
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဥ္ပြိုင်ခွင့် မရှိနိုင်တဲ့
အခြေအနေတွေဖြစ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေကို
ပေါ်တူဂီတိုက်စစ်မှုး ရော်နယ်ဒိုက ပယ်ချလိုက်ပြီး ပေါ်တူဂီ မပါရင်တော့
ကမ္ဘာ့ဖလားမဟုတ်တော့ဘူးလို့ တုံ့ပြန်ပြောကြားလိုက်ပါတယ်။
ပေါ်တူဂီဟာ ပလေးအော့ဖ်ဗိုလ်လုပွဲတက်သွားခဲ့ပြီးနောက်
မြောက် မက်ဆီဒိုးနီးယားနဲ့ ဗိုလ်လုပွဲကစားရတော့မှာဖြစ်ပါတယ်။
မြောက်မက်ဆီဒိုးနီးယားဟာ ခြေစစ်ပွဲအုပ်စုအဆင့်မှာ
ဂျာမနီကို ၂-၁ နဲ့ အနိုင်ရခဲ့ဖူးသလို ယူရို ၂၀၂၀ ချန်ပီယံ အီတလီကိုလည်း
အီတလီမြေမှာ ၀-၁ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်လာခဲ့တာပါ။
မြောက် မက်ဆီဒိုးနီးယားသမ္မတကလည်း ပေါ်တူဂီနဲ့ ရော်နယ်ဒိုကို
သတိထားတော့ဆိုတဲ့ သတိပေးမှုတွေ ပြုလုပ်ခဲ့သလို
လူဦးရေ ၂ သန်းကျော်ရှိတဲ့ မြောက်မက်ဆီဒိုးနီးယားတစ်နိုင်ငံလုံးကလည်း
လက်ရွေးစင်အသင်းကို အားပေးနေကြပြီး သူတို့နိုင်ငံသမိုင်းတစ်လျောက်
ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပွဲကစားခွင့်ကို အိမ်မက်နေကြပါတယ်။
ရော်နယ်ဒိုကတော့ အင်္ဂါနေ့ည ၁း၁၅ အချိန်၊ ပေါ်တိုမြို့မှာကစားမယ့်
နောက် ဆုံးဗိုလ်လုပွဲမတိုင်မီ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ရာမှာ
ပေါ်တူဂီမပါရင် ကမ္ဘာ့ဖလားလို့ မခေါ်ဆိုနိုင်ဘူးဆိုတဲ့ အဓိ္ပ္ပါယ်နဲ့တုံ့ပြန်သွားခဲ့တာပါ။
“ပေါ်တူဂီ မပါဘူးဆိုရင်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲ မဟုတ်တော့ပါဘူး။
တစ်ဦးချင်း သီးသန့်ကိုယ်စားပြုမှုတွေလည်း မရှိပါဘူး” လို့ ရော်နယ်ဒိုက ဆိုပါတယ်။
မြောက် မက်ဆီဒိုးနီးယားဟာ အီတလီကို အံအားသင့်စေနိုင်ခဲ့ပေမယ့်
ပေါ်တူဂီကို အံ့သြစေနိုင်လိမ့်မယ်လို့ မထင်ကြောင်းနဲ့
ပေါ်တူဂီသာ ကမ္ဘာ့ဖလားပွဲကစားခွင့် ရမယ်လို့
ယံုံကြည်ကြောင်းလည်း ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ အံ့အားသင့်ရပါတယ်။ မြောက် မက်ဆီဒိုးနီးယားက
ပွဲအတော်များများမှာ အံ့အားသင့်စေနိုင်ခဲ့တယ်။
ဒါပေမယ့် ကျွန်တော်တို့ကို အံ့အားသင့်စေနိုင်မယ်လို့ မထင်ဘူး။
ပေါ်တူဂီက ပိုကောင်းအောင်ကစားမှာဖြစ်ပြီး ကမ္ဘာ့ဖလားပွဲသွားခွင့်ရမှာပါ”လို့လည်း
ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။
အနိုင်ရရင်ကမ္ဘာ့ဖလားကစားခွင့်ရမှာဖြစ်ပြီး ရှံးရင် ပြိုင်ပွဲနဲ့လွဲမှာကို သိထားကြောင်း၊
အပြုသဘောဆောင်တဲ့တာဝန်ယူစိတ်နဲ့အတူ ပွဲကို အနိုင်ရဖို့လိုကြောင်း၊
မြောက် မက်ဆီဒိုးနီးယားပွဲအတွက် အားလုံးကောင်းစွာပြင်ဆင်ထားကြပြီး
အားလုံးကလည်း အကောင်းဆုံးကစားသွားကြမှာဖြစ်ကြောင်း
