ပေါလ်ပေါ့ဘာဟာဒဏ်ရာမှအလျှင်အမြန်ကောင်းမွန်လာရေးအတွက်
ပူနွေးရာသီတွင်လေ့ကျင့်ခန်းဆင်းရန်ဒူဘိုင်းသို့ရောက်နေပါတယ်။
အသက်၂၈နှစ်ရှိပြင်သစ်ကွင်းလယ်ကစားသမားဟာပြီးခဲ့တဲ့အပတ်တုန်းက
ပြင်သစ်အသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းစဉ်ညာဖက်ပေါင်ကြွက်သားဒဏ်ရာ
ရရှိခဲ့ပြီးနှစ်လအထိအနားယူရဖို့ရှိနေပါတယ်။
ယခုအခါမန်ယူကပေါလ်ပေါ့ဘာကိုပြန်လည်ထူထောင်ရေး
လေ့ကျင့်ခန်းပြုလုပ်ရန်အတွက်
ယူအေအီးသို့သွားရောက်ခွင့်ပြုလိုက်ကြောင်းကြေညာလာပါတယ်။
ပေါလ်ပေါ့ဘာနှင့်အတူသူ့အားအမြန်ဆုံးပြန်လည်ကြံ့ခိုင်လာရေးပြုလုပ်ရန်
နည်းပြတစ်ဦးကိုပါတပါတည်းထည့်ပေးလိုက်ပါတယ်။
မန်ယူတွင်တစ်ပတ်လုပ်ခပေါင်၂၉၀၀၀၀ရရှိနေတဲ့ပေါလ်ပေါ့ဘာဟာယခုရာသီအကုန်တွင်
မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရန်
ငြင်းဆိုနေသူလည်းဖြစ်ပါတယ်။ဒါကြောင့်မန်ယူအသင်းတာဝန်ရှိသူများဟာ
ပေါ့ဘာကိုဒဏ်ရာမှပြန်လည်ကောင်းမွန်ချိန်တွင်အသုံးပြုတော့မှာ
မဟုတ်တော့ကြောင်းသတင်းထွက်နေပါတယ်။
zawgyi
ပေါ့ဘာကို ဒဏ်ရာမှအလျှင်အမြန်ကောင်းမွန်လာရန် ပူနွေးရာသီလေ့ကျင့်ခန်းပြုလုပ်ရန် ဒူဘိုင်းသို့ ပို့လိုက်တဲ့ မန်ယူ