ပေါ့ဘာဟာ နိုင်ငံတကာပွဲစဉ် ရက်သတ္တပတ်မှာ ပြင်သစ်အသင်းနဲ့ အတူ လေ့ကျင့်နေရင်း ဒဏ်ရာ ရရှိသွားခဲ့

မန်ယူအသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာဟာ နိုင်ငံတကာပွဲစဉ် ရက်သတ္တပတ်မှာ

ပြင်သစ်အသင်းနဲ့ အတူ လေ့ကျင့်နေရင်း ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ပေါ့ဘာဟာ မနေ့က ပြုလုပ်တဲ့ ပြင်သစ်အသင်းရဲ့ ထရိန်နင်မှာ ဂိုးကန်သွင်းမှုကို

လေ့ကျင့်နေရင်း ပေါင်ခြံဒဏ်ရာရရှိသွားခဲ့တာလို့ဆိုပါတယ်။

ပေါ့ဘာဟာ အဆိုပါ ဒဏ်ရာကြောင့် လေ့ကျင့်ရေးကွင်းကနေ ချက်ချင်းထွက်ခွာခဲ့ရပြီး

ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ဆိုပါတယ်။

ပေါ့ဘာရဲ့ ဒဏ်ရာအခြေအနေကို အသေးစိတ် မသိရသေးပေမယ့် ကာဇန်စတန် ၊

ဖင်လင် အသင်းတို့နဲ့ ကစားဖို့ရှိနေတဲ့ ပြင်သစ်အသင်းရဲ့ပွဲစဉ်တွေကို

ပေါ့ဘာအနေနဲ့ လွဲချော်နိုင်ဖွယ်ရှိနေပါတယ်။

ပေါ့ဘာရဲ့ မန်ယူကစားဖော် ဗာရန်းဟာလည်း ဒဏ်ရာပြဿနာကြောင့် လူစာရင်းကနေ

ချန်လှပ်ခံခဲ့ရပြီး ပြင်သစ်အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။

zawgyi











