ပေါ့ဂ်ဘာနဲ့ ယူနိုက်တက်ရဲ့ အနာဂတ်… ဖာဒီနန်ကမေး၊ ပေါ့ဘာကဖြေ၊

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းမှာ ပေါ့ဘာတစ်ယောက် ဆက်ရှိ၊မရှိနဲ့ ပတ်သက်ပြီး သတင်းများစွာ ထွက်ရှိနေဆဲပါ။ ဘောလုံး အရေးသုံးသပ်သူတွေကလည်း ပေါ့ဘာနဲ့ ပတ်သက်ပြီး ယူနိုက်တက်ကို အမျိုးမျိုး အကြံတွေပေးထားကြပါတယ်။ ပေါ့ဘာရဲ့ အနာဂတ် ကစားသမားဘ၀ အနေအထားနဲ့ ပတ်သက်ပြီး ဖာဒီနန်ကလည်း စိတ်ဝင်တစားရှိပါတယ်။ ဖာဒီနန်ရဲ့ အမေးနဲ့ ပတ်သက်ပြီး ပေါ့ဘာအဖြေပေးထားတာကို တင်ဆက်ပေးလိုက်ပါတယ်။

“အခုလက်ရှိမှာတော့ ယူနိုက်တက် အသင်း နှင့် စာချုပ် ကျန်ရှိနေသေးပါတယ်။ ကျွန်တော် ယူနိုက်တက်အသင်းမှာ ရှိနေရတာကို ပျော်ရွှင်မိပါတယ်။ ကျွန်တော့် စာချုပ်က ၁ နှစ်သက်တမ်းပဲ ကျန်တော့တယ်ဆိုတာ အားလုံးသိပြီးသားပါ။”

” စာချုပ်သက်တမ်းကိစ္စနဲ့ပတ်သက်ပြီး အသင်းနဲ့ စကားပြောဆိုထားတာတွေတော့ရှိပါတယ်။ အနာဂတ်မှာ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကတော့ စောင့်ကြည့်ရပါအုံးမယ်။ အခုလက်ရှိမှာ ကျွန်တော့်အနေနဲ့တခြားအတွေးတွေမရှိပါဘူး။”

“ပွဲစဉ်တွေ မှာအနိုင်ရရှိဖို့ပဲ ရည်မှန်းထားပါတယ်။ ခေါင်းထဲမှာ ရှိတဲ့ အတွေးအကုန်လုံးက အနိုင်ရဖို့ တစ်ခုတည်းပါပဲ။ရှိသမျှ ခွန်အားတွေ၊ ဉာဏ်စွမ်းတွေ အကုန် အသုံးချပြီး အသင်းကို ကူညီဖို့ပဲ ကြိုးစားနေပါတယ်။ ကျွန်တော်ရဲ့ ကစားပုံက ကောင်းလား ဆိုးလား ဆိုတာ ကိုယ့်ဘာသာအသိဆုံးပါ။”

“ကျွန်တော်နဲ့ပတ်သက်ပြီး ဘယ်သူတွေဘယ်လိုပဲဝေဖန်နေပါစေ ကျွန်တော်ကတော့ ကိုယ့်အလုပ် ကိုပဲအာရုံစိုက်ထားပါတယ်။ ကျွန်တော် အကောင်းဆုံးကြိုးစားထားတာ ကျွန်တော် ကိုယ်တိုင် အသိဆုံးပါ။ ဘက်ပေါင်း စုံကရတဲ့ ဖိအား တွေက ကျွန်တော့်အတွက်တော့ ခွန်အား တစ်ခုပါပဲ။ အသုံးချတတ်ဖို့ပဲလိုတာပါ။”

