ပီအက်စ်ဂျီနဲ့ ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် ကစားသမားတွေဆီကနေ တောင်းဆိုမှုတွေ ပြုလုပ်လိုက်တဲ့ ပိုချက်တီနို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စနေနေ့ညက ဘရက်စ်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ပီအက်စ်ဂျီနည်းပြသစ် ပိုချက်တီနိုက သူ့ရဲ့အသင်းမှာ လိုအပ်ချက်တွေရှိနေသေးတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ပထမပိုင်းမှာ မွိုက်စ်ကိန်းရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက် ဒုတိယပိုင်းမှာ ပီအက်စ်ဂျီအတွက် အနိုင်သေချာစေမယ့်ဂိုးတွေကို လူစားဝင်ကစားသမားတွေဖြစ်တဲ့ အီကာဒီ နဲ့ ဆာရာဘီးယားတို့က သွင်းယူပေးခဲ့ပါတယ်။

ပိုချက်တီနိုပထမဆုံးကိုင်တွယ်တဲ့ စိန့်အက်တီယန်နဲ့ပွဲမှာတော့ သရေတစ်မှတ်သာရယူနိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အနိုင်ရရှိခဲ့ပြီး လိုင်ယွန်အသင်းနဲ့ ၁ မှတ်အကွာကို ရောက်ရှိလာခဲ့ပါတယ်။

ဘရက်စ်ကိုအနိုင်ရရှိခဲ့ပေမယ့် ပိုချက်တီနိုက အသင်းမှာလိုအပ်ချက်တွေရှိနေသေးတယ်လို့ ဆိုခဲ့ပါတယ်။ “ရလဒ်ပိုင်းကတော့ ကျေနပ်စရာပါ။

ဒါပေမဲ့ ကျွန်တော့်အသင်းက လိုအပ်ချက်ရှိနေဆဲပါ။ ထိပ်တန်းအဆင့်ရောက်အောင် လုပ်ဆောင်ရဦးမှာပါ”လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။ မက်ပီကတော့ ဘရက်စ်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အကောင်းဆုံးကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ပိုချက်တီနိုကလည်း မက်ပီရဲ့ခြေစွမ်းကို အားရကျေနပ်နေပါတယ်။

“မက်ပီက အကောင်းဆုံးကစားပေးခဲ့ပါတယ်။ သူ့မှာအခွင့်အရေးကောင်းတွေရခဲ့ပေမယ့် ဂိုးတော့ မသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့အတွက် အကောင်းဆုံးဖြစ်ခဲ့ပါတယ်”လို့ ပိုချက်တီနိုက ဆိုပါတယ်။

ပီအက်စ်ဂျီဟာ ဘရက်စ်နဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၀.၉ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး တူချယ်တုန်းကတော့ ပီအက်စ်ဂျီရဲ့ဘောလုံးပိုင်ဆိုင်မှုက ၆၃.၉ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။

ဒါ့အပြင် ပိုချက်တီနိုက အသင်းအတွက်လူစားဝင်လာပြီး တတိယဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ဆာရားဘီးယားကိုလည်း ချီးကျူးခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ဗုဒ္ဓဟူးနေ့မှာ မာဆေးလ်အသင်းနဲ့ ပြင်သစ်ရှုံးထွက်ဖလားဆင်နွှဲရမှာဖြစ်ပြီး ပိုချက်တီနိုအတွက် ပထမဆုံးဆုဖလားရယူနိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပီအက္စ္ဂ်ီနဲ႔ ပထမဆံုးႏိုင္ပြဲရယူႏုိင္ခဲ့ျပီးေနာက္ ကစားသမားေတြဆီကေန ေတာင္းဆိုမႈေတြ ျပဳလုပ္လိုက္တဲ့ ပိုခ်က္တီႏို

စေနေန႔ညက ဘရက္စ္အသင္းကို ၃ ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ေပမယ့္လည္း ပီအက္စ္ဂ်ီနည္းျပသစ္ ပိုခ်က္တီႏိုက သူ႕ရဲ႕အသင္းမွာ လိုအပ္ခ်က္ေတြရွိေနေသးတယ္လုိ႔ အခိုင္အမာေျပာၾကားလိုက္ပါတယ္။

