ပေါ့ဂ်ဘာ နဲ့ သူပေါင်းစည်းပြီး ယူနိုက်တက်မှာ ထူးခြားတဲ့အရာတွေလုပ်ဆောင်နိုင်တယ်လို့ ဖာနန်ဒက်စ် ကြုံးဝါး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပေါ့ဂ်ဘာ နဲ့ သူပေါင်းစည်းပြီး ယူနိုက်တက်မှာ ထူးခြားတဲ့အရာတွေကို လုပ်ဆောင်နိုင်တယ်လို့ ထုတေ်ဖော်ပြောကြားလိုက်ပါတယ်။ ပေါ်တူဂီသားဟာ ဇန်နဝါရီက ယူနိုက်တက်ကိုရောက်လာပြီးနောက် ပေါ့ဂ်ဘာနဲ့အနည်းငယ်သာ တွဲကစားခဲ့ရတာဖြစ်ပါတယ်။

ပြင်သစ်သားကတော့ ယူနိုက်တက်မှာ ကြံ့ခိုင်မှုရဖို့ တိုက်ပွဲဝင်နေရတာဖြစ်ပါတယ်။ အသက် ၂၇ နှစ်သားဟာ ဒီရာသီယူနိုက်တက်အသင်းပွဲစဉ်အားလုံးကို ပါဝင်ကစားထားပြီး ဘရူနိုက သူနဲ့တွဲဖက်ပြီး ယူနိုက်တက်မှာ ထူးခြားတဲ့အရာတွေလုပ်ဆောင်နိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော်တို့ ၂ ဦးတွဲကစားရင်အများကြီးအကျိုးရှိလာနိုင်ပါတယ်။ သူကလည်း ကျွန်တော့်ဆီကနေ သင်ယူနိုင်သလို သူ့ဆီကနေလည်း ကျွန်တော်က သင်ယူနိုင်ပါတယ်။ ကျွန်တော်တို့ ၂ ဦးမှာ ကောင်းမွန်တဲ့ဆက်ဆံရေးအခြေအနေရှိပါတယ်။

ကွင်းတွင်း ကွင်းပြင်ပမှာပဲ ဆက်ဆံရေးကောင်းတွေရှိတာပါ။ ပြီးတော့ သူကဟာသတွေပြုလုပ်တတ်တဲ့လူစားမျိုးပါ။ သူ့ကို အီတလီမှာကတည်းက ရင်းနှီးပြီးသားပါ”လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။

ဖာနန်ဒက်စ်က အပြောင်းအရွှေ့သတင်းတွေဟာ ပေါ့ဂ်ဘာကို ပွဲအတွင်းအာရုံစိုက်မှုလျော့နည်းစေတယ်လို့ ဆိုခဲ့ပါတယ်။ “ပေါ့ဂ်ဘာက အမြဲတမ်းပွဲကစားချင်နေတဲ့သူပါ။ သူက ထိပ်တန်းကွင်းလယ်လူလူတစ်ဦးပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ထိပ်တန်းအရည်အချင်းတွေပြသခဲ့ပါတယ်။

လူတွေက ပေါ့ဂ်ဘာဟာ အရန်ခုံမှာပဲထိုင်ပြီး ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီနဲ့ပွဲကို ကြည့်ရင် သူဘယ်လောက်အထိ ကောင်းတယ်ဆိုတာကို သိနိုင်ပါတယ်”လို့ ဖာနန်ဒက်စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

သူတို့ ၂ ဦးဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် အာဆင်နယ်အသင်းနဲ့ပွဲမှာ အတူတကွပွဲထွက်လာဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ဟာ ကြားရက်က ချန်ပီယံလိဂ်မှာ လိုက်ပ်ဇစ်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

 

Zawgyi

ေပါ့ဂ္ဘာ နဲ႔ သူေပါင္းစည္းျပီး ယူႏိုက္တက္မွာ ထူးျခားတဲ့အရာေတြလုပ္ေဆာင္ႏိုင္တယ္လို႔ ဖာနန္ဒက္စ္ ၾကံဳး၀ါး

