ပေါ့ဂ်ဘာ နဲ့ ဘိုင်လီတို့အောင်ပွဲခံပုံကို ပေါလ်အင့်စ်-ဂစ် အတွဲအောင်ပွဲခံပုံနဲ့ ခိုင်းနှိုင်းခဲ့တဲ့ ဂယ်ရီနဗီးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ ပေါ့ဂ်ဘာဟာ ယူနိုက်တက်ကို အောင်မြင်တဲ့နေ့ရက်တွေယူဆောင်လာပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အသက် ၂၈ နှစ်သားဟာ ဘန်လေအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဂယ်ရီနဗီးလ်က ဒီနေ့ပွဲမှာ ပေါ့ဂ်ဘာရဲ့ခြေစွမ်းကိုသဘောကျနေခဲ့ကာ သူနဲ့ပတ်သက်ပြီးပွဲအပြီးမှာ “ကျွန်တော် ပေါ့ဂ်ဘာ ကို ဝေဖန်ခဲ့တဲ့အချိန်တွေရှိပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲချိန် ဒုတိယပိုင်းမှာ ကွင်းထဲမှာ သူ့ရဲ့ ကစားပုံက အကောင်းဆုံးပါပဲ။ ပွဲမှာ သူ့ရဲ့ လွှမ်းမိုးမှုက ကြီးမားခဲ့ပါတယ်။” လို့ဆိုခဲ့ပါတယ်။

အဆိုပါရလဒ်ကြောင့် ယူနိုက်တက်ဟာ လီဗာပူးအသင်းရဲ့အထက်အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂိုးသွင်းအပြီးအောင်ပွဲခံပုံက နည်းပြဖာဂူဆန်လက်အောက်မှာ ပေါလ်အင့်စ် နဲ့ ဂစ်တို့ရဲ့အောင်ပွဲခံပုံနဲ့ ဆင်တူနေတာဖြစ်ပါတယ်။

အင့်စ် နဲ့ ဂစ်တို့ဟာ ၁၉၉၂ – ၉၃ ရာသီတုန်းက မစ်ဒယ်ဘရော့အသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိတုန်းက အခုလိုမျိုးအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

အင်္ဂါနေ့ညတုန်းကလည်း ပေါ့ဂ်ဘာ နဲ့ ဘိုင်လီတို့ဟာ အခုလိုမျိုး အောင်ပွဲခံခဲ့ပြန်တာဖြစ်ပါတယ်။ နဗီးလ်ကလည်း အဆိုပါအောင်ပွဲခံပုံနဲ့ပတ်သက်ပြီး နောက်ပြောင်ပြောကြားခဲ့ပါတယ်။

“သူတို့ ၂ ယောက် တစ်ဦး နဲ့ တစ်ဦးလက်ချင်းဆွဲပြီး နှုတ်ဆက်ခဲ့ကြပါတယ်။ အခုလိုမျိုးဖြစ်ရပ်ကို အင့်စ် နဲ့ ဂစ်တို့ထံကနေပဲ နောက်ဆုံးမြင်ခဲ့ရတာပါ”လို့ နဗီးလ်က နောက်ပြောင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းနဲ့ အန်ဖီးလ်မှာ ရင်ဆိုင်ရမှာဖြစ်ပြီး အနိုင်ရရှိခဲ့ပါက ၆ မှတ်အထိ ဖြတ်ထားနိုင်မှာဖြစ်ပါတယ်။

ကလော့ပ်ရဲ့လီဗာပူးအသင်းဟာ နောက်ဆုံးပရီးမီးယားလိဂ် ၃ ပွဲကို နိုင်ပွဲပျောက်ထားခဲ့ပါတယ်။ တကယ်လို့ အခုအပတ်မှာလည်း ယူနိုက်တက်ကိုအရေးနိမ့်ခဲ့ပါက ၆ မှတ်အထိ ကွာဟတော့မှာဖြစ်ပါတယ်။

