ပီအက်စ်ဂျီ အသင်းသားတွေ ဂိုးမသွင်းနိုင်ခဲ့တဲ့ ဒီဂီယာကို ချီးကျူးရင် သူ့ကို ယုံကြည့်နေရာပေးတဲ့ ဆိုးလ်ရှားကိုလည်း credit ပေးရမယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီအက်စ်ဂျီနဲ့ပွဲမှာ အနိုင်ဂိုးသွင်းသွားတဲ့ ရက်ရှိဖို့ဒ်ကို ချီးကျူးနေကြသလို ဂိုးသမားဒီဂီယာရဲ့လက်စွမ်းကိုလည်း စူပါတန်းအဖြစ် သတ်မှတ်သင့်တယ်လို့ ကစားဖော်ဟောင်း ဒါရင်းဖလက်ချာက ပြောကြားခဲ့ပါတယ်။ ဒီဂီယာ တစ်ချို့ပွဲတွေမှာ အမှားအယွင်းပြုလုပ်ခဲ့တာတွေရှိသလို မနှစ်က ရှက်ဖီးလ်မှာ လက်စွမ်းပြခဲ့တဲ့ ဟန်ဒါဆန်ကိုလည်း မနယူက အငှားချထားတာကနေ ပြန်ခေါ်ထားတာကြောင့် ဒီရာသီမှာ ဒီဂီယာပုံမှန်ပွဲထွက်ခွင့်ရဖို့ မသေချာဘဲ ဆိုးလ်ရှားက အပြောင်းအလဲတွေလုပ်တော့မယ်လို့ ထင်ချင်စရာဖြစ်ခဲ့တာပါ။

ဒါပေမယ့် ဖလက်ချာကတော့ ဟန်ဒါဆင်ကို အသင်းစီပြန်ခေါ်ခဲ့တာဟာ ဒီဂီယာကို ပိုကြိုးစားပြီး နေရာမဖယ်ပေးရအောင် လုပ်ပြဖို့ တွန်းအားပေးဖို့ အတွက်ပဲဖြစ်တယ်လို့ ဆိုလာပါတယ်။ ဖလက်ချာက ” ဟန်ဒါဆန်က ဘာလို့ ပြန်ခေါ်ထားလဲဆိုတာ လူတွေက သိချင်နေကြတယ်။ တကယ်တော့ ဒါက ဒီဂီယာကို ပိုပြီးတွန်းအားပေး ကြိုးစားစေဖို့ပါ။ ရိုမီရိုက ဒုတိယဦးစားပေးနေရာမှာ ဘယ်တော့မှ စောဒကမတက်ခဲ့ပါဘူး။

ဟန်ဒါဆန်က လူငယ်ဆိုတော့ အရမ်းကြိုးစားနေပြီး ဒီဂီယာလည်း သူ့ရဲ့နေရာ မဖယ်ပေးရအောင် တွန်းအားပေပြီးသားဖြစ်သွားပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲမှာ သူ့ရဲ့လက်စွမ်းက စူပါ ပါပဲ။ ပီအက်စ်ဂျီ ကစားသမားတွေ သူ့ကို ဂိုးမသွင်းနိုင်ခဲ့ကြပါဘူး။” လို့ပြောသွားခဲ့ပါတယ်။

နောက်ခံလူဟောင်းဖာဒီနန်ကတော့ ဒီဂီယာကို ယုံကြည်မှုတွေပေးခဲ့တဲ့ ဆိုးလ်ရှားကိုလည်း credit ပေးသင့်တယ်လို့ဆိုပါတယ်။ သူက ” ဒီဂီယာက အမှားတွေ လုပ်ခဲ့ဖူးပါတယ်။ တစ်ပွဲ နှစ်ပွဲလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဆိုးလ်ရှားက သူ့အပေါ် အမြဲယုံကြည်မှုပေးခဲ့ပါတယ်။ ဒါကြောင့် ဒီဂီယာကို ချီးကျူးရင် သူ့အပေါ် ယုံကြည်နေရာပေးတဲ့ ဆိုးလ်ရှားကိုလည်း credit ပေးရမှာပါ” လို့ပြောသွားခဲ့ပါတယ်။

တစ်ခါတလေ ကျွန်တော်တို့ဘဝမှာလည်း အမှားအယွင်းတွေ လုပ်ခဲ့မိရင်တောင် ဆက်လက်ယုံကြည်ပေးပြီး အခွင့်အရေးပေးတဲ့သူတွေ ရှိဖို့လိုတယ်မဟုတ်ပါလား။ တကယ်လို့ ဆိုးလ်ရှားသာ ဒီဂီယာအပေါ် မယုံကြည်ခဲ့ရင် အခုလို ပဲရစ်အောင်ပွဲညမျိုး ဖြစ်လာမလာဆိုတာ မပြောနိုင်ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပီအက္စ္ဂ်ီ အသင္းသားေတြ ဂိုးမသြင္းႏိုင္ခဲ႔တဲ႔ ဒီဂီယာကို ခ်ီးက်ဴးရင္ သူ႔ကို ယံုၾကည္႔ေနရာေပးတဲ႔ ဆိုးလ္ရွားကိုလည္း credit ေပးရမယ္

