ပေါ့ဘာနည်းတူ ခြေစွမ်းပြနေတဲ့ ဘရာဇီးလ်အသင်းရဲ့ ယူနိုက်တက်ကွင်းလယ်လူ

ဖရက်ဟာ ယူရို ( ၂၀၂၀ ) မှာ ခြေစွမ်းပြနေတဲ့ ပေါလ် ပေါ့ဘာလိုပဲ ဘရာဇီးလ်အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

ဖရက်က ဘရာဇီးအသင်းအတွက် ကိုပါအမေရိက ( ၃ ) ပွဲဆက် ၊ ပြိုင်ပွဲစုံ ( ၅ ) ပွဲဆက် ပွဲထွက်ကစားသမားအနေနဲ့ ပါဝင်ခွင့်ရထားပြီး ဘရာဖီးအသင်းက အဆိုပါ ပွဲစဥ် ( ၅ ) ခုစလုံး အနိုင်ရထားပါတယ်။

ကက်စမဲရိုးနဲ့အတူ တွဲဖက်ကစားရတာက သူ့ကို အထောက်အကူဖြစ်စေပြီး ဖန်တီးနိုင်မှုစွမ်းအား ပိုကောင်းလာပါတယ်။

ဖရက်က ကိုလမ်ဘီယာအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဥ်မှာ ဂိုးကန်သွင်းခွင့် ( ၃ ) ကြိမ် ဖန်တီးပေးခဲ့ပြီး ပေါ်တူဂီအသင်းနဲ့ ပွဲစဥ်မှာ ပေါ့ဘာစွမ်းဆောင်ခဲ့တဲ့ ပမာဏနဲ့ တူညီနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကစားသမားဟာ ဘောလုံးပေးပို့မှု ( ၈၉ ) ရာခိုင်နှုန်း တိကျခဲ့ပြီး ဘောလုံးထိချက် ( ၈၆ ) ကြိမ်ထိရှိခဲ့ပါတယ်။

ဖရက်က ပွဲကစားချိန် ( ၆၈ ) မိနစ်မှာ လူးကပ် ပါကွီတာနဲ့ လူစားလဲခံခဲ့ရတာကို ကြည့်ခြင်းဖြင့် ဒီစွမ်းဆောင်ရည်က တကယ်အားရဖို့ ကောင်းပါတယ်။

သူက ပြစ်ဒဏ်ဘော ( ၄ ) ကြိမ် ရရှိခဲ့ပြီး dribbles ( ၂ ) ကြိမ် အောင်မြင်ကာ ဘောလုံးဆယ်ယူမှု ( ၁၀ ) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဖရက်ဟာ တီတီရဲ့ အသင်းမှာ အဓိက ကစားသမားအနေနဲ့ပါဝင်လျက်ရှိပြီး ရှံုးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်တာကြောင့် အုပ်စုနောက်ဆုံးပွဲစဥ်မှာ အနားပေးခံရနိုင်ပါတယ်။

Zawgyi

ေပါ့ဘာနည္းတူ ေျခစြမ္းျပေနတဲ့ ဘရာဇီးလ္အသင္းရဲ႕ ယူႏိုက္တက္ကြင္းလယ္လူ

ဖရက္ဟာ ယူ႐ို ( ၂၀၂၀ ) မွာ ေျခစြမ္းျပေနတဲ့ ေပါလ္ ေပါ့ဘာလိုပဲ ဘရာဇီးလ္အသင္းနဲ႔အတူ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသႏိုင္ခဲ့ပါတယ္။

ဖရက္က ဘရာဇီးအသင္းအတြက္ ကိုပါအေမရိက ( ၃ ) ပြဲဆက္ ၊ ၿပိဳင္ပြဲစုံ ( ၅ ) ပြဲဆက္ ပြဲထြက္ကစားသမားအေနနဲ႔ ပါဝင္ခြင့္ရထားၿပီး ဘရာဖီးအသင္းက အဆိုပါ ပြဲစဥ္ ( ၅ ) ခုစလုံး အႏိုင္ရထားပါတယ္။

ကက္စမဲ႐ိုးနဲ႔အတူ တြဲဖက္ကစားရတာက သူ႔ကို အေထာက္အကူျဖစ္ေစၿပီး ဖန္တီးႏိုင္မႈစြမ္းအား ပိုေကာင္းလာပါတယ္။

ဖရက္က ကိုလမ္ဘီယာအသင္းကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ဂိုးကန္သြင္းခြင့္ ( ၃ ) ႀကိမ္ ဖန္တီးေပးခဲ့ၿပီး ေပၚတူဂီအသင္းနဲ႔ ပြဲစဥ္မွာ ေပါ့ဘာစြမ္းေဆာင္ခဲ့တဲ့ ပမာဏနဲ႔ တူညီေနပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ကစားသမားဟာ ေဘာလုံးေပးပို႔မႈ ( ၈၉ ) ရာခိုင္ႏႈန္း တိက်ခဲ့ၿပီး ေဘာလုံးထိခ်က္ ( ၈၆ ) ႀကိမ္ထိရွိခဲ့ပါတယ္။

ဖရက္က ပြဲကစားခ်ိန္ ( ၆၈ ) မိနစ္မွာ လူးကပ္ ပါကြီတာနဲ႔ လူစားလဲခံခဲ့ရတာကို ၾကည့္ျခင္းျဖင့္ ဒီစြမ္းေဆာင္ရည္က တကယ္အားရဖို႔ ေကာင္းပါတယ္။ သူက ျပစ္ဒဏ္ေဘာ ( ၄ ) ႀကိမ္ ရရွိခဲ့ၿပီး dribbles ( ၂ ) ႀကိမ္ ေအာင္ျမင္ကာ ေဘာလုံးဆယ္ယူမႈ ( ၁၀ ) ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဖရက္ဟာ တီတီရဲ႕ အသင္းမွာ အဓိက ကစားသမားအေနနဲ႔ပါဝင္လ်က္ရွိၿပီး ရွံုးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ အုပ္စုေနာက္ဆုံးပြဲစဥ္မွာ အနားေပးခံရႏိုင္ပါတယ္။