ပေါ့ဘာရဲ့ လှပတဲ့ဂိုးနဲ့ နိုင်ပွဲရပြီး အဆင့် ၁ နေရာ ပြန်ယူခဲ့တဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်အဆင့် ၁ နေရာကို တစ်ရက်အကြာ လက်လွှတ်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဘာရဲ့ လှပတဲ့သွင်းဂိုးနဲ့ ဖူလ်ဟမ်ကို အနိုင်ယူပြီး ထိပ်ဆုံးနေရာကို ပြန်လည် သိမ်းပိုက်ခဲ့တယ်။

တစ်ချိန်တုန်းက Craven Cottage ကွင်းမှာ မဲလ်ဘရန့်၊ ဘွမ်ဘာဒီအော့ဖ်၊ ဘိုအာမော်တီစတဲ့ ကစားသမားတွေနဲ့ ယူနိုက်တက်ကို ဒုက္ခပေးခဲ့တဲ့ ဖူလ်ဟမ်အသင်းဟာ အခုပွဲမှာလည်း အကောင်းဆုံးတုံ့ပြန်ကစားခဲ့တယ်။ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်းပွဲတွေဆို ဂိုးပေးပြီးမှ အနိုင်ကစားလေ့ရှိတဲ့ ယူနိုက်တက်အသင်းဟာ ဒီပွဲမှာလည်း အစဥ်အလာအတိုင်း လက်ဆောင်ဂိုး အရင်ပေးပြီး Come Back နိုင်ပွဲရယူခဲ့ပြန်တယ်။

ဖူလ်ဟမ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲစလို့ ၅ မိနစ်မှာပဲ လွတ်ခ်မန်းက လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြီး သွင်းခဲ့တယ်။

ဒီဂိုးက ဘစ်ဆာကာရဲ့ မပါးနပ်မှုကြောင့်လို့ပြောရမှာဖြစ်ပြီး အသင်းဖော်တွေ လူကျွံဘောဖမ်းထားချိန်မှာ သူက ကျန်နေခဲ့လို့ လွတ်ခ်မန်းအတွက် အခွင့်အရေး ရသွားတယ်လို့ သတ်မှတ်ရမှာပါ။

ဖူလ်ဟမ်အသင်းရဲ့ ကျစ်လစ်တဲ့ကစားဟန်ကြောင့် ယူနိုက်တက် ကစားရခက်နေပေမယ့် ၂၁ မိနစ်မှာတော့ ချေပဂိုး ပြန်ရခဲ့တယ်။ ဘယ်ခြမ်းကနေ ဘရူနိုဖာနန်ဒက်စ် ချိုးပေးလိုက်တဲ့ဘောလုံးကို ဖူလ်ဟမ်ဂိုးသမား အာရီယိုလာ မကာကွယ်နိုင်ဘဲ လျှံထွက်လာတာကနေ ကာဗာနီက ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနေပေမယ့် အပိုင်အခွင့်အရေးတွေ သိပ်မရခဲ့ဘူး။ တောင်ပံတိုက်စစ်ကစားသမားတွေဖြစ်တဲ့ မာစီယဲလ်၊ ဂရင်းဝုဒ်တို့ကို ဖူလ်ဟမ်ခံစစ်က ထိန်းချုပ်နိုင်ခဲ့သလို ဖာနန်ဒက်စ်လည်း ဒီပွဲမှာ သာမန်လောက်ပဲ ကစားနိုင်ခဲ့တယ်။

ပွဲရဲ့အလှည့်အပြောင်းကို ဖန်တီးပေးခဲ့တာက ပေါ့ဘာဖြစ်ပြီး ၆၅ မိနစ်မှာ ဂိုးဧရိယာထိပ်ကနေ လှပတဲ့ကန်ချက်နဲ့ ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တယ်။ ပေါ့ဘာဟာ ၂၀၁၅ တုန်းက ချီယေဗိုနဲ့ကစားခဲ့တဲ့ပွဲမှာ ဂျူဗင်တပ်စ်အသင်းအတွက် ဂိုးဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ ဂိုးသွင်းခဲ့ပြီးနောက်ပိုင်း ၆နှစ်အကြာမှာ အဲဒီပုံစံအတိုင်း ဂိုးပြန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