ပထမပိုင္းမွာ မိြိဳက္စ္ကိန္းရဲ႕ဂိုးနဲ႔ ဦးေဆာင္ႏုိင္ခဲ့ျပီးေနာက္ ဒုတိယပိုင္းမွာ ပီအက္စ္ဂ်ီအတြက္ အႏိုင္ေသခ်ာေစမယ့္ဂိုးေတြကို လူစား၀င္ကစားသမားေတြျဖစ္တဲ့ အီကာဒီ နဲ႔ ဆာရာဘီးယားတို႔က သြင္းယူေပးခဲ့ပါတယ္။

ပိုခ်က္တီႏိုပထမဆံုးကိုင္တြယ္တဲ့ စိန္႔အက္တီယန္နဲ႔ပြဲမွာေတာ့ သေရတစ္မွတ္သာရယူႏိုင္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ အႏိုင္ရရွိခဲ့ျပီး လိုင္ယြန္အသင္းနဲ႔ ၁ မွတ္အကြာကို ေရာက္ရွိလာခဲ့ပါတယ္။ ဘရက္စ္ကိုအႏိုင္ရရွိခဲ့ေပမယ့္ ပိုခ်က္တီႏုိက အသင္းမွာလိုအပ္ခ်က္ေတြရွိေနေသးတယ္လို႔ ဆိုခဲ့ပါတယ္။ “ရလဒ္ပိုင္းကေတာ့ ေက်နပ္စရာပါ။ ဒါေပမဲ့ ကြ်န္ေတာ့္အသင္းက လိုအပ္ခ်က္ရွိေနဆဲပါ။ ထိပ္တန္းအဆင့္ေရာက္ေအာင္ လုပ္ေဆာင္ရဦးမွာပါ”လို႔ ပိုခ်က္တီႏုိက ေျပာၾကားခဲ့ပါတယ္။ မက္ပီကေတာ့ ဘရက္စ္နဲ႔ပြဲမွာ ဂိုးမသြင္းႏုိင္ခဲ့ေပမယ့္ အေကာင္းဆံုးကစားႏုိင္ခဲ့တာျဖစ္ပါတယ္။ ပိုခ်က္တီႏိုကလည္း မက္ပီရဲ႕ေျခစြမ္းကို အားရေက်နပ္ေနပါတယ္။

“မက္ပီက အေကာင္းဆံုးကစားေပးခဲ့ပါတယ္။ သူ႕မွာအခြင့္အေရးေကာင္းေတြရခဲ့ေပမယ့္ ဂိုးေတာ့ မသြင္းႏိုင္ခဲ့ပါဘူး။ ဒါေပမဲ့ သူ႕အတြက္ အေကာင္းဆံုးျဖစ္ခဲ့ပါတယ္”လို႔ ပိုခ်က္တီႏိုက ဆိုပါတယ္။ ပီအက္စ္ဂ်ီဟာ ဘရက္စ္နဲ႔႔ပြဲမွာ ေဘာလံုးပိုင္ဆိုင္မႈ ၆၀.၉ ရာခိုင္ႏႈႏ္းအထိ ရွိခဲ့ျပီး တူခ်ယ္တုန္းကေတာ့ ပီအက္စ္ဂ်ီရဲ႕ေဘာလံုးပိုင္ဆိုင္မႈက ၆၃.၉ ရာခိုင္ႏႈန္းအထိ ရွိခဲ့ပါတယ္။ ဒါ့အျပင္ ပိုခ်က္တီႏိုက အသင္းအတြက္လူစား၀င္လာျပီး တတိယဂိုးသြင္းယူေပးႏုိင္ခဲ့တဲ့ ဆာရားဘီးယားကိုလည္း ခ်ီးက်ဴးခဲ့ပါတယ္။ ပီအက္စ္ဂ်ီဟာ ဗုဒၶဟူးေန႔မွာ မာေဆးလ္အသင္းနဲ႔ ျပင္သစ္ရံႈးထြက္ဖလားဆင္ႏႊဲရမွာျဖစ္ျပီး ပိုခ်က္တီႏုိအတြက္ ပထမဆံုးဆုဖလားရယူႏုိင္ဖို႔ အခြင့္အေရးရွိေနပါတယ္။