“ပေါ့ဂ်ဘာ ရဲ့ အကောင်းဆုံးခြေစွမ်းပြမှုကို ကျွန်တော်တို့ တွေ့နေရပြီ” – ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပထမပိုင်းမှာဂိုးမရှိသရေကျခဲ့ပြီး ဒုတိယပိုင်းမှာလည်း ယူနိုက်တက်အသင်းက သွင်းဂိုးတွေရရှိလာအောင်တိုက်စစ်ဆင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ အားနည်းခဲ့တာကြောင့် သွင်းဂိုးတွေမရရှိခဲ့ပါဘူး။ ပွဲချိန် (၇၁)နှစ်မှာတော့ အဖိုးတန်အနိုင်ဂိုးရခဲ့ပြီး ရက်ဖို့ဒ်ရဲ့ ညာတောင်ပံကနေဖြတ်တင်ပေးလိုက်တဲ့ဘောလုံး ကို ပါးပါးနပ်နပ်ပဲပေါ့ဘာက ချိန်သားကိုက် Volley ကန်ချက်နဲ့ ပိတ်သွင်းနိုင်ခဲ့တာကြောင့် သွင်းဂိုးရရှိသွားခဲ့တာပါ။

ဒီသွင်းဂိုးကြောင့်လည်း ယူနိုက်တက်တို့ အမှတ်ပေးဇယားထိပ်ဆုံးကိုရောက်ရှိလာခဲ့ပါတယ်။ ပြိုင်ဘက်အသင်းဖြစ်တဲ့ ဘန်လေအသင်းဟာလည်း ခြေစွမ်းညံတဲ့အသင်းတစ်သင်းမဟုတ်သလို ခံစစ်ပိုင်းနဲ့ ဂိုးသမားရဲ့ ကာကွယ်မှုတွေ ကောင်းမွန်ခဲ့သလို၊ အစဉ်အလာမပျက်တဲ့ မာရှယ်ရဲ့ အပိုင်လွဲချော်မှုတွေကြောင့်လည်း ယူနိုက်တက်အသင်းအနေနဲ့ သွင်းဂိုး (၁)ဂိုးနဲ့သာကျေနပ်ခဲ့ရတာပါ။

ဒီနေ့ပွဲမှာ ကွင်းလယ်ဒိုင် ကီဗင်ဖရန့်ရဲ့ ဆုံးဖြတ်ချက်တွေက အငြင်းပွားစရာတွေ ဖြစ်ခဲ့သလို ဆုံးဖြတ်ချက်တွေဟာလည်း ဘန်လေ အသင်းဘက်ကိုအသာရစေတဲ့ ဆုံးဖြတ်မှုတွေ ချခဲ့သလိုဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေကနေ နိုင်ပွဲရရှိခဲ့တာကတော့ ယူနိုက်တက်အတွက် ထိုက်တန်နဲ့ အနိုင်(၃)မှတ်လို့ ပြောရမှာပါပဲ။ ဆိုလ်ရှားအနေနဲ့ ယူနိုက်တက်အသင်းကို ချန်ပီယံဆုတွေ ရယူပေးချင်တယ်ဆိုရင်တော့ ဒီလိုနိုင်သင့်နိုင်ထိုက်တဲ့ပွဲတွေ အနိုင်ကစားရမှာပါပဲ။

ဒီနေ့ပွဲမှာ ပေါ့ဂ်ဘာရဲ့စွမ်းဆောင်ရည်တွေဟာ အထူးကောင်းမွန်ခဲ့သလို ယူနိုက်တက်မှာ ကာလရှည်ကြာပျောက်ဆုံးနေတဲ့ သူ့ရဲ့ခြေစွမ်းကို ပြန်လည်တွေ့ရှိခဲ့ရပါတယ်။

