရဲ႕စြမ္းေဆာင္ရည္ အေကာင္းဆံုးကစားသမားဆိုရင္လည္းမမွားပါဘူး။

တြမ္ဇန္ဘီ(၇.၅)
တြမ္ဇန္ဘီဟာ ၂၀၁၉ခုႏွစ္ ဒီဇင္ဘာလေနာက္ပိုင္း ပထမဆံုးအႀကိမ္ ပြဲထြက္ခြင့္ျပန္ရခဲ့တာျဖစ္ပါတယ္။ ဘာေပးရဲ႕တိုက္စစ္တစ္ႀကိမ္ကို ဖ်က္ထုတ္ႏိုင္တာအပါအ၀င္ တစ္ပြဲလံုး အမွားအယြင္းနည္းေအာင္ ကစားႏိုင္ပါတယ္။

လင္ဒီေလာ့ဖ္(၇)
မက္ဂြိဳင္းယား မပါႏို္င္ခ်ိန္မွာ ခံစစ္ကို ေအာ္ဟစ္ေမာင္းႏွင္ၿပီး ဦးေဆာင္ကစားသြားႏိုင္ပါတယ္။

လုခ္ေရွာ(၆.၅)
လုခ္ေရွာဟာ ၃ေယာက္တန္းခံစစ္ရဲ႕ ဘယ္ျခမ္းမွာ ၀င္ကစားခဲ့ရၿပီး ဒီမာရီယာကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။

ဘစ္ဆာကာ(၇.၅)
ေဘာလံုးအဖ်က္တစ္ေပါက္ပိုင္ႏိုင္လွတဲ့ ဘစ္ဆာကာဟာ ဘာေပးကို အခြင့္အေရးမရေအာင္ ထိန္းကစားႏိုင္ခဲ့ပါတယ္။ overlapလည္း ေကာင္းေကာင္းလုိက္ႏိုင္ခဲ့ပါတယ္။

ဖရက္ဒ္(၆.၅)
ယူႏိုက္တက္ရဲ႕ပြဲထြက္စာရင္းမွာ ေပါ့ဘာကိုေက်ာ္ၿပီး ကစားခြင့္ရခဲ့တဲ့ ဖရက္ဒ္ဟာ ပီအက္စ္ဂ်ီရဲ႕တိုက္စစ္ကို ကြင္းလယ္ကတည္းက ဖ်က္ထုတ္ႏိုင္ခဲ့ပါတယ္။

မက္တြမ္မီေနး(၆.၅)
အတင္း၀င္အတင္းဖ်က္ကစားတဲ့တြမ္မီးေနးဟာ အ၀ါကတ္ျပခံရၿပီးေနာက္ပိုင္းမွာေတာ့ ထိန္းထိန္းသိမ္းသိမ္းနဲ႔ ကစားသြားပါတယ္။

အဲလက္စ္တဲလက္စ္(၆.၅)
မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပြဲဦးထြက္မွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ကစားသမားပါ။ တည္ကန္ေဘာကၽြမ္းက်င္မႈက သူ႔အသင္းကို အေထာက္အကူျပဳလာႏိုင္ပါတယ္။

ဘရူႏိုဖာနန္ဒက္စ္(၇)
အသင္းေခါင္းေဆာင္လက္ပတ္နဲ႔ကစားခြင့္ရခဲ့တဲ့ ဘရူႏိုဖာနန္ဒက္စ္ဟာ ပင္နယ္တီကို ၂ႀကိမ္ကန္ၿပီး အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ ပထမတစ္ႀကိမ္သူ႔ရဲ႕ပင္နယ္တီကန္ခ်က္ကို ပီအက္စ္ဂ်ီဂိုးသမား ေကလာနားဗက္စ္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ဒိုင္လူႀကီးက VARျပန္ၾကည့္ၿပီးထပ္ကန္ခိုင္းရာမွာေတာ့ အမွားအယြင္းမရွိေအာင္ သူကန္သြင္းႏိုင္ခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္(၇)
ပြဲခ်ိန္ေနာက္က်ဂိုးသြင္းဂိုးနဲ႔အတူ ရက္ရွ္ဖို႔ဒ္ဟာ ယူႏိုက္တက္ရဲ႕သူရဲေကာင္းျဖစ္ခဲ့ျပန္ပါတယ္။

အန္တိုနီမာရွယ္(၆)
ကိုယ့္ဂိုးကိုယ္တစ္ဂိုးျပန္သြင္းမိခဲ့ေပမယ့္ အသင္းအတြက္ ဦးေဆာင္ဂိုးျဖစ္ေစမယ့္ ပင္နယ္တီဟာ မာရွယ္ေၾကာင့္ ရခဲ့တာျဖစ္ပါတယ္။
ဆိုးလ္ရွား(၇.၅)
မန္ခ်က္စတာယူႏုိက္တက္နည္းျပဘ၀အစက ပီအက္စ္ဂ်ီနဲ႔ပြဲမွာ သူ႔ကိုပရိသတ္ေတြနဲ႔ဘုတ္အဖြဲ႔ေတြ impress ျဖစ္ေအာင္လုပ္ႏိုင္ခဲ့တဲ့ ဆိုးလ္ရွားဟာ အခုလည္း ဖိအားမ်ားေနခ်ိန္မွာ ဘယ္သူမွမထင္မွတ္တဲ့ အခင္းအက်င္းနဲ႔ ပရိသတ္အႀကိဳက္ေတြ႔မယ့္ ခ်န္ပီယံလိဂ္အေ၀းကြင္းႏိုင္ပြဲထပ္ယူႏိုင္ခဲ့ပါတယ္။