ပေါ့ဂ်ဘာရဲ့ အခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ဆိုးလ်ရှားကို အကြံပေးလိုက်တဲ့ ဝင်းဂါး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးက ဆိုးလ်ရှားအနေနဲ့ ပေါ့ဂ်ဘာရဲ့အခြေအနေကို ဘယ်လိုကိုင်တွယ်သင့်သလဲဆိုတာကို အကြံပေးပြောကြားလိုက်ပါတယ်။

ပေါ့ဂ်ဘာရဲ့အေးဂျင့် ရွိုင်းအိုလာရဲ့ပြောကြားချက်ကြောင့် ကစားသမားဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။

အသက် ၂၇ နှစ်သားဟာ သူ့ရဲ့အိပ်မက် ရီးရဲလ် နဲ့ အသင်းဟောင်း ဂျူဗင်တပ်စ်တို့ကို ပြောင်းဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်နေပေမယ့် ပုံစံကောင်းတွေပျောက်ဆုံးနေတာကြောင့် အပြောင်းအရွှေ့အတွက် ခက်ခဲဖွယ်ရှိနေပါတယ်။ အာစင်ဝင်းဂါက ဆိုးလ်ရှားအနေနဲ့ ပေါ့ဂ်ဘာတစ်ယောက် အသင်းမပြောင်းခင် ဆိုးလ်ရှားအနေနဲ့ သူ့ဆီကနေ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ထုတ်ယူသင့်တယ်လို့ ဆိုခဲ့ပါတယ်။

“သူ့ရဲ့အနာဂတ်ကတော့ ဘယ်ကိုသွားမလဲဆိုတာ ကျွန်တော်မသိပါဘူး။ဒါပေမဲ့ အခုလက်ရှိအချိန်မှာတော့ သူဟာ ယူနိုက်တက်အတွက် ပုံစံကောင်းတွေပြသပြီးကစားပေးဖို့က သူ့အလုပ်ပါ။ အနာဂတ်အတွက် ပြင်ဆင်ဖို့အကောင်းဆုံးနည်းလမ်းက လက်ရှိအချိန်မှာ အကောင်းဆုံးကစားဖို့ပါ။

အင်္ဂါနေ့က လိုက်ပ်ဇစ်နဲ့ပွဲမှာ ပေါ့ဂ်ဘာရဲ့ခြေစွမ်းကို တွေ့လိုက်ရပါတယ်။ သူက အသင်းကိုအများကြီးအထောက်အကူပြုခဲ့ပါတယ်။ သူပွဲထွက်ကစားသမားမဖြစ်ခဲ့တာတော့ ကျွန်တော်စိတ်မကောင်းမိပါဘူး”လို့ အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။

ပေါ့ဂ်ဘာကတော့ ဒီရာသီယူနိုက်တက်အသင်းလူစာရင်းမှာ အတည်တကျပါဝင်ခြင်းမရှိပဲ ၆ ပွဲကို ပွဲထွက်ကစားခွင်ရခဲ့ကာ၊ ၈ ပွဲကို လူစားဝင်အဖြစ်သာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲမှာတုန်းက အသင်းအတွက်အရေးပါတဲ့ချေပဂိုးကို သွင်းယူပေးခဲ့သလို ကြားရက်က လိုက်ပ်ဇစ်နဲ့ပွဲမှာလည်း ခြေစွမ်းပြခဲ့တာကြောင့် စနေနေ့မန်ချက်ဒါဘီပွဲမှာ ပေ့ါဂ်ဘာကို ပွဲထွက်လူစာရင်းမှာ ပြန်မြင်ရဖွယ်ရှိနေပါတယ်။

ဆိုးလ်ရှားကတော့ ပေါ့ဂ်ဘာကိုထောက်ခံနေဆဲဖြစ်ပြီး ဒီည မန်စီးတီးနဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုသွားဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေပါ့ဂ္ဘာရဲ႕ အေျခအေနကို ဘယ္လိုကိုင္တြယ္ရမလဲဆိုတာ ဆိုးလ္ရွားကို အၾကံေပးလိုက္တဲ့ ၀င္းဂါး

အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္နည္းျပၾကီး အာစင္၀င္းဂါးက ဆုိးလ္ရွားအေနနဲ႔ ေပါ့ဂ္ဘာရဲ႕အေျခအေနကို ဘယ္လိုကိုင္တြယ္သင့္သလဲဆိုတာကို အၾကံေပးေျပာၾကားလိုက္ပါတယ္။ ေပါ့ဂ္ဘာရဲ႕ေအးဂ်င့္ ရြိဳင္းအိုလာရဲ႕ေျပာၾကားခ်က္ေၾကာင့္ ကစားသမားဟာ လာမယ့္ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ယူႏိုက္တက္ကေန ထြက္ခြာဖြယ္ရွိေနပါတယ္။ အသက္ ၂၇ ႏွစ္သားဟာ သူ႕ရဲ႕အိပ္မက္ ရီးရဲလ္ နဲ႔ အသင္းေဟာင္း ဂ်ဴဗင္တပ္စ္တို႔ကို ေျပာင္းဖြယ္ရွိေနတယ္လို႔ သတင္းေတြထြက္ေနေပမယ့္ ပံုစံေကာင္းေတြေပ်ာက္ဆံုးေနတာေၾကာင့္ အေျပာင္းအေရႊ႕အတြက္ ခက္ခဲဖြယ္ရွိေနပါတယ္။ အာစင္၀င္းဂါက ဆိုးလ္ရွားအေနနဲ႔ ေပါ့ဂ္ဘာတစ္ေယာက္ အသင္းမေျပာင္းခင္ ဆိုးလ္ရွားအေနနဲ႔ သူ႕ဆီကေန အေကာင္းဆံုးစြမ္းေဆာင္ရည္ေတြကို ထုတ္ယူသင့္တယ္လို႔ ဆိုခဲ့ပါတယ္။

“သူ႕ရဲ႕အနာဂတ္ကေတာ့ ဘယ္ကိုသြားမလဲဆိုတာ ကြ်န္ေတာ္မသိပါဘူး။ဒါေပမဲ့ အခုလက္ရွိအခ်ိန္မွာေတာ့ သူဟာ ယူႏိုက္တက္အတြက္ ပံုစံေကာင္းေတြျပသျပီးကစားေပးဖို႔က သူ႕အလုပ္ပါ။ အနာဂတ္အတြက္ ျပင္ဆင္ဖို႔အေကာင္းဆံုးနည္းလမ္းက လက္ရွိအခ်ိန္မွာ အေကာင္းဆံုးကစားဖို႔ပါ။ အဂၤါေန႔က လိုက္ပ္ဇစ္နဲ႔ပြဲမွာ ေပါ့ဂ္ဘာရဲ႕ေျခစြမ္းကို ေတြ႕လိုက္ရပါတယ္။ သူက အသင္းကိုအမ်ားၾကီးအေထာက္အကူျပဳခဲ့ပါတယ္။ သူပြဲထြက္ကစားသမားမျဖစ္ခဲ့တာေတာ့ ကြ်န္ေတာ္စိတ္မေကာင္းမိပါဘူး”လို႔ အာစင္၀င္းဂါးက ေျပာၾကားခဲ့ပါတယ္။

ေပါ့ဂ္ဘာကေတာ့ ဒီရာသီယူႏိုက္တက္အသင္းလူစာရင္းမွာ အတည္တက်ပါ၀င္ျခင္းမရွိပဲ ၆ ပြဲကို ပြဲထြက္ကစားခြင္ရခဲ့ကာ၊ ၈ ပြဲကို လူစား၀င္အျဖစ္သာ ပါ၀င္ကစားခြင့္ရခဲ့ပါတယ္။ ၀က္စ္ဟမ္းနဲ႔ပြဲမွာတုန္းက အသင္းအတြက္အေရးပါတဲ့ေခ်ပဂိုးကို သြင္းယူေပးခဲ့သလို ၾကားရက္က လိုက္ပ္ဇစ္နဲ႔ပြဲမွာလည္း ေျခစြမ္းျပခဲ့တာေၾကာင့္ စေနေန႔မန္ခ်က္ဒါဘီပြဲမွာ ေပ့ါဂ္ဘာကို ပြဲထြက္လူစာရင္းမွာ ျပန္ျမင္ရဖြယ္ရွိေနပါတယ္။ ဆိုးလ္ရွားကေတာ့ ေပါ့ဂ္ဘာကိုေထာက္ခံေနဆဲျဖစ္ျပီး ဒီည မန္စီးတီးနဲ႔ပြဲမွာ ပြဲထြက္ကစားသမားအျဖစ္ အသံုးျပဳသြားဖြယ္ရွိေနပါတယ္။