ပေါ့ဂ်ဘာဟာ ပွဲပြီးခါနီးမှာ ခြေထောက်မှာသွေးတွေစက်လက်ဖြစ်နေတာတောင် အသင်းအတွက်ဆက်လက်တိုက်ပွဲဝင်နေပြီး အနိုင်ရလိုစိတ်ပြင်းထန်နေမှုကတော့ ယူနိုက်တက်ပရိသတ်တွေ သဘောကျစေမှာသေချာပါတယ်။

ပွဲအပြီးမီဒီယာတွေရဲ့ မေးမြန်းမှုမှာလည်း သူက “ကျွန်တော်တို့အသင်းနိုင်ရင် ကျွန်တော်အမြဲတမ်းပျော်ရွှင်နေတဲ့သူပါ။ ဒီနေ့ကျွန်တော်တို့နိုင်တယ် ဒါ့ကြောင့် ကျွန်တော်ပျော်တယ်။ အခုအသင်းက အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေပြီ သွားရမယ့်ခရီးကအရှည်ကြီးရှိနေပါသေးတယ် ရာသီပြီးဆုံးတဲ့အထိ အာရုံစိုက်ဖို့လိုပါသေးတယ်။”ဆိုပြီးပြောသွားခဲ့ပါတယ်။

နည်းပြ ဆိုလ်းရှားကလည်း ” ပေါလ်က ကျွန်တော်တို့အသင်းမှာ အရေးပါတဲ့ ကစားသမားဖြစ်တယ်ဆိုတာအမြဲပြောခဲ့ဖူးပါတယ်။ သူဟာ အဝတ်လဲခန်းမှာလည်း အသင်းဖော်တွေအတွက် ကောင်းမွန်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ခြေစွမ်းတွေဟာလည်း ကမ္ဘာ့အဆင့် ကစားသမားရဲ့ခြေစွမ်းတွေဆိုတာ ကျွန်တော်တို့ကိုပြသနိုင်ခဲ့ပါတယ်။” ဆိုပြီးဂုဏ်ပြုပြောဆိုခဲ့ပါတယ်။

ဒီပွဲမှာအကောင်းဆုံးကစားသမားအဖြစ်ပေါ့ဂ်ဘာကိုရွေးခြယ်သွားခဲ့ပါတယ်။

ဂိုးသွင်းပြီးချိန်မှာ မတွေ့တာကြာပြီဖြစ်တဲ့ သူနဲ့ ဘိုင်လီရဲ့ အောင်ပွဲခံအက ကိုလည်း ပြန်လည်ကပြသွားခဲ့တာကိုလည်း ပရိသတ်တွေက သဘောကြနေကြပြီး တွစ်တာမှာ ဗီဒီယိုဖိုင်ကို မျှဝေနေကြပါတယ်။

ဒီနေ့ပွဲမှာပေါ့ဂ်ဘာရဲ့ စွမ်းဆောင်ရည်တွေကတော့

ဘောလုံးထိချက် – ၁၀၄ ကြိမ် ၊ ဘောလုံးပေးပို့နိုင်မှု အကြိမ်(၇၀)မှာ ၉၀% အောင်မြင်မှုရရှိ ၊

တစ်ဦးချင်းရင်ဆိုင်အသာရမှု – ၁၂ ကြိမ် ၊ အမြင့်ဘောအသာရမှု – ၅ ကြိမ် ရှင်းထုတ်နိုင်မှု – ၅ ကြိမ်

ပြစ်ဒဏ်ကျူးလွန်ခံရမှု – ၄ ကြိမ် ၊ အခွင့်အရေးဖန်တီးမှု – ၂ ကြိမ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

