ပေါင် ၇၂သန်းအထိ တိုးမြှင့်ကမ်းလှမ်းထားတဲ့အတွက် ယူရိုအပြီးမှာ ဆန်ချိုကို ယူနိုက်တက် စာချုပ်နိုင်မယ်

ယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူနိုင်ဖို့အတွက် အနီးစပ်ဆုံးအဆင့်ကို ရောက်ရှိသွားပြီလို့ သိရပါတယ်။

ဆန်ချိုအတွက် ယူနိုက်တက်က ပေါင် ၇၂ သန်းနဲ့ ကမ်းလှမ်းထားခဲ့တယ်လို့ သိရပြီး ဒေါ့မွန်က အရင်ကမ်းလှမ်းထားတဲ့ ပေါင် ၆၇ သန်း ပမာဏကို ငြင်းဆန်ခဲ့ပေမယ့် နောက်ထပ် တိုးမြှင့်ပေးချေမှုကိုတော့ လက်ခံတော့မယ်လို့ သိရပါတယ်။

အင်္ဂလန်ကစားသမားဟာ ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့ အစောပိုင်းကတည်းက သတင်းတွေမှာ ဖော်ပြထားတာဖြစ်ပြီး ပြောင်းရွှေ့ကြေးကိစ္စက ကလပ်နှစ်သင်းကြားဆွေးနွေးမှုတွေက ကြာမြင့်နေခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်က ဆန်ချိုကို နွေရာသီပထမဆုံးခေါ်ယူမှုအနေနဲ့ ပြုလုပ်ချင်နေပြီး အရခေါ်နိုင်ဖို့လည်း ကြိုးစားနေတယ်လို့ Goalက ဖော်ပြထားခဲ့ပါတယ်။

ပြောင်းရွှေ့ကြေးဟာ ပေါင် ၇၇ သန်းခန့်နဲ့ သဘောတူညီမယ်လို့လည်း ခန့်မှန်းထားပြီး ပြောင်းရွှေ့ကြေးကို အရစ်ကျပေးသွင်းဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

ဒေါ့မွန်ကလည်း ဆန်ချိုနေရာအတွက် နာ်သာလန် ပီအက်ဗွီအသင်းက ကြယ်ပွင့် မာလန်ကို ချိတ်ဆက်နေပြီး သဘောတူညီမှုရရှိသွားပြီလို့ သိရပါတယ်။

ဒါကြောင့် ဆန်ချိုကိုရောင်းချသွားဖို့က ပိုမိုသေချာသွားပြီလို့ သတင်းဌာနတွေက ဖော်ပြခဲ့ကြတာဖြစ်ပြီး လက်ရှိကျင်းပနေတဲ့ ယူရိုပြိုင်ပွဲပြီးတာနဲ့ တရားဝင်ကြေညာချက် ထွက်ပေါ်လာမယ်လို့လည်း ရေးသားခဲ့ကြတာဖြစ်ပါတယ်။

ဆန်ချိုကတော့ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် အုပ်စုပွစြဉ်တွေ ပြီးဆုံးသွားတဲ့အချိန်အထိ စုစုပေါင်း ၆ မိနစ်သာကစားပေးထားရတဲ့သူဖြစ်ပြီး သူ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေပါတယ်။

ဒါပေမယ့် ယူနိုက်တက်ရဲ့ အသည်းအသန် ကြိုးစားနေတာအပြင် နာမည်ကျော် အားကစားသတင်းထောက် ရိုမာနိုရဲ့ ဖော်ပြချက်တွေကြောင့်

ဆန်ချိုဟာ ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားတာ သေချာနေပြီး ယူရိုပြိုင်ပွဲ ပြီးတာနဲ့ အပြောင်းအရွှေ့အတွက် လက်မှတ်ရေးထိုးဖို့ ဖြစ်လာမယ်လို့ ယုံကြည်ရပါတယ်။

Zawgyi

ေပါင္ ၇၂ သန္းအထိ တိုးျမႇင့္ကမ္းလွမ္းထားတဲ့အတြက္ ယူ႐ိုအၿပီးမွာ ဆန္ခ်ိဳကို ယူႏိုက္တက္ စာခ်ဳပ္ႏိုင္မယ္