ယူနိုက်တက်ကတော့ ၂၀၁၂ – ၁၃ ရာသီ နောက်ပိုင်း ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ ပေါ့ဂ်ဘာက ဘန်လေကိုအနိုင်ရရှိခဲ့တာက ကျေနပ်စရာကောင်းတယ်လို့ ဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ ဘန်လေနဲ့ပွဲက ခက်ခဲမယ်ဆိုတာ သိပြီးသားပါ။ ထင်ထားတဲ့အတိုင်းလည်း ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ အနိုင် ၃ မှတ်ရယူနိုင်ခဲ့တဲ့အတွက် ပျော်ပါတယ်။ ခရီးအရှည်ကြီးကျန်နေသေးတာကြောင့် ရာသီမကုန်ခင်အထိ အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ဒီနေ့ပွဲမှာ အားလုံးအာရုံစူးစိုက်မှုအပြည့်နဲ့ကစားခဲ့ကြပါတယ်။ လက်ကျန်ပွဲတွေကိုလည်း အာရုံစိုက်ဖို့ လိုအပ်နေပါသေးတယ်”လို့ ပေါ့ဂ်ဘာက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေပါ့ဂ္ဘာ နဲ႔ ဘိုင္လီတို႔ေအာင္ပြဲခံပံုကို ေပါလ္အင့္စ္-ဂစ္ အတြဲေအာင္ပြဲခံပံုနဲ႔ ခိုင္းႏႈိင္းခဲ့တဲ့ ဂယ္ရီနဗီးလ္

ယူႏိုက္တက္ေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္ကေတာ့ ေပါ့ဂ္ဘာဟာ ယူႏုိက္တက္ကို ေအာင္ျမင္တဲ့ေန႔ရက္ေတြယူေဆာင္လာေပးႏုိင္လိမ့္မယ္လုိ႔ ယံုၾကည္ေနပါတယ္။ အသက္ ၂၈ ႏွစ္သားဟာ ဘန္ေလအသင္းကို ၁-၀ ဂိုးနဲ႔ အႏုိင္ရရွိခဲ့တဲ့ပြဲမွာ အသင္းအတြက္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ဂယ္ရီနဗီးလ္က ဒီေန႔ပြဲမွာ ေပါ့ဂ္ဘာရဲ႕ေျခစြမ္းကိုသေဘာက်ေနခဲ့ကာ သူနဲ႕ပတ္သက္ၿပီးပြဲအၿပီးမွာ “ကြၽန္ေတာ္ ေပါ့ဂ္ဘာ ကို ေဝဖန္ခဲ့တဲ့အခ်ိန္ေတြရွိပါတယ္။ ဒါေပမယ့္ ဒီေန႔ပြဲခ်ိန္ ဒုတိယပိုင္းမွာ ကြင္းထဲမွာ သူ႔ရဲ႕ ကစားပုံက အေကာင္းဆုံးပါပဲ။ ပြဲမွာ သူ႔ရဲ႕ လႊမ္းမိုးမႈက ႀကီးမားခဲ့ပါတယ္။” လို႕ဆိုခဲ့ပါတယ္။ အဆိုပါရလဒ္ေၾကာင့္ ယူႏုိက္တက္ဟာ လီဗာပူးအသင္းရဲ႕အထက္အမွတ္ေပးဇယားရဲ႕ အဆင့္ ၁ ေနရာကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ဂိုးသြင္းအျပီးေအာင္ပြဲခံပံုက နည္းျပဖာဂူဆန္လက္ေအာက္မွာ ေပါလ္အင့္စ္ နဲ႔ ဂစ္တို႔ရဲ႕ေအာင္ပြဲခံပံုနဲ႔ ဆင္တူေနတာျဖစ္ပါတယ္။