“ေပါ့ဂ္ဘာ ရဲ႕ အေကာင္းဆုံးေျခစြမ္းျပမႈကို ကြၽန္ေတာ္တို႔ ေတြ႕ေနရၿပီ” – ဆိုးလ္ရွား

ပထမပိုင္းမွာဂိုးမရွိသေရက်ခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ယူႏိုက္တက္အသင္းက သြင္းဂိုးေတြရရွိလာေအာင္တိုက္စစ္ဆင္ခဲ့ေပမယ့္ အဆံုးသတ္ပိုင္းမွာ အားနည္းခဲ့တာေၾကာင့္ သြင္းဂိုးေတြမရရွိခဲ့ပါဘူး။ ပြဲခ်ိန္ (၇၁)ႏွစ္မွာေတာ့ အဖိုးတန္အႏိုင္ဂိုးရခဲ့ၿပီး ရက္ဖို႔ဒ္ရဲ႕ ညာေတာင္ပံကေနျဖတ္တင္ေပးလိုက္တဲ့ေဘာလံုး ကို ပါးပါးနပ္နပ္ပဲေပါ့ဘာက ခ်ိန္သားကိုက္ Volley ကန္ခ်က္နဲ႕ ပိတ္သြင္းႏိုင္ခဲ့တာေၾကာင့္ သြင္းဂိုးရရွိသြားခဲ့တာပါ။ ဒီသြင္းဂိုးေၾကာင့္လည္း ယူႏိုက္တက္တို႔ အမွတ္ေပးဇယားထိပ္ဆုံးကိုေရာက္ရွိလာခဲ့ပါတယ္။ ျပိဳင္ဘက္အသင္းျဖစ္တဲ့ ဘန္ေလအသင္းဟာလည္း ေျခစြမ္းညံတဲ့အသင္းတစ္သင္းမဟုတ္သလို ခံစစ္ပိုင္းနဲ႕ ဂိုးသမားရဲ႕ ကာကြယ္မႈေတြ ေကာင္းမြန္ခဲ့သလို၊ အစဥ္အလာမပ်က္တဲ့ မာရွယ္ရဲ႕ အပိုင္လြဲေခ်ာ္မႈေတြေၾကာင့္လည္း ယူႏိုက္တက္အသင္းအေနနဲ႕ သြင္းဂိုး (၁)ဂိုးနဲ႕သာေက်နပ္ခဲ့ရတာပါ။ ဒီေန႕ပြဲမွာ ကြင္းလယ္ဒိုင္ ကီဗင္ဖရန္႔ရဲ႕ ဆုံးျဖတ္ခ်က္ေတြက အျငင္းပြားစရာေတြ ျဖစ္ခဲ့သလို ဆံုးျဖတ္ခ်က္ေတြဟာလည္း ဘန္ေလ အသင္းဘက္ကိုအသာရေစတဲ့ ဆံုးျဖတ္မႈေတြ ခ်ခဲ့သလိုျဖစ္ခဲ့ပါတယ္။ ဒီလိုအေျခအေနကေန ႏိုင္ပြဲရရွိခဲ့တာကေတာ့ ယူႏိုက္တက္အတြက္ ထိုက္တန္နဲ႔ အႏိုင္(၃)မွတ္လို႔ ေျပာရမွာပါပဲ။ ဆိုလ္ရွားအေနနဲ႕ ယူႏိုက္တက္အသင္းကို ခ်န္ပီယံဆုေတြ ရယူေပးခ်င္တယ္ဆိုရင္ေတာ့ ဒီလိုႏိုင္သင့္ႏိုင္ထိုက္တဲ့ပြဲေတြ အႏိုင္ကစားရမွာပါပဲ။

