ပီအက်စ်ဂျီနဲ့ပွဲမှာ အနိုင်ဂိုးသွင်းခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို ကမ္ဘာ့အဆင့်တိုက်စစ်မှူး ဖြစ်လာနိုင်သူလို့ ဖာဒီနန် ချီးကျူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အဝေးကွင်းမှာ ပီအက်စ်ဂျီကို ၂-၁ဂိုးနဲ့အနိုင်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အတွက် အဖိုးတန် နောက်ကျအနိုင်ဂိုးကို သွင်းပေးခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးဖြစ်လာနိုင်သူလို့ ချီးကျူးလိုက်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပီအက်စ်ဂျီအသင်းရဲ့ ဂိုးဧရိယာအစပ်နားကနေ သူ ကန်နေကျ ပုံစံအတိုင်း အားပါလှတဲ့ ကန်ချက်နဲ့ ပီအက်စ်ဂျီဂိုးသမား ကေလာနားဗက်စ်ရဲ့ ညာခြမ်းကို ကန်သွင်းခဲ့တာဖြစ်ပါတယ်။ တိုက်ဆိုင်မှုတစ်ခုက ရက်ရှ်ဖို့ဒ်ရဲ့ ချန်ပီယံလိဂ်သွင်းဂိုးနောက်ဆုံး ၃ဂိုးဟာ အဝေးကွင်းပွဲစဉ်တွေမှာ သွင်းနိုင်ခဲ့တာဖြစ်ပြီး အဲဒီထဲက ၂ဂိုးကတော့ ပီအက်စ်ဂျီအသင်းရဲ့ Parc des Princes ကွင်းမှာသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

BT Sport မှာ ရုပ်/သံ သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ရီယိုဖာဒီနန်က “ဒီကလေးဟာ ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးဖြစ်လာနိုင်ပါတယ်။ ချိန်သားကိုက်လှုပ်ရှားဂိုးသွင်းနိုင်သူဖြစ်လာအောင် သူ ဆက်ကြိုးစားဖို့ လိုပါတယ်။ ဝိန်းရွန်းနီ ဟာ ယူနိုက်တက်ကိုပြောင်းလာတုန်းက ကို့ရို့ကားယားနိုင်တဲ့ ဂိုးတွေသွင်းခဲ့တယ်..မထင်မှတ်တဲ့အချိန်မှာ လျှပ်တစ်ပြက် ကြောက်စရာကောင်းတဲ့ဂိုးတွေ သွင်းခဲ့ပါတယ်။ အခု ရက်ရှ်ဖို့ဒ်ကတော့ မထင်မှတ်တဲ့အချိန်မှာ လျှပ်တစ်ပြက်သွင်းယူတဲ့ သွင်းဂိုးတွေသိပ်မသွင်းနိုင်သေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ဂိုးသွင်းပညာမှာ ဒီအရည်အချင်းကိုလည်း ထပ်ပေါင်းထည့်ဖို့လိုပါတယ်။ ဒီလိုသာ ဂိုးတွေကို ကြုံသလိုသွင်းနိုင်ခဲ့ရင် ဒီကောင်လေးက မယုံကြည်စရာကောင်းလောက်တဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်လာမှာပါ”လို့ ပြောပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ နယူးကာဆယ်ကို ၄-၁ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ခြေစွမ်းပြပြီး ၁ ဂိုးသွင်း၊ ၂ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့်ပွဲပြီးဖို့ ၁၀မိနစ်လောက်အလိုအတွင်း ယူနိုက်တက်ရခဲ့တဲ့ အနိုင်ဂိုး ၃ဂိုးစလုံးဟာ ရက်ရှ်ဖို့ဒ်နဲ့ပါဝင်ပတ်သက်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပီအက္စ္ဂ်ီနဲ႔ပြဲမွာ အႏိုင္ဂိုးသြင္းခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ကို ကမၻာ႔အဆင့္တိုက္စစ္မွဴး ျဖစ္လာႏိုင္သူလို႔ ဖာဒီနန္ ခ်ီးက်ဴး

