ပေါ့ဘာ၊ ဖာနန်ဒက်စ်နဲ့ လုခ်ရှောတို့ကို စာချုက်သက်တမ်းတိုးမယ့် မန်ယူအသင်း

မန်ယူအသင်းဟာ ဒီရာသီမှာ အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာကို စာချုပ်

သက်တမ်းတိုးဖို့ပြင်ဆင်နေတာပါ။ ပေါ့ဘာကို လစာတိုးပေးမယ့်အပြင်

ရာသီကုန်မှာ စာချုပ်သက်တမ်းပြည့်တော့မယ့် ၎င်းကို အလွတ်ထွက်ခွာခွင့်

မပြုရရေးအတွက် မန်ယူအသင်းဟာ ကြိုးစားနေတာဖြစ်ပါတယ်။

ပေါ့ဘာအပြင် နောက်ထပ် အဓိက ကစားသမား နှစ်ဦးဖြစ်တဲ့ ဖာနန်ဒက်စ် နဲ့

လုခ်ရှောတို့ကိုလည်း မန်ယူအသင်းဟာ စာချုပ်သက်တမ်းတိုးဖို့ပြင်ဆင်နေတာဖြစ်ပြီး

ဆွေးနွေးမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။ ဒီကစားသမားနှစ်ယောက်အတွက်လည်း

မန်ယူအသင်းဟာ ဇူလိုင်လလောက်ကတည်းက စာချုက်သက်တမ်းတိုးဖို့

ပြင်ဆင်ကြိုးပမ်းနေတာဖြစ်သလို ဆွေးနွေးမှုကလည်း အတော်လေး

ခရီးပေါက်နေတာဖြစ်ပါတယ်။

ဖာနန်ဒက်စ် နဲ့ လုခ်ရှောတို့ အနေနဲ့ လုပ်ခ လစာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ

ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သလို အဆိုပါ ကစားသမားနှစ်ယောက်ရဲ့

နောက်ဆုံး ဆုံးဖြတ်ချက်ကိုသာ မန်ယူအသင်း ဘုတ်အဖွဲ့က စောင့်ဆိုင်းနေတာ

ဖြစ်တယ်လို့လည်းသိရပါတယ်။ လက်ရှိ မန်ယူအသင်းမှာတော့ ကွင်းလယ်လူ

ပေါ့ဘာက တစ်ပတ်လုပ်ခ ပေါင် နှစ်သိန်းကိုးသောင်း ၊ ဖာနန်ဒက်စ်က တစ်ပတ်လုပ် ပေါင်

တစ်သိန်းရှစ်သောင်း နဲ့ လုခ်ရှောက တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းခွဲ

အသီးသီး ရရှိနေကြတာဖြစ်ပါတယ်။

zawgyi
