ပီအက္စ္ဂ်ီနဲ႔ပြဲမွာ အႏိုင္ဂိုးသြင္းသြားတဲ႔ ရက္ရွိဖို႔ဒ္ကို ခ်ီးက်ဴးေနၾကသလို ဂိုးသမားဒီဂီယာရဲ႕လက္စြမ္းကိုလည္း စူပါတန္းအျဖစ္ သတ္မွတ္သင္႔တယ္လို႔ ကစားေဖာ္ေဟာင္း ဒါရင္းဖလက္ခ်ာက ေျပာၾကားခဲ႔ပါတယ္။ ဒီဂီယာ တစ္ခ်ုိ႕ပြဲေတြမွာ အမွားအယြင္းျပဳလုပ္ခဲ႔တာေတြရွိသလို မႏွစ္က ရွက္ဖီးလ္မွာ လက္စြမ္းျပခဲ႔တဲ႔ ဟန္ဒါဆန္ကိုလည္း မနယူက အငွားခ်ထားတာကေန ျပန္ေခၚထားတာေၾကာင္႔ ဒီရာသီမွာ ဒီဂီယာပံုမွန္ပြဲထြက္ခြင္႔ရဖို႔ မေသခ်ာဘဲ ဆိုးလ္ရွားက အေျပာင္းအလဲေတြလုပ္ေတာ႔မယ္လို႔ ထင္ခ်င္စရာျဖစ္ခဲ႔တာပါ။

ဒါေပမယ္႔ ဖလက္ခ်ာကေတာ႔ ဟန္ဒါဆင္ကို အသင္းစီျပန္ေခၚခဲ႔တာဟာ ဒီဂီယာကို ပိုၾကိဳးစားျပီး ေနရာမဖယ္ေပးရေအာင္ လုပ္ျပဖို႔ တြန္းအားေပးဖို႔ အတြက္ပဲျဖစ္တယ္လို႔ ဆိုလာပါတယ္။ ဖလက္ခ်ာက ” ဟန္ဒါဆန္က ဘာလို႔ ျပန္ေခၚထားလဲဆိုတာ လူေတြက သိခ်င္ေနၾကတယ္။ တကယ္ေတာ႔ ဒါက ဒီဂီယာကို ပိုျပီးတြန္းအားေပး ၾကိဳးစားေစဖို႔ပါ။ ရိုမီရိုက ဒုတိယဦးစားေပးေနရာမွာ ဘယ္ေတာ႔မွ ေစာဒကမတက္ခဲ႔ပါဘူး။ ဟန္ဒါဆန္က လူငယ္ဆိုေတာ႔ အရမ္းၾကိဳးစားေနျပီး ဒီဂီယာလည္း သူ႕ရဲ႕ေနရာ မဖယ္ေပးရေအာင္ တြန္းအားေပျပီးသားျဖစ္သြားပါတယ္။ ပီအက္စ္ဂ်ီနဲ႔ပြဲမွာ သူ႔ရဲ႔လက္စြမ္းက စူပါ ပါပဲ။ ပီအက္စ္ဂ်ီ ကစားသမားေတြ သူ႔ကို ဂိုးမသြင္းႏိုင္ခဲ႔ၾကပါဘူး။” လို႔ေျပာသြားခဲ႔ပါတယ္။

ေနာက္ခံလူေဟာင္းဖာဒီနန္ကေတာ႔ ဒီဂီယာကို ယံုၾကည္မႈေတြေပးခဲ႔တဲ႔ ဆိုးလ္ရွားကိုလည္း credit ေပးသင္႔တယ္လို႔ဆိုပါတယ္။ သူက ” ဒီဂီယာက အမွားေတြ လုပ္ခဲ႔ဖူးပါတယ္။ တစ္ပြဲ ႏွစ္ပြဲလည္း မဟုတ္ပါဘူး။ ဒါေပမယ္႔ ဆိုးလ္ရွားက သူ႔အေပၚ အျမဲယံုၾကည္မႈေပးခဲ႔ပါတယ္။ ဒါေၾကာင္႔ ဒီဂီယာကို ခ်ီးက်ဴးရင္ သူ႔အေပၚ ယံုၾကည္ေနရာေပးတဲ႔ ဆိုးလ္ရွားကိုလည္း credit ေပးရမွာပါ” လို႔ေျပာသြားခဲ႔ပါတယ္။

တစ္ခါတေလ ကြ်န္ေတာ္တို႔ဘ၀မွာလည္း အမွားအယြင္းေတြ လုပ္ခဲ႔မိရင္ေတာင္ ဆက္လက္ယံုၾကည္ေပးျပီး အခြင္႔အေရးေပးတဲ႔သူေတြ ရွိဖို႔လိုတယ္မဟုတ္ပါလား။ တကယ္လို႔ ဆိုးလ္ရွားသာ ဒီဂီယာအေပၚ မယံုၾကည္ခဲ႔ရင္ အခုလို ပဲရစ္ေအာင္ပြဲညမ်ိုး ျဖစ္လာမလာဆိုတာ မေျပာႏိုင္ပါဘူး။