အေ၀းကြင္းမွာ ပီအက္စ္ဂ်ီကို ၂-၁ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အတြက္ အဖိုးတန္ ေနာက္က်အႏိုင္ဂိုးကို သြင္းေပးခဲ့တဲ့ တိုက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ကို ေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္က ကမၻာ႔အဆင့္ ကစားသမားတစ္ဦးျဖစ္လာႏိုင္သူလို႔ ခ်ီးက်ဴးလိုက္ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ ဂိုးဧရိယာအစပ္နားကေန သူ ကန္ေနက် ပံုစံအတိုင္း အားပါလွတဲ့ ကန္ခ်က္နဲ႔ ပီအက္စ္ဂ်ီဂိုးသမား ေကလာနားဗက္စ္ရဲ႕ ညာျခမ္းကို ကန္သြင္းခဲ့တာျဖစ္ပါတယ္။ တိုက္ဆိုင္မႈတစ္ခုက ရက္ရွ္ဖို႔ဒ္ရဲ႕ ခ်န္ပီယံလိဂ္သြင္းဂိုးေနာက္ဆံုး ၃ဂိုးဟာ အေ၀းကြင္းပြဲစဥ္ေတြမွာ သြင္းႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီထဲက ၂ဂိုးကေတာ့ ပီအက္စ္ဂ်ီအသင္းရဲ႕ Parc des Princes ကြင္းမွာသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

BT Sport မွာ ရုပ္/သံ သံုးသပ္သူအျဖစ္ ေဆာင္ရြက္ေနတဲ့ ရီယိုဖာဒီနန္က “ဒီကေလးဟာ ကမၻာ႔အဆင့္ကစားသမားတစ္ဦးျဖစ္လာႏိုင္ပါတယ္။ ခ်ိန္သားကိုက္လႈပ္ရွားဂိုးသြင္းႏိုင္သူျဖစ္လာေအာင္ သူ ဆက္ႀကိဳးစားဖို႔ လိုပါတယ္။ ၀ိန္းရြန္းနီ ဟာ ယူႏိုက္တက္ကိုေျပာင္းလာတုန္းက ကို႔ရို႔ကားယားႏိုင္တဲ့ ဂိုးေတြသြင္းခဲ့တယ္..မထင္မွတ္တဲ့အခ်ိန္မွာ လွ်ပ္တစ္ျပက္ ေၾကာက္စရာေကာင္းတဲ့ဂိုးေတြ သြင္းခဲ့ပါတယ္။ အခု ရက္ရွ္ဖို႔ဒ္ကေတာ့ မထင္မွတ္တဲ့အခ်ိန္မွာ လွ်ပ္တစ္ျပက္သြင္းယူတဲ့ သြင္းဂိုးေတြသိပ္မသြင္းႏိုင္ေသးပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕ဂိုးသြင္းပညာမွာ ဒီအရည္အခ်င္းကိုလည္း ထပ္ေပါင္းထည့္ဖို႔လိုပါတယ္။ ဒီလိုသာ ဂိုးေတြကို ႀကံဳသလိုသြင္းႏိုင္ခဲ့ရင္ ဒီေကာင္ေလးက မယုံၾကည္စရာေကာင္းေလာက္တဲ့တိုက္စစ္မွဴးတစ္ေယာက္ျဖစ္လာမွာပါ”လို႔ ေျပာပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ နယူးကာဆယ္ကို ၄-၁ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာလည္း ေျခစြမ္းျပၿပီး ၁ ဂိုးသြင္း၊ ၂ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။ အထူးသျဖင့္ပြဲၿပီးဖို႔ ၁၀မိနစ္ေလာက္အလိုအတြင္း ယူႏုိက္တက္ရခဲ့တဲ့ အႏိုင္ဂိုး ၃ဂိုးစလံုးဟာ ရက္ရွ္ဖို႔ဒ္နဲ႔ပါ၀င္ပတ္သက္ခဲ့ပါတယ္။