
ဒေးဗစ်ဘက်ဟမ်းဟာကာတာအတွက်သံတမန်အဖြစ်ဆောင်ရွက်ရန်
ပေါင်သန်း၁၅၀တန်စာချုပ်ချုပ်ဆိုခဲ့တဲ့ အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူး
ဂယ်ရီလိုင်နီကာရဲ့ ရှုံ့ချဝေဖန်မှုခံခဲ့ရပါတယ်။
ဒေးဗစ်ဘက်ဟမ်းဟာကာတာနှင့်ပေါင်သန်း၁၅၀တန် ၁၀နှစ်စာချုပ်
ချုပ်ဆိုခဲ့တာဖြစ်ပြီးလာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို
လူစိတ်ဝင်စားလာအောင်ကူညီရမယ့်အပြင်ကာတာရဲ့ခရီးသွားလုပ်ငန်း
တိုးတက်ရေးအတွက်ပါဝင်လုပ်ဆောင်ပေးသွားရပါမယ်။
ဒါပေမယ့်အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဂယ်ရီလိုင်နီကာကမိမိကိုသာ
ကာတာကကမ်းလှမ်းလာလျှင်ငြင်းပယ်သွားမည်ဖြစ်ကြောင်းဆိုလာပါတယ်။
ဂယ်ရီလိုင်နီကာက “ကျွန်တော်လုပ်လေ့ရှိတဲ့အရှိမဟုတ်ပါဘူး။
ဒါပေမယ့်ဒါကသူ့ကိစ္စပါ။ကမ္ဘာ့ဖလားမှာကာတာအတွက်အလုပ်
လုပ်ပေးမလားလို့မေးလာရင် သေချာပေါက် No လို့ဖြေပါမယ်။
သူတို့ဘက်ကငွေပေးချင်ချင်မပေးချင်ချင်မလုပ်မှာသေချာပါတယ်”လို့ပြောကြားခဲ့ပါတယ်။
စပါးစ်နှင့်ဘာစီလိုနာတိုက်စစ်မှူးဟောင်းဟာကာတာမှာကမ္ဘာ့ဖလား
ကျင်းပခွင့်ရရှိရေးအတွက်လာဘ်ပေးလာဘ်ယူပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့်
လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်နေတဲ့နိုင်ငံဖြစ်ကြောင်းလည်းဝေဖန်ထောက်ပြသွားပါတယ်။
ဘက်ဟမ်းနှင့်လိုင်နီကာတို့ဟာ၂၀၀၉ခုနှစ်တုန်းက၂၀၁၈ကမ္ဘာ့ဖလား
ပြိုင်ပွဲအိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိရေးလုပ်ဆောင်ခဲ့ပေမယ့်ရုရှားကိုရှုံးနိမ့်ခဲ့ပါတယ်။
တဖက်တွင်ဒေးဗစ်ဘက်ဟမ်းဟာကာတာတွင်အမျိုးသမီးအခွင့်အရေး၊
အလုပ်သမားအခွင့်အရေးတွေချိုးဖောက်ခြင်းခံနေရမှုများနှင့်ပတ်သက်ပြီးတော့
လူသိရှင်ကြားပြောကြားရန် တိုက်တွန်းမှုခံနေရပါတယ်။
zawgyi
ေပါင္သန္း၁၅၀တန္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့ ဘက္ဟမ္းကို ရႈံ႕ခ်ေဝဖန္လိုက္တဲ့ ဂယ္ရီလိုင္နီကာ
ေဒးဗစ္ဘက္ဟမ္းဟာကာတာအတြက္သံတမန္အျဖစ္ေဆာင္႐ြက္ရန္
ေပါင္သန္း၁၅၀တန္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့ အဂၤလန္ဂႏၴဝင္တိုက္စစ္မႉး
ဂယ္ရီလိုင္နီကာရဲ႕ ရႈံ႕ခ်ေဝဖန္မႈခံခဲ့ရပါတယ္။
ေဒးဗစ္ဘက္ဟမ္းဟာကာတာႏွင့္ေပါင္သန္း၁၅၀တန္ ၁၀ႏွစ္စာခ်ဳပ္
ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီးလာမယ့္ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကို
လူစိတ္ဝင္စားလာေအာင္ကူညီရမယ့္အျပင္ကာတာရဲ႕ခရီးသြားလုပ္ငန္း
တိုးတက္ေရးအတြက္ပါဝင္လုပ္ေဆာင္ေပးသြားရပါမယ္။
ဒါေပမယ့္အဂၤလန္ဂႏၴဝင္တိုက္စစ္မႉးဂယ္ရီလိုင္နီကာကမိမိကိုသာ
ကာတာကကမ္းလွမ္းလာလွ်င္ျငင္းပယ္သြားမည္ျဖစ္ေၾကာင္းဆိုလာပါတယ္။
ဂယ္ရီလိုင္နီကာက “ကြၽန္ေတာ္လုပ္ေလ့ရွိတဲ့အရွိမဟုတ္ပါဘူး။
ဒါေပမယ့္ဒါကသူ႔ကိစၥပါ။ကမာၻ႔ဖလားမွာကာတာအတြက္အလုပ္
လုပ္ေပးမလားလို႔ေမးလာရင္ ေသခ်ာေပါက္ No လို႔ေျဖပါမယ္။
သူတို႔ဘက္ကေငြေပးခ်င္ခ်င္မေပးခ်င္ခ်င္မလုပ္မွာေသခ်ာပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။
စပါးစ္ႏွင့္ဘာစီလိုနာတိုက္စစ္မႉးေဟာင္းဟာကာတာမွာကမာၻ႔ဖလား
က်င္းပခြင့္ရရွိေရးအတြက္လာဘ္ေပးလာဘ္ယူျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္
လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားျပဳလုပ္ေနတဲ့ႏိုင္ငံျဖစ္ေၾကာင္းလည္းေဝဖန္ေထာက္ျပသြားပါတယ္။
ဘက္ဟမ္းႏွင့္လိုင္နီကာတို႔ဟာ၂၀၀၉ခုႏွစ္တုန္းက၂၀၁၈ကမာၻ႔ဖလား
ၿပိဳင္ပြဲအိမ္ရွင္အျဖစ္က်င္းပခြင့္ရရွိေရးလုပ္ေဆာင္ခဲ့ေပမယ့္႐ုရွားကိုရႈံးနိမ့္ခဲ့ပါတယ္။
တဖက္တြင္ေဒးဗစ္ဘက္ဟမ္းဟာကာတာတြင္အမ်ိဳးသမီးအခြင့္အေရး၊
အလုပ္သမားအခြင့္အေရးေတြခ်ိဳးေဖာက္ျခင္းခံေနရမႈမ်ားႏွင့္ပတ္သက္ၿပီးေတာ့
လူသိရွင္ၾကားေျပာၾကားရန္ တိုက္တြန္းမႈခံေနရပါတယ္။