“အသင်းကောင်းတွေနဲ့ ရင်ဆိုင် ကစားရတာ ၊ ကစားသမားကောင်းတွေနဲ့ ရင်ဆိုင်တွေ့ဆုံရတာက ကောင်းတဲ့ ဖိအားတွေပါပဲ။ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆို ကျွန်တော်တို့ အကောင်းဆုံး ကစားခဲ့တာပါပဲ။ ဒါပေမယ့် ဘာ ဆုဖလားမှ မရရှိခဲ့ပါဘူး။ဒါကြောင့်လည်း အခုရာသီမှာ အရင်ထက်ပိုကြိုးစားပြီး ဆုဖလားတွေ ရယူမယ်လို့ ဆုံးဖြတ်ထားပါတယ်။”

ပြီးခဲ့တဲ့ ဘောလုံးရာသီက နဲ့ ဘာတွေ ပြောင်းလဲသွားလည်းဆိုတော့ ” ကျွန်တော်တို့ အသင်းသားတွေဟာ အခုရာသီမှာ စိတ်ဓါတ်ပိုင်းဆိုင်ရာ တွေ အားလုံး ပြောင်းလဲကုန်ကြပါတယ်။ ခံစစ် အပိုင်းနဲ့ တိုက်စစ်ဆင်တဲ့အခါမှာအတူတူ လုပ်ဆောင်ခဲ့ကြပါတယ်။အသင်းသားအားလုံးက အသင်းကောင်းတစ်ခုလို ပိုမိုကစားတတ်လာပါတယ်။ ဖောလျှောလုပ်ကစားတဲ့သူမရှိပါဘူး။

တိုက်စစ်နဲ့ ခံစစ်တွေမှာ ယောင်ဝါးဝါးလုပ်၊ ခိုကပ်ကစား၊ ဟန်လုပ်ပြတာမျိုးတွေမရှိပါဘူး”ဆိုပြီး ပေါ့ဘာက ပြောထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေပါ့ဂ္ဘာနဲ႔ ယူႏိုက္တက္ရဲ႕ အနာဂတ္… ဖာဒီနန္က​ေမး၊ ​​ေပါ့ဘာကေျဖ၊

ယူႏိုက္တက္အသင္းမွာ ​ေပါ့ဘာတစ္​ေယာက္ ဆက္ရွိ၊မရွိနဲ႔ ပတ္သက္ၿပီး သတင္း​မ်ားစြာ ထြက္ရွိ​ေနဆဲပါ။ ​ေဘာလုံး အ​ေရးသုံးသပ္သူ​ေတြကလည္း ​ေပါ့ဘာနဲ႔ ပတ္သက္ၿပီး ယူႏိုက္တက္ကို အမ်ိဳးမ်ိဳး အႀကံ​ေတြ​ေပးထားၾကပါတယ္။ ​ေပါ့ဘာရဲ႕ အနာဂတ္ ကစားသမားဘ၀ အ​ေနအထားနဲ႔ ပတ္သက္ၿပီး ဖာဒီနန္ကလည္း စိတ္၀င္တစားရွိပါတယ္။ ဖာဒီနန္ရဲ႕ အ​ေမးနဲ႔ ပတ္သက္ၿပီး ေပါ့ဘာအ​ေျဖ​​ေပးထားတာကို တင္ဆက္​ေပးလိုက္ပါတယ္။ “အခုလက္ရွိမွာေတာ့ ယူႏိုက္တက္ အသင္း ႏွင့္ စာခ်ဳပ္ က်န္ရွိေနေသးပါတယ္။ ကြၽန္​ေတာ္ ယူႏိုက္တက္အသင္းမွာ ရွိေနရတာကို ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ့္ စာခ်ဳပ္က ၁ ႏွစ္သက္တမ္းပဲ က်န္ေတာ့တယ္ဆိုတာ အားလုံးသိၿပီးသားပါ။”

