ပီအက်စ်ဂျီအသင်းနဲ့ ပထမဆုံး ဆုဖလား ရရှိသွားတဲ့ ပိုချက်တီနို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းက မားဆေးလ် အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် မူရီစီယို ပိုချက်တီနိုက သူ့ရဲ့ နည်းပြဘဝအတွင်း ပထမဆုံး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။ စပါးနည်းပြဟောင်းဟာ ယခုလ အစောပိုင်းကမှ ပီအက်စ်ဂျီအသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပြီး တတိယမြောက် ကိုင်တွယ်ခွင့်ရတဲ့ ပွဲစဉ်မှာ ယခုလို The Trophee des Champions ဆုဖလားကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအတွက် အဖွင့်ဂိုးကို အစ်ကာဒီ က အနီးကပ်ပိတ်သွင်းယူခဲ့ပြီး ဒုတိယ ဦးဆောင်ဂိုးကို နေမာက ပင်နယ်တီမှ တဆင့် သွင်းယူပေးခဲ့ပါတယ်။ မာဆေးအတွက် နှစ်သိမ့်ဂိုးတစ်ဂိုးကို Dmitri Payet က ရယူပေးခဲ့ပါတယ်။ The Trophee des Champions ဆိုတာ ပြင်သစ်ရဲ့ ကွန်မြူနတီဒိုင်းလို့ သတ်မှတ်နိုင်ပြီး အမှတ်ပေးချန်ပီယံ နှင့် လိဂ်ဖလား ချန်ပီယံတို့ ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။

ဒဏ်ရာကြောင့် တစ်လကျော် အနားယူနေခဲ့ရတဲ့ နေမာ ပြန်ပါဝင်လာပေမယ့် အစ်ကာဒီက ယခုပွဲစဉ်ရဲ့ အဓိက ကစားသမား ဖြစ်ခဲ့ပါတယ်။ ဦးဆောင်ဂိုးမသွင်းခင် သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့သေးပေမယ့် ခွင့်မပြုခဲ့လို နစ်နာခဲ့ပါတယ်။ ဒါ့အပြင် အသင်းအတွက် ပင်နယ်တီလည်း ရယူပေးခဲ့ပါသေးတယ်။

ပီအက်စ်ဂျီအသင်းက ပြင်သစ်ဘောလုံးလောကကို ဆက်လက်လွှမ်းမိုးထားခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပြည်တွင်းဖလား ဗိုလ်လုပွဲ အကြိမ် ( ၂၀ ) မှာ ( ၁၉ ) ကြိမ်ထိ အနိုင်ရရှိထားပြီး ယခုပြိုင်ပွဲကိုလည်း နောက်ဆုံး ( ၈ ) နှစ် အနိုင်ရရှိထားပါတယ်။

ပိုချက်တီနိုဟာ အက်စပန်ညို ၊ ဆောက်သမ်တန် နှင့် စပါးအသင်းတွေမှာ ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခြင်းမရှိခဲ့ပဲ စပါးအသင်းနဲ့အတူ ( ၂၀၁၅ ) လိဂ်ဖလား နှင့် ( ၂၀၁၉ ) ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်ခဲ့ပါတယ်။ Source : BBC

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ၿပီးခဲ့တဲ့ ညက ကစားခဲ့တဲ့ ပြဲစဥ္မွာ ပီအက္စ္ဂ်ီအသင္းက မားေဆးလ္ အသင္းကို အႏိုင္ရရွိခဲ့ၿပီးေနာက္ မူရီစီယို ပိုခ်က္တီႏိုက သူ႔ရဲ႕ နည္းျပဘဝအတြင္း ပထမဆုံး ခ်န္ပီယံဆုကို ရရွိသြားခဲ့ပါတယ္။ စပါးနည္းျပေဟာင္းဟာ ယခုလ အေစာပိုင္းကမွ ပီအက္စ္ဂ်ီအသင္း နည္းျပသစ္အျဖစ္ ခန႔္အပ္ျခင္း ခံခဲ့ရၿပီး တတိယေျမာက္ ကိုင္တြယ္ခြင့္ရတဲ့ ပြဲစဥ္မွာ ယခုလို The Trophee des Champions ဆုဖလားကို ရရွိခဲ့တာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းအတြက္ အဖြင့္ဂိုးကို အစ္ကာဒီ က အနီးကပ္ပိတ္သြင္းယူခဲ့ၿပီး ဒုတိယ ဦးေဆာင္ဂိုးကို ေနမာက ပင္နယ္တီမွ တဆင့္ သြင္းယူေပးခဲ့ပါတယ္။ မာေဆးအတြက္ ႏွစ္သိမ့္ဂိုးတစ္ဂိုးကို Dmitri Payet က ရယူေပးခဲ့ပါတယ္။ The Trophee des Champions ဆိုတာ ျပင္သစ္ရဲ႕ ကြန္ျမဴနတီဒိုင္းလို႔ သတ္မွတ္ႏိုင္ၿပီး အမွတ္ေပးခ်န္ပီယံ ႏွင့္ လိဂ္ဖလား ခ်န္ပီယံတို႔ ယွဥ္ၿပိဳင္ရတာ ျဖစ္ပါတယ္။ ဒဏ္ရာေၾကာင့္ တစ္လေက်ာ္ အနားယူေနခဲ့ရတဲ့ ေနမာ ျပန္ပါဝင္လာေပမယ့္ အစ္ကာဒီက ယခုပြဲစဥ္ရဲ႕ အဓိက ကစားသမား ျဖစ္ခဲ့ပါတယ္။ ဦးေဆာင္ဂိုးမသြင္းခင္ သြင္းဂိုးတစ္ဂိုး ရယူေပးခဲ့ေသးေပမယ့္ ခြင့္မျပဳခဲ့လို နစ္နာခဲ့ပါတယ္။ ဒါ့အျပင္ အသင္းအတြက္ ပင္နယ္တီလည္း ရယူေပးခဲ့ပါေသးတယ္။

ပီအက္စ္ဂ်ီအသင္းက ျပင္သစ္ေဘာလုံးေလာကကို ဆက္လက္လႊမ္းမိုးထားခဲ့ပါတယ္။ ေနာက္ဆုံး ကစားခဲ့တဲ့ ျပည္တြင္းဖလား ဗိုလ္လုပြဲ အႀကိမ္ ( ၂၀ ) မွာ ( ၁၉ ) ႀကိမ္ထိ အႏိုင္ရရွိထားၿပီး ယခုၿပိဳင္ပြဲကိုလည္း ေနာက္ဆုံး ( ၈ ) ႏွစ္ အႏိုင္ရရွိထားပါတယ္။ ပိုခ်က္တီႏိုဟာ အက္စပန္ညိဳ ၊ ေဆာက္သမ္တန္ ႏွင့္ စပါးအသင္းေတြမွာ ဆုဖလားေအာင္ျမင္မႈေတြ ရယူႏိုင္ျခင္းမရွိခဲ့ပဲ စပါးအသင္းနဲ႔အတူ ( ၂၀၁၅ ) လိဂ္ဖလား ႏွင့္ ( ၂၀၁၉ ) ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲေတြမွာ ရႈံးနိမ့္ခဲ့ပါတယ္။ Source : BBC