အင့္စ္ နဲ႔ ဂစ္တို႔ဟာ ၁၉၉၂ – ၉၃ ရာသီတုန္းက မစ္ဒယ္ဘေရာ့အသင္းကို ၃-၀ ဂိုးနဲ႔ အႏုိင္ရရွိတုန္းက အခုလိုမ်ိဳးေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။ အဂၤါေန႔ညတုန္းကလည္း ေပါ့ဂ္ဘာ နဲ႔ ဘုိင္လီတုိ႔ဟာ အခုလိုမ်ိဳး ေအာင္ပြဲခံခဲ့ျပန္တာျဖစ္ပါတယ္။ နဗီးလ္ကလည္း အဆုိပါေအာင္ပြဲခံပံုနဲ႔ပတ္သက္ျပီး ေနာက္ေျပာင္ေျပာၾကားခဲ့ပါတယ္။ “သူတို႔ ၂ ေယာက္ တစ္ဦး နဲ႔ တစ္ဦးလက္ခ်င္းဆြဲျပီး ႏႈတ္ဆက္ခဲ့ၾကပါတယ္။ အခုလိုမ်ိဳးျဖစ္ရပ္ကို အင့္စ္ နဲ႔ ဂစ္တို႔ထံကေနပဲ ေနာက္ဆံုးျမင္ခဲ့ရတာပါ”လို႔ နဗီးလ္က ေနာက္ေျပာင္ခဲ့ပါတယ္။

ယူႏုိက္တက္ဟာ လာမယ့္တနဂၤေႏြေန႔မွာ လီဗာပူးအသင္းနဲ႔ အန္ဖီးလ္မွာ ရင္ဆိုင္ရမွာျဖစ္ျပီး အႏိုင္ရရွိခဲ့ပါက ၆ မွတ္အထိ ျဖတ္ထားႏိုင္မွာျဖစ္ပါတယ္။ ကေလာ့ပ္ရဲ႕လီဗာပူးအသင္းဟာ ေနာက္ဆံုးပရီးမီးယားလိဂ္ ၃ ပြဲကို ႏုိင္ပြဲေပ်ာက္ထားခဲ့ပါတယ္။ တကယ္လို႔ အခုအပတ္မွာလည္း ယူႏိုက္တက္ကိုအေရးနိမ့္ခဲ့ပါက ၆ မွတ္အထိ ကြာဟေတာ့မွာျဖစ္ပါတယ္။ ယူႏိုက္တက္ကေတာ့ ၂၀၁၂ – ၁၃ ရာသီ ေနာက္ပိုင္း ပရီးမီးယားလိဂ္ခ်န္ပီယံဆုနဲ႔ ေ၀းကြာေနခဲ့တာျဖစ္ပါတယ္။ ေပါ့ဂ္ဘာက ဘန္ေလကိုအႏုိင္ရရွိခဲ့တာက ေက်နပ္စရာေကာင္းတယ္လို႔ ဆိုခဲ့ပါတယ္။

“ကြ်န္ေတာ္တို႔ ဘန္ေလနဲ႔ပြဲက ခက္ခဲမယ္ဆုိတာ သိျပီးသားပါ။ ထင္ထားတဲ့အတိုင္းလည္း ခက္ခဲခဲ့ပါတယ္။ ဒါေပမဲ့ အႏို္င္ ၃ မွတ္ရယူႏုိင္ခဲ့တဲ့အတြက္ ေပ်ာ္ပါတယ္။ ခရီးအရွည္ၾကီးက်န္ေနေသးတာေၾကာင့္ ရာသီမကုန္ခင္အထိ အာရံုစိုက္ဖို႔ လိုအပ္ပါတယ္။ ဒီေန႔ပြဲမွာ အားလံုးအာရံုစူးစိုက္မႈအျပည့္နဲ႔ကစားခဲ့ၾကပါတယ္။ လက္က်န္ပြဲေတြကိုလည္း အာရံုစိုက္ဖို႔ လိုအပ္ေနပါေသးတယ္”လို႔ ေပါ့ဂ္ဘာက ေျပာၾကားခဲ့ပါတယ္။