ပီအက်စ်ဂျီအသင်းရဲ့ နံပါတ် ( ၁ ) ပစ်မှတ်ဖြစ်နေတဲ့ အဂွဲရိုး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပိုချက်တီနိုက ပီအက်စ်ဂျီအသင်းနည်းပြအနေနဲ့ ပထမဆုံး ခေါ်မှုအတွက် ဆာဂျီယို အဂွဲရိုးကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ အာဂျင်တီးနား တိုက်စစ်မှူးဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း နောက်ဆုံး ( ၆ ) လထဲ ရောက်ရှိနေပြီး ယခုနှစ် ရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်း နှင့် ထိပ်တန်းဂိုးသွင်းရှင်တို့ကြား စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် ပိုချက်တီနိုက အဆင်သင့် ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အဂွဲရိုးအနေနဲ့ နွေရာသီမှာ အလွတ်ပြောင်းရွေ့ကြေးနဲ့ အသင်းပြောင်းရွေ့ခွင့်ရှိနေပြီး ယခုလအတွင်း ဥရောပကလပ်အသင်းတစ်သင်းနဲ့ ကြိုတင်သဘောတူညီမှုစာချုပ် ချုပ်ဆိုခွင့် ရှိနေတာ ဖြစ်ပါတယ်။

ဘောလုံး အေးဂျင့် Bruno Satin အရ ပိုချက်က အသက် ( ၃၂ ) နှစ်အရွယ် တိုက်စစ်မှူးကို ကိုင်လီယန် အမ်ဘာပေ ၊ နေမာတို့နဲ့ တွဲကစားစေဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ပက် ဂွာဒီယိုလာရဲ့ အသင်းအတွက် ( ၂၅၆ ) ဂိုး သွင်းယူပေးထားတဲ့ အဂွဲရိုးဟာ ဒီရာသီအတွင်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး ပရီမီးယားလိဂ် ပွဲစဉ် ( ၅ ) ပွဲသာ ပါဝင်ခွင့်ရထားတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အဂွဲရိုးရဲ့ တစ်ပတ်လုပ်ခ လစာ ပေါင် ( ၂၃၀ ၀၀၀ ) ကို ပေးချေနိုင်တဲ့ အသင်းတစ်သင်းဖြစ်ပြီး ကာဗာနီ ထွက်ခွာသွားပြီးကတည်းက တိုက်စစ်မှူးတစ်ဦး ရှာဖွေနေတာ ဖြစ်ပါတယ်။ Source : The Sun

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပိုခ်က္တီႏိုက ပီအက္စ္ဂ်ီအသင္းနည္းျပအေနနဲ႔ ပထမဆုံး ေခၚမႈအတြက္ ဆာဂ်ီယို အဂြဲ႐ိုးကို ပစ္မွတ္ထားေနေၾကာင္း သိရပါတယ္။ အာဂ်င္တီးနား တိုက္စစ္မႉးဟာ မန္စီးတီးနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆုံး ( ၆ ) လထဲ ေရာက္ရွိေနၿပီး ယခုႏွစ္ ရာသီကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။

မန္စီးတီးအသင္း ႏွင့္ ထိပ္တန္းဂိုးသြင္းရွင္တို႔ၾကား စာခ်ဳပ္သက္တမ္းတိုးဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနေပမယ့္ ပိုခ်က္တီႏိုက အဆင္သင့္ ေခၚယူႏိုင္ဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ အဂြဲ႐ိုးအေနနဲ႔ ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႔ အသင္းေျပာင္းေ႐ြ႕ခြင့္ရွိေနၿပီး ယခုလအတြင္း ဥေရာပကလပ္အသင္းတစ္သင္းနဲ႔ ႀကိဳတင္သေဘာတူညီမႈစာခ်ဳပ္ ခ်ဳပ္ဆိုခြင့္ ရွိေနတာ ျဖစ္ပါတယ္။

ေဘာလုံး ေအးဂ်င့္ Bruno Satin အရ ပိုခ်က္က အသက္ ( ၃၂ ) ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ကိုင္လီယန္ အမ္ဘာေပ ၊ ေနမာတို႔နဲ႔ တြဲကစားေစဖို႔ ဆႏၵရွိေနတာ ျဖစ္ပါတယ္။ ပက္ ဂြာဒီယိုလာရဲ႕ အသင္းအတြက္ ( ၂၅၆ ) ဂိုး သြင္းယူေပးထားတဲ့ အဂြဲ႐ိုးဟာ ဒီရာသီအတြင္း ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ေနရၿပီး ပရီမီးယားလိဂ္ ပြဲစဥ္ ( ၅ ) ပြဲသာ ပါဝင္ခြင့္ရထားတာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ အဂြဲ႐ိုးရဲ႕ တစ္ပတ္လုပ္ခ လစာ ေပါင္ ( ၂၃၀ ၀၀၀ ) ကို ေပးေခ်ႏိုင္တဲ့ အသင္းတစ္သင္းျဖစ္ၿပီး ကာဗာနီ ထြက္ခြာသြားၿပီးကတည္းက တိုက္စစ္မႉးတစ္ဦး ရွာေဖြေနတာ ျဖစ္ပါတယ္။ Source : The Sun