” စာခ်ဳပ္သက္တမ္းကိစၥနဲ႔ပတ္သက္ၿပီး အသင္းနဲ႔ စကားေျပာဆိုထားတာေတြ​ေတာ့ရွိပါတယ္။ အနာဂတ္မွာ ဘာေတြ ဆက္ျဖစ္မလဲဆိုတာက​ေတာ့ ေစာင့္ၾကည့္ရပါအုံးမယ္။ အခုလက္ရွိမွာ ကြၽန္​ေတာ့္အ​ေနနဲ႔တျခားအ​​​ေတြး​ေတြမရွိပါဘူး။ ပြဲစဥ္​ေတြ မွာအႏိုင္ရရွိဖို႔ပဲ ရည္မွန္းထားပါတယ္။ ေခါင္းထဲမွာ ရွိတဲ့ အ​ေတြးအကုန္လုံးက အႏိုင္ရဖို႔ တစ္ခုတည္းပါပဲ။ရွိသမွ် ခြန္အားေတြ၊ ဥာဏ္စြမ္း​​ေတြ အကုန္ အသုံးခ်ၿပီး အသင္းကို ကူညီဖို႔ပဲ ႀကိဳးစားေနပါတယ္။ ကြၽန္​ေတာ္ရဲ႕ ကစားပုံက ေကာင္းလား ဆိုးလား ဆိုတာ ကိုယ့္ဘာသာအသိဆုံးပါ။”

“ကြၽန္​​ေတာ္နဲ႔ပတ္သက္ၿပီး ဘယ္သူ​ေတြဘယ္လိုပဲေဝဖန္ေနပါေစ ကြၽန္​ေတာ္က​​ေတာ့ ကိုယ့္အလုပ္ ကိုပဲအာ႐ုံစိုက္ထားပါတယ္။ ကြၽန္​ေတာ္ အေကာင္းဆုံးႀကိဳးစားထားတာ ကြၽန္​​ေတာ္ ကိုယ္တိုင္ အသိဆုံးပါ။ ဘက္​ေပါင္း စုံကရတဲ့ ဖိအား ​ေတြက ကြၽန္​​ေတာ့္အတြက္ေတာ့ ခြန္အား တစ္ခုပါပဲ။ အသုံးခ်တတ္ဖို႔ပဲလိုတာပါ။ အသင္းေကာင္းေတြနဲ႔ ရင္ဆိုင္ ကစားရတာ ၊ ကစားသမားေကာင္းေတြနဲ႔ ရင္ဆိုင္ေတြ႕ဆုံရတာက ​ေကာင္းတဲ့ ဖိအားေတြပါပဲ။ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ဆို ကြၽန္​ေတာ္တို႔ အေကာင္းဆုံး ကစားခဲ့တာပါပဲ။ ဒါ​ေပမယ့္ ဘာ ဆုဖလားမွ မရရွိခဲ့ပါဘူး။ဒါေၾကာင့္လည္း အခုရာသီမွာ အရင္ထက္ပိုႀကိဳးစားၿပီး ဆုဖလား​ေတြ ရယူမယ္လို႔ ဆုံးျဖတ္ထားပါတယ္။”

ၿပီးခဲ့တဲ့ ေဘာလုံးရာသီက နဲ႔ ဘာေတြ ေျပာင္းလဲသြားလည္းဆိုေတာ့ ” ကြၽန္​ေတာ္တို႔ အသင္းသား​ေတြဟာ အခုရာသီမွာ စိတ္ဓါတ္ပိုင္းဆိုင္ရာ ေတြ အားလုံး ေျပာင္းလဲကုန္ၾကပါတယ္။ ခံစစ္ အပိုင္းနဲ႔ တိုက္စစ္ဆင္တဲ့အခါမွာအတူတူ လုပ္ေဆာင္ခဲ့ၾကပါတယ္။အသင္းသားအားလုံးက အသင္းေကာင္းတစ္ခုလို ပိုမိုကစားတတ္လာပါတယ္။ ​ေဖာ​​ေလွ်ာလုပ္ကစားတဲ့သူမရွိပါဘူး။ တိုက္စစ္နဲ႔ ခံစစ္​ေတြမွာ ​ေယာင္၀ါး၀ါးလုပ္၊ ခိုကပ္ကစား၊ ဟန္လုပ္ျပတာမ်ိဳး​ေတြမရွိပါဘူး”ဆိုၿပီး ​ေပါ့ဘာက ​ေျပာထားပါတယ္။