ဒီေန႔ပြဲမွာ ေပါ့ဂ္ဘာရဲ႕စြမ္းေဆာင္ရည္ေတြဟာ အထူးေကာင္းမြန္ခဲ့သလို ယူႏိုက္တက္မွာ ကာလရွည္ၾကာေပ်ာက္ဆုံးေနတဲ့ သူ႔ရဲ႕ေျခစြမ္းကို ျပန္လည္ေတြ႕ရွိခဲ့ရပါတယ္။ ေပါ့ဂ္ဘာဟာ ပြဲၿပီးခါနီးမွာ ေျခေထာက္မွာေသြးေတြစက္လက္ျဖစ္ေနတာေတာင္ အသင္းအတြက္ဆက္လက္တိုက္ပြဲဝင္ေနၿပီး အႏိုင္ရလိုစိတ္ျပင္းထန္ေနမႈကေတာ့ ယူႏိုက္တက္ပရိသတ္ေတြ သေဘာက်ေစမွာေသခ်ာပါတယ္။ ပြဲအၿပီးမီဒီယာေတြရဲ႕ ေမးျမန္းမႈမွာလည္း သူက “ကြၽန္ေတာ္တို႔အသင္းႏိုင္ရင္ ကြၽန္ေတာ္အၿမဲတမ္းေပ်ာ္႐ႊင္ေနတဲ့သူပါ။ ဒီေန႔ကြၽန္ေတာ္တို႔ႏိုင္တယ္ ဒါ့ေၾကာင့္ ကြၽန္ေတာ္ေပ်ာ္တယ္။ အခုအသင္းက အမွတ္ေပးဇယားထိပ္ဆုံးမွာ ရွိေနၿပီ သြားရမယ့္ခရီးကအရွည္ႀကီးရွိေနပါေသးတယ္ ရာသီၿပီးဆုံးတဲ့အထိ အာ႐ုံစိုက္ဖို႔လိုပါေသးတယ္။”ဆိုၿပီးေျပာသြားခဲ့ပါတယ္။

နည္းျပ ဆိုလ္းရွားကလည္း ” ေပါလ္က ကြၽန္ေတာ္တို႔အသင္းမွာ အေရးပါတဲ့ ကစားသမားျဖစ္တယ္ဆိုတာအၿမဲေျပာခဲ့ဖူးပါတယ္။ သူဟာ အဝတ္လဲခန္းမွာလည္း အသင္းေဖာ္ေတြအတြက္ ေကာင္းမြန္တဲ့ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။ သူ႔ရဲ႕ေျခစြမ္းေတြဟာလည္း ကမာၻ႔အဆင့္ ကစားသမားရဲ႕ေျခစြမ္းေတြဆိုတာ ကြၽန္ေတာ္တို႔ကိုျပသႏိုင္ခဲ့ပါတယ္။” ဆိုၿပီးဂုဏ္ျပဳေျပာဆိုခဲ့ပါတယ္။ ဒီပြဲမွာအေကာင္းဆံုးကစားသမားအျဖစ္ေပါ့ဂ္ဘာကိုေရြးျခယ္သြားခဲ့ပါတယ္။ ဂိုးသြင္းၿပီးခ်ိန္မွာ မေတြ႕တာၾကာၿပီျဖစ္တဲ့ သူနဲ႔ ဘိုင္လီရဲ႕ ေအာင္ပြဲခံအက ကိုလည္း ျပန္လည္ကျပသြားခဲ့တာကိုလည္း ပရိသတ္ေတြက သေဘာၾကေနၾကၿပီး တြစ္တာမွာ ဗီဒီယိုဖိုင္ကို မွ်ေဝေနၾကပါတယ္။

ဒီေန႔ပြဲမွာေပါ့ဂ္ဘာရဲ႕ စြမ္းေဆာင္ရည္ေတြကေတာ့

ေဘာလုံးထိခ်က္ – ၁၀၄ ႀကိမ္ ၊ ေဘာလုံးေပးပို႔ႏိုင္မႈ အၾကိမ္(၇၀)မွာ ၉၀% ေအာင္ျမင္မႈရရွိ ၊ တစ္ဦးခ်င္းရင္ဆိုင္အသာရမႈ – ၁၂ ႀကိမ္ ၊ အျမင့္ေဘာအသာရမႈ – ၅ ႀကိမ္ ရွင္းထုတ္ႏိုင္မႈ – ၅ ႀကိမ္

ျပစ္ဒဏ္က်ဴးလြန္ခံရမႈ – ၄ ႀကိမ္ ၊ အခြင့္အေရးဖန္တီးမႈ – ၂ ႀကိမ္