လက်ကျန်မိနစ်တွေမှာ ယူနိုက်တက်အသင်း ဂိုးရဖို့ထက် အနိုင်ထိန်းဖို့ ကြိုးစားခဲ့တာကြောင့် ဖူလ်ဟမ်အသင်း အခွင့်အရေး ပြန်ရလာပြီး ဒီဂီယာ ကောင်းတာရယ်၊ ဖူလ်ဟမ်ကစားသမားတွေ အသုံးမချနိုင်တာရယ်ကြောင့် ချေပဂိုး မရခဲ့ဘဲ ယူနိုက်တက်အသင်းက အဝေးကွင်းနိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာ ဘိုင်လီနဲ့ ထိပြီး ဂိုးပေါက်နားကပ်သွားခဲ့တဲ့ဘောလုံးကတော့ ယူနိုက်တက်အသင်းအတွက် အတော်ကိုရင်ထိပ်စရာကောင်းခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ၁၉၉၉၊ စက်တင်ဘာလတုန်းက တင်ရှိခဲ့တဲ့ အဝေးကွင်း ၁၇ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ပြန်ရရှိခဲ့ပြီး ဦးဆောင်ဂိုးပေးပြီးမှ အနိုင်ရခဲ့တဲ့ပွဲအရေအတွက်က ၉၇ ပွဲအထိရှိလာပါပြီ။ အိမ်ရှင်ဖူလ်ဟမ်အသင်းကတော့ နည်းပြ ပါကားလက်ထက်မှာ ဦးဆောင်ဂိုး သွင်းနိုင်တဲ့ပွဲတိုင်း ရှုံးပွဲမရှိတဲ့မှတ်တမ်းက ယူနိုက်တက်အသင်းကြောင့် ကျိုးပျက်သွားပြီပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေပါ့ဘာရဲ႕ လွပတဲ့ဂိုးနဲ႔ ႏိုင္ပြဲရၿပီး အဆင့္ ၁ ေနရာ ျပန္ယူခဲ့တဲ့ ယူႏိုက္တက္

ပရီးမီးယားလိဂ္အဆင့္ ၁ ေနရာကို တစ္ရက္အၾကာ လက္လႊတ္ခဲ့ရတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေပါ့ဘာရဲ႕ လွပတဲ့သြင္းဂိုးနဲ႔ ဖူလ္ဟမ္ကို အႏိုင္ယူၿပီး ထိပ္ဆုံးေနရာကို ျပန္လည္ သိမ္းပိုက္ခဲ့တယ္။ တစ္ခ်ိန္တုန္းက Craven Cottage ကြင္းမွာ မဲလ္ဘရန႔္၊ ဘြမ္ဘာဒီေအာ့ဖ္၊ ဘိုအာေမာ္တီစတဲ့ ကစားသမားေတြနဲ႔ ယူႏိုက္တက္ကို ဒုကၡေပးခဲ့တဲ့ ဖူလ္ဟမ္အသင္းဟာ အခုပြဲမွာလည္း အေကာင္းဆုံးတုံ႔ျပန္ကစားခဲ့တယ္။ ဒီရာသီ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲေတြဆို ဂိုးေပးၿပီးမွ အႏိုင္ကစားေလ့ရွိတဲ့ ယူႏိုက္တက္အသင္းဟာ ဒီပြဲမွာလည္း အစဥ္အလာအတိုင္း လက္ေဆာင္ဂိုး အရင္ေပးၿပီး Come Back ႏိုင္ပြဲရယူခဲ့ျပန္တယ္။