ယူႏိုက္တက္အသင္းဟာ ေဒါ့မြန္ေတာင္ပံကစားသမား ဆန္ခ်ိဳကို ေခၚယူႏိုင္ဖို႔အတြက္ အနီးစပ္ဆုံးအဆင့္ကို ေရာက္ရွိသြားၿပီလို႔ သိရပါတယ္။ ဆန္ခ်ိဳအတြက္ ယူႏိုက္တက္က ေပါင္ ၇၂ သန္းနဲ႔ ကမ္းလွမ္းထားခဲ့တယ္လို႔ သိရၿပီး ေဒါ့မြန္က အရင္ကမ္းလွမ္းထားတဲ့ ေပါင္ ၆၇ သန္း ပမာဏကို ျငင္းဆန္ခဲ့ေပမယ့္ ေနာက္ထပ္ တိုးျမႇင့္ေပးေခ်မႈကိုေတာ့ လက္ခံေတာ့မယ္လို႔ သိရပါတယ္။

အဂၤလန္ကစားသမားဟာ ယူႏိုက္တက္နဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈ ရရွိထားၿပီးျဖစ္တယ္လို႔ အေစာပိုင္းကတည္းက သတင္းေတြမွာ ေဖာ္ျပထားတာျဖစ္ၿပီး ေျပာင္းေ႐ႊ႕ေၾကးကိစၥက ကလပ္ႏွစ္သင္းၾကားေဆြးေႏြးမႈေတြက ၾကာျမင့္ေနခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္က ဆန္ခ်ိဳကို ေႏြရာသီပထမဆုံးေခၚယူမႈအေနနဲ႔ ျပဳလုပ္ခ်င္ေနၿပီး အရေခၚႏိုင္ဖို႔လည္း ႀကိဳးစားေနတယ္လို႔ Goalက ေဖာ္ျပထားခဲ့ပါတယ္။

ေျပာင္းေ႐ႊ႕ေၾကးဟာ ေပါင္ ၇၇ သန္းခန႔္နဲ႔ သေဘာတူညီမယ္လို႔လည္း ခန႔္မွန္းထားၿပီး ေျပာင္းေ႐ႊ႕ေၾကးကို အရစ္က်ေပးသြင္းဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။

ေဒါ့မြန္ကလည္း ဆန္ခ်ိဳေနရာအတြက္ နာ္သာလန္ ပီအက္ဗြီအသင္းက ၾကယ္ပြင့္ မာလန္ကို ခ်ိတ္ဆက္ေနၿပီး သေဘာတူညီမႈရရွိသြားၿပီလို႔ သိရပါတယ္။ ဒါေၾကာင့္ ဆန္ခ်ိဳကိုေရာင္းခ်သြားဖို႔က ပိုမိုေသခ်ာသြားၿပီလို႔ သတင္းဌာနေတြက ေဖာ္ျပခဲ့ၾကတာျဖစ္ၿပီး လက္ရွိက်င္းပေနတဲ့ ယူ႐ိုၿပိဳင္ပြဲၿပီးတာနဲ႔ တရားဝင္ေၾကညာခ်က္ ထြက္ေပၚလာမယ္လို႔လည္း ေရးသားခဲ့ၾကတာျဖစ္ပါတယ္။

ဆန္ခ်ိဳကေတာ့ ယူ႐ိုၿပိဳင္ပြဲမွာ အဂၤလန္အသင္းအတြက္ အုပ္စုပြျစဥ္ေတြ ၿပီးဆုံးသြားတဲ့အခ်ိန္အထိ စုစုေပါင္း ၆ မိနစ္သာကစားေပးထားရတဲ့သူျဖစ္ၿပီး သူ႔အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး ႏႈတ္ဆိတ္ေနပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္ရဲ႕ အသည္းအသန္ ႀကိဳးစားေနတာအျပင္ နာမည္ေက်ာ္ အားကစားသတင္းေထာက္ ႐ိုမာႏိုရဲ႕ ေဖာ္ျပခ်က္ေတြေၾကာင့္ ဆန္ခ်ိဳဟာ ယူႏိုက္တက္နဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရရွိထားတာ ေသခ်ာေနၿပီး ယူ႐ိုၿပိဳင္ပြဲ ၿပီးတာနဲ႔ အေျပာင္းအေ႐ႊ႕အတြက္ လက္မွတ္ေရးထိုးဖို႔ ျဖစ္လာမယ္လို႔ ယုံၾကည္ရပါတယ္။