ပေါ်တူဂီနှင့်ခရစ္စတီယာနိုရော်နယ်ဒို  ကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်မအောင်မြင်မှုကြောင့် အပြင်းအထန်ဝေဖန်ခံနေရ

ပေါ်တူဂီအသင်းဟာမနေ့ညတုန်းကလစ္စဘွန်းတွင်ဆားဘီးယားကို၂-၁ဂိုးဖြင့်

ရှုံးနိမ့်ပြီးနောက်ကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်အောင်မြင်မယ့်အခွင့်အရေး

လွဲချော်သွားခဲ့ပြီဖြစ်ပါတယ်။ ဆားဘီးယားဟာပေါ်တူဂီကိုအဝေးကွင်းမှာ

အနိုင်ရရှိမှုနဲ့အတူကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။

ပေါ်တူဂီဟာမနေ့ညတုန်းကဆားဘီးယားနှင့်ပွဲတွင်သရေကျရုံဖြင့်

တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မယ့်အခွင့်အရေးရှိနေပါတယ်။

ပေါ်တူဂီဟာရီနာတိုဆန်းချက်စ်ရဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမယ့်ဒူဆန်တာဒစ်က

ဆားဘီးယားအတွက်ချေပခဲ့ပါတယ်။ယင်းနောက်လူစားဝင်လာတဲ့

မီထရိုဗစ်ကဆားဘီးယားအတွက်နောက်ကျအနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

ပေါ်တူဂီဟာတိုက်ရိုက်ခြေစစ်ပွဲမအောင်မြင်ပေမယ့်ပလေးအော့ဖ်မှတဆင့်

ခြေစစ်ပွဲအောင်မြင်မယ့်အခွင့်အရေးရှိနေပါသေးတယ်။ဒါပေမယ့်ဆားဘီးယားနှင့်

ပွဲတွင်ဖာနန်ဒိုဆန်းတို့စ်ရဲ့အသင်းမှာခြေစွမ်းညံ့ဖျင်းခဲ့တဲ့အပြင် အသင်းခေါင်းဆောင်

ခရစ္စတီယာနိုရော်နယ်ဒိုမှာလည်းခြေစွမ်းပြရန်ရုန်းကန်ခဲ့ရပါတယ်။ဒါကြောင့်လည်း

ပေါ်တူဂီအသင်းနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာအွန်လိုင်းတွင်အပြင်းအထန်

ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပါတယ်။

ပရိသတ်တစ်ဦးက “ဆားဘီးယား၊အိုင်ယာလန်၊လူဇင်ဘတ်၊အဇာဘိုင်ဂျန်တို့လို

အသင်းတွေနဲ့တစ်အုပ်စုကျတာတောင်ခြေစစ်ပွဲတိုက်ရိုက်မအောင်တတ်ဘူး”လို့ဆိုသွားပါတယ်။

ပေါ်တူဂီဂျာနယ်လစ်ဟိုဆေးမော်ဂါဒိုကပေါ်တူဂီအသင်းရဲ့ခြေစွမ်းမှာ

စုတ်ချာလွန်းလှကြောင်းဝေဖန်သွားခဲ့ပါတယ်။အခြားတစ်ဦးကလည်း

“ဟားဟားဟားဟားဟား။တကယ်တမ်းလိုအပ်နေတဲ့အချိန်မှာ

ခရစ္စတီယာနိုရော်နယ်ဒို ဘယ်ရောက်နေလဲ”လို့ရေးသားသွားပါတယ်။

ဒါ့အပြင်နည်းပြဆန်းတို့စ်မှာလည်းဝေဖန်မှုများနှင့်ရင်ဆိုင်နေရပါတယ်။

ဆန်းတို့စ်ဟာပေါ်တူဂီကိုယူရို၂၀၁၆နှင့်၂၀၁၉နေးရှင်းလိဂ်ဖလားတို့ရရှိအောင်

ဦးဆောင်ပေးခဲ့ပေမယ့်၂၀၁၈ကမ္ဘာ့ဖလားနှင့်ယူရို၂၀၂၀တို့တွင်၁၆သင်းအဆင့်သို့သာ

တက်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

zawgyi

ေပၚတူဂီႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒို  ကမာၻ႔ဖလားေျခစစ္ပြဲတိုက္႐ိုက္မေအာင္ျမင္မႈေၾကာင့္ အျပင္းအထန္ေဝဖန္ခံေနရ