ရော်နယ်ဒိုက ပြောကြားခဲ့ပါသေးတယ်။
zawgyi
ေပၚတူဂီ မပါရင္ေတာ့ကမာၻ႔ဖလားမဟုတ္ေတာ့ဘူးလို႔ တုံ႔ျပန္ေျပာၾကားလိုက္တဲ့ ေရာ္နယ္ဒို
၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ယွၪၸျိုင္ခြင့္ မရွိႏိုင္တဲ့
အေျခအေနေတြျဖစ္လာႏိုင္တယ္ဆိုတဲ့ သုံးသပ္မႈေတြကို
ေပၚတူဂီတိုက္စစ္မႈး ေရာ္နယ္ဒိုက ပယ္ခ်လိုက္ၿပီး ေပၚတူဂီ မပါရင္ေတာ့
ကမာၻ႔ဖလားမဟုတ္ေတာ့ဘူးလို႔ တုံ႔ျပန္ေျပာၾကားလိုက္ပါတယ္။
ေပၚတူဂီဟာ ပေလးေအာ့ဖ္ဗိုလ္လုပြဲတက္သြားခဲ့ၿပီးေနာက္
ေျမာက္ မက္ဆီဒိုးနီးယားနဲ႔ ဗိုလ္လုပြဲကစားရေတာ့မွာျဖစ္ပါတယ္။
ေျမာက္မက္ဆီဒိုးနီးယားဟာ ေျခစစ္ပြဲအုပ္စုအဆင့္မွာ
ဂ်ာမနီကို ၂-၁ နဲ႔ အႏိုင္ရခဲ့ဖူးသလို ယူ႐ို ၂၀၂၀ ခ်န္ပီယံ အီတလီကိုလည္း
အီတလီေျမမွာ ၀-၁ နဲ႔ အႏိုင္ရၿပီး ဗိုလ္လုပြဲတက္လာခဲ့တာပါ။
ေျမာက္ မက္ဆီဒိုးနီးယားသမၼတကလည္း ေပၚတူဂီနဲ႔ ေရာ္နယ္ဒိုကို
သတိထားေတာ့ဆိုတဲ့ သတိေပးမႈေတြ ျပဳလုပ္ခဲ့သလို
လူဦးေရ ၂ သန္းေက်ာ္ရွိတဲ့ ေျမာက္မက္ဆီဒိုးနီးယားတစ္ႏိုင္ငံလုံးကလည္း
လက္ေ႐ြးစင္အသင္းကို အားေပးေနၾကၿပီး သူတို႔ႏိုင္ငံသမိုင္းတစ္ေလ်ာက္
ပထမဆုံးအႀကိမ္ ကမာၻ႔ဖလားပြဲကစားခြင့္ကို အိမ္မက္ေနၾကပါတယ္။
ေရာ္နယ္ဒိုကေတာ့ အဂၤါေန႔ည ၁း၁၅ အခ်ိန္၊ ေပၚတိုၿမိဳ႕မွာကစားမယ့္
ေနာက္ ဆုံးဗိုလ္လုပြဲမတိုင္မီ မီဒီယာေတြနဲ႔ ေတြ႕ဆုံခဲ့ရာမွာ
ေပၚတူဂီမပါရင္ ကမာၻ႔ဖလားလို႔ မေခၚဆိုႏိုင္ဘူးဆိုတဲ့ အဓိၸၸါယ္နဲ႔တုံ႔ျပန္သြားခဲ့တာပါ။
“ေပၚတူဂီ မပါဘူးဆိုရင္ေတာ့ ကမာၻ႔ဖလားၿပိဳင္ပြဲ မဟုတ္ေတာ့ပါဘူး။
တစ္ဦးခ်င္း သီးသန္႔ကိုယ္စားျပဳမႈေတြလည္း မရွိပါဘူး” လို႔ ေရာ္နယ္ဒိုက ဆိုပါတယ္။
ေျမာက္ မက္ဆီဒိုးနီးယားဟာ အီတလီကို အံအားသင့္ေစႏိုင္ခဲ့ေပမယ့္
ေပၚတူဂီကို အံ့ၾသေစႏိုင္လိမ့္မယ္လို႔ မထင္ေၾကာင္းနဲ႔
ေပၚတူဂီသာ ကမာၻ႔ဖလားပြဲကစားခြင့္ ရမယ္လို႔
ယံုံၾကည္ေၾကာင္းလည္း ေရာ္နယ္ဒိုက ေျပာၾကားခဲ့ပါတယ္။
“ကြၽန္ေတာ္တို႔ အံ့အားသင့္ရပါတယ္။ ေျမာက္ မက္ဆီဒိုးနီးယားက
ပြဲအေတာ္မ်ားမ်ားမွာ အံ့အားသင့္ေစႏိုင္ခဲ့တယ္။
ဒါေပမယ့္ ကြၽန္ေတာ္တို႔ကို အံ့အားသင့္ေစႏိုင္မယ္လို႔ မထင္ဘူး။
ေပၚတူဂီက ပိုေကာင္းေအာင္ကစားမွာျဖစ္ၿပီး ကမာၻ႔ဖလားပြဲသြားခြင့္ရမွာပါ”လို႔လည္း
ေရာ္နယ္ဒိုက ေျပာၾကားခဲ့ပါတယ္။
အႏိုင္ရရင္ကမာၻ႔ဖလားကစားခြင့္ရမွာျဖစ္ၿပီး ရွံးရင္ ၿပိဳင္ပြဲနဲ႔လြဲမွာကို သိထားေၾကာင္း၊
အျပဳသေဘာေဆာင္တဲ့တာဝန္ယူစိတ္နဲ႔အတူ ပြဲကို အႏိုင္ရဖို႔လိုေၾကာင္း၊
ေျမာက္ မက္ဆီဒိုးနီးယားပြဲအတြက္ အားလုံးေကာင္းစြာျပင္ဆင္ထားၾကၿပီး
အားလုံးကလည္း အေကာင္းဆုံးကစားသြားၾကမွာျဖစ္ေၾကာင္း
ေရာ္နယ္ဒိုက ေျပာၾကားခဲ့ပါေသးတယ္။