ဖူလ္ဟမ္အသင္းအတြက္ အဖြင့္ဂိုးကို ပြဲစလို႔ ၅ မိနစ္မွာပဲ လြတ္ခ္မန္းက လူကြၽံေထာင္ေခ်ာက္ကို ေက်ာ္ျဖတ္ၿပီး သြင္းခဲ့တယ္။ ဒီဂိုးက ဘစ္ဆာကာရဲ႕ မပါးနပ္မႈေၾကာင့္လို႔ေျပာရမွာျဖစ္ၿပီး အသင္းေဖာ္ေတြ လူကြၽံေဘာဖမ္းထားခ်ိန္မွာ သူက က်န္ေနခဲ့လို႔ လြတ္ခ္မန္းအတြက္ အခြင့္အေရး ရသြားတယ္လို႔ သတ္မွတ္ရမွာပါ။ ဖူလ္ဟမ္အသင္းရဲ႕ က်စ္လစ္တဲ့ကစားဟန္ေၾကာင့္ ယူႏိုက္တက္ ကစားရခက္ေနေပမယ့္ ၂၁ မိနစ္မွာေတာ့ ေခ်ပဂိုး ျပန္ရခဲ့တယ္။ ဘယ္ျခမ္းကေန ဘ႐ူႏိုဖာနန္ဒက္စ္ ခ်ိဳးေပးလိုက္တဲ့ေဘာလုံးကို ဖူလ္ဟမ္ဂိုးသမား အာရီယိုလာ မကာကြယ္ႏိုင္ဘဲ လွ်ံထြက္လာတာကေန ကာဗာနီက ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ကစားေနေပမယ့္ အပိုင္အခြင့္အေရးေတြ သိပ္မရခဲ့ဘူး။ ေတာင္ပံတိုက္စစ္ကစားသမားေတြျဖစ္တဲ့ မာစီယဲလ္၊ ဂရင္းဝုဒ္တို႔ကို ဖူလ္ဟမ္ခံစစ္က ထိန္းခ်ဳပ္ႏိုင္ခဲ့သလို ဖာနန္ဒက္စ္လည္း ဒီပြဲမွာ သာမန္ေလာက္ပဲ ကစားႏိုင္ခဲ့တယ္။ ပြဲရဲ႕အလွည့္အေျပာင္းကို ဖန္တီးေပးခဲ့တာက ေပါ့ဘာျဖစ္ၿပီး ၆၅ မိနစ္မွာ ဂိုးဧရိယာထိပ္ကေန လွပတဲ့ကန္ခ်က္နဲ႔ ယူႏိုက္တက္အသင္းအတြက္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တယ္။

ေပါ့ဘာဟာ ၂၀၁၅ တုန္းက ခ်ီေယဗိုနဲ႔ကစားခဲ့တဲ့ပြဲမွာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ဂိုးဧရိယာထိပ္ကေန ဘယ္ေျခနဲ႔ ဂိုးသြင္းခဲ့ၿပီးေနာက္ပိုင္း ၆ႏွစ္အၾကာမွာ အဲဒီပုံစံအတိုင္း ဂိုးျပန္သြင္းခဲ့တာလည္းျဖစ္ပါတယ္။ လက္က်န္မိနစ္ေတြမွာ ယူႏိုက္တက္အသင္း ဂိုးရဖို႔ထက္ အႏိုင္ထိန္းဖို႔ ႀကိဳးစားခဲ့တာေၾကာင့္ ဖူလ္ဟမ္အသင္း အခြင့္အေရး ျပန္ရလာၿပီး ဒီဂီယာ ေကာင္းတာရယ္၊ ဖူလ္ဟမ္ကစားသမားေတြ အသုံးမခ်ႏိုင္တာရယ္ေၾကာင့္ ေခ်ပဂိုး မရခဲ့ဘဲ ယူႏိုက္တက္အသင္းက အေဝးကြင္းႏိုင္ပြဲ ျပန္လည္ရယူႏိုင္ခဲ့ပါတယ္။ ပြဲၿပီးခါနီး မိနစ္ပိုင္းအလိုမွာ ဘိုင္လီနဲ႔ ထိၿပီး ဂိုးေပါက္နားကပ္သြားခဲ့တဲ့ေဘာလုံးကေတာ့ ယူႏိုက္တက္အသင္းအတြက္ အေတာ္ကိုရင္ထိပ္စရာေကာင္းခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၁၉၉၉၊ စက္တင္ဘာလတုန္းက တင္ရွိခဲ့တဲ့ အေဝးကြင္း ၁၇ ပြဲဆက္ ရႈံးပြဲမရွိမွတ္တမ္း ျပန္ရရွိခဲ့ၿပီး ဦးေဆာင္ဂိုးေပးၿပီးမွ အႏိုင္ရခဲ့တဲ့ပြဲအေရအတြက္က ၉၇ ပြဲအထိရွိလာပါၿပီ။ အိမ္ရွင္ဖူလ္ဟမ္အသင္းကေတာ့ နည္းျပ ပါကားလက္ထက္မွာ ဦးေဆာင္ဂိုး သြင္းႏိုင္တဲ့ပြဲတိုင္း ရႈံးပြဲမရွိတဲ့မွတ္တမ္းက ယူႏိုက္တက္အသင္းေၾကာင့္ က်ိဳးပ်က္သြားၿပီပဲျဖစ္ပါတယ္။