ေပၚတူဂီအသင္းဟာမေန႔ညတုန္းကလစၥဘြန္းတြင္ဆားဘီးယားကို၂-၁ဂိုးျဖင့္

ရႈံးနိမ့္ၿပီးေနာက္ကမာၻ႔ဖလားေျခစစ္ပြဲတိုက္႐ိုက္ေအာင္ျမင္မယ့္အခြင့္အေရး

လြဲေခ်ာ္သြားခဲ့ၿပီျဖစ္ပါတယ္။ ဆားဘီးယားဟာေပၚတူဂီကိုအေဝးကြင္းမွာ

အႏိုင္ရရွိမႈနဲ႔အတူကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္သြားခဲ့ၿပီျဖစ္ပါတယ္။

ေပၚတူဂီဟာမေန႔ညတုန္းကဆားဘီးယားႏွင့္ပြဲတြင္သေရက်႐ုံျဖင့္

တိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္မယ့္အခြင့္အေရးရွိေနပါတယ္။

ေပၚတူဂီဟာရီနာတိုဆန္းခ်က္စ္ရဲ႕ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ဒူဆန္တာဒစ္က

ဆားဘီးယားအတြက္ေခ်ပခဲ့ပါတယ္။ယင္းေနာက္လူစားဝင္လာတဲ့

မီထ႐ိုဗစ္ကဆားဘီးယားအတြက္ေနာက္က်အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။

ေပၚတူဂီဟာတိုက္႐ိုက္ေျခစစ္ပြဲမေအာင္ျမင္ေပမယ့္ပေလးေအာ့ဖ္မွတဆင့္

ေျခစစ္ပြဲေအာင္ျမင္မယ့္အခြင့္အေရးရွိေနပါေသးတယ္။ဒါေပမယ့္ဆားဘီးယားႏွင့္

ပြဲတြင္ဖာနန္ဒိုဆန္းတို႔စ္ရဲ႕အသင္းမွာေျခစြမ္းညံ့ဖ်င္းခဲ့တဲ့အျပင္ အသင္းေခါင္းေဆာင္

ခရစၥတီယာႏိုေရာ္နယ္ဒိုမွာလည္းေျခစြမ္းျပရန္႐ုန္းကန္ခဲ့ရပါတယ္။ဒါေၾကာင့္လည္း

ေပၚတူဂီအသင္းႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ဟာအြန္လိုင္းတြင္အျပင္းအထန္

ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

ပရိသတ္တစ္ဦးက “ဆားဘီးယား၊အိုင္ယာလန္၊လူဇင္ဘတ္၊အဇာဘိုင္ဂ်န္တို႔လို

အသင္းေတြနဲ႔တစ္အုပ္စုက်တာေတာင္ေျခစစ္ပြဲတိုက္႐ိုက္မေအာင္တတ္ဘူး”လို႔ဆိုသြားပါတယ္။

ေပၚတူဂီဂ်ာနယ္လစ္ဟိုေဆးေမာ္ဂါဒိုကေပၚတူဂီအသင္းရဲ႕ေျခစြမ္းမွာ

စုတ္ခ်ာလြန္းလွေၾကာင္းေဝဖန္သြားခဲ့ပါတယ္။အျခားတစ္ဦးကလည္း

“ဟားဟားဟားဟားဟား။တကယ္တမ္းလိုအပ္ေနတဲ့အခ်ိန္မွာ

ခရစၥတီယာႏိုေရာ္နယ္ဒို ဘယ္ေရာက္ေနလဲ”လို႔ေရးသားသြားပါတယ္။

ဒါ့အျပင္နည္းျပဆန္းတို႔စ္မွာလည္းေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

ဆန္းတို႔စ္ဟာေပၚတူဂီကိုယူ႐ို၂၀၁၆ႏွင့္၂၀၁၉ေနးရွင္းလိဂ္ဖလားတို႔ရရွိေအာင္

ဦးေဆာင္ေပးခဲ့ေပမယ့္၂၀၁၈ကမာၻ႔ဖလားႏွင့္ယူ႐ို၂၀၂၀တို႔တြင္၁၆သင္းအဆင့္သို႔သာ

တက္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။