ယူႏိုက္တက္ကြင္းလယ္လူ ဘရူႏိုဖာနန္ဒက္စ္က ေပါ့ဂ္ဘာ နဲ႔ သူေပါင္းစည္းျပီး ယူႏိုက္တက္မွာ ထူးျခားတဲ့အရာေတြကို လုပ္ေဆာင္ႏိုင္တယ္လို႔ ထုတေ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ေပၚတူဂီသားဟာ ဇန္န၀ါရီက ယူႏိုက္တက္ကိုေရာက္လာျပီးေနာက္ ေပါ့ဂ္ဘာနဲ႔အနည္းငယ္သာ တြဲကစားခဲ့ရတာျဖစ္ပါတယ္။

ျပင္သစ္သားကေတာ့ ယူႏိုက္တက္မွာ ၾကံ့ခိုင္မႈရဖို႔ တိုက္ပြဲ၀င္ေနရတာျဖစ္ပါတယ္။ အသက္ ၂၇ ႏွစ္သားဟာ ဒီရာသီယူႏိုက္တက္အသင္းပြဲစဥ္အားလံုုးကို ပါ၀င္ကစားထားျပီး ဘရူႏိုက သူနဲ႔တြဲဖက္ျပီး ယူႏိုက္တက္မွာ ထူးျခားတဲ့အရာေတြလုပ္ေဆာင္ႏိုင္မယ္လို႔ ယံုၾကည္ေနတာျဖစ္ပါတယ္။

“ကြ်န္ေတာ္တို႔ ၂ ဦးတြဲကစားရင္အမ်ားၾကီးအက်ိဳးရွိလာႏိုင္ပါတယ္။ သူကလည္း ကြ်န္ေတာ့္ဆီကေန သင္ယူႏိုင္သလို သူ႕ဆီကေနလည္း ကြ်န္ေတာ္က သင္ယူႏိုင္ပါတယ္။ ကြ်န္ေတာ္တို႔ ၂ ဦးမွာ ေကာင္းမြန္တဲ့ဆက္ဆံေရးအေျခအေနရွိပါတယ္။ ကြင္းတြင္း ကြင္းျပင္ပမွာပဲ ဆက္ဆံေရးေကာင္းေတြရွိတာပါ။ ျပီးေတာ့ သူကဟာသေတြျပဳလုပ္တတ္တဲ့လူစားမ်ိဳးပါ။ သူ႕ကို အီတလီမွာကတည္းက ရင္းႏွီးျပီးသားပါ”လို႔ ဖာနန္ဒက္စ္က ေျပာၾကားခဲ့ပါတယ္။

ဖာနန္ဒက္စ္က အေျပာင္းအေရႊ႕သတင္းေတြဟာ ေပါ့ဂ္ဘာကို ပြဲအတြင္းအာရံုစိုက္မႈေလ်ာ့နည္းေစတယ္လို႔ ဆုိခဲ့ပါတယ္။ “ေပါ့ဂ္ဘာက အျမဲတမ္းပြဲကစားခ်င္ေနတဲ့သူပါ။ သူက ထိပ္တန္းကြင္းလယ္လူလူတစ္ဦးပါ။ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကတည္းက ထိပ္တန္းအရည္အခ်င္းေတြျပသခဲ့ပါတယ္။

လူေတြက ေပါ့ဂ္ဘာဟာ အရန္ခံုမွာပဲထိုင္ျပီး ဘာမွမလုပ္ႏိုင္ဘူးလို႔ ထင္ေနပါတယ္။ ဒါေပမယ့္ ပီအက္စ္ဂ်ီနဲ႔ပြဲကို ၾကည့္ရင္ သူဘယ္ေလာက္အထိ ေကာင္းတယ္ဆိုတာကို သိႏိုင္ပါတယ္”လို႔ ဖာနန္ဒက္စ္က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။

သူတို႔ ၂ ဦးဟာ တနဂၤေႏြေန႔မွာ ကစားမယ့္ အာဆင္နယ္အသင္းနဲ႔ပြဲမွာ အတူတကြပြဲထြက္လာဖြယ္ရွိေနပါတယ္။ ယူႏိုက္တက္ဟာ ၾကားရက္က ခ်န္ပီယံလိဂ္မွာ လိုက္ပ္ဇစ္ကို ၅ ဂိုးျပတ္နဲ႔ အႏိုင္ရရွိထားခဲ့ပါတယ္။