ပဲရစ်မြို့က အင်္ဂလန်ဇာတ်လိုက်နဲ့ အထင်ကြီးစရာ မန်ယူရဲ့အောင်ပွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူဟာ မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ပွဲသိမ်းဂိုးနဲ့အနိုင်ရခဲ့တာ အခုဆိုရင် ပဲရစ်မြေမှာ ၂ ကြိမ်ဆက် ရှိ သွားပါပြီ။ တကယ်တော့ ဒီပွဲမှာ မန်ယူဟာ အောက်အသင်းဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်က ခြေစွမ်းတွေကြောင့် ပီအက်စ်ဂျီကိုပဲ အားလုံးက အထင်ကြီးခဲ့ကြတာပါ။ ဒီရှုံးပွဲဟာ ပီအက်စ်ဂျီအတွက် ချန်ပီယံလိဂ်အုပ်စုအဆင့် အိမ်ကွင်း ၂၄ ပွဲမှာ ပထမဆုံး ရှုံးပွဲလည်းဖြစ်ခဲ့ပါတယ်။

ဒီပွဲကို ကာဗာနီနဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားတို့ကို ချန်လှပ်ထားခဲ့တဲ့အတွက်လည်း မန်ယူဟာ ပိုပြီး Underdog ပုံစံဖြစ်ခဲ့ရတာပါ။ တကယ်တော့ မနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိရောက်ခဲ့တဲ့ပီအက်စ်ဂျီဟာ နိုင်သွားတဲ့မန်ယူ လောက် အထင်ကြီးစရာမဖြစ်ခဲ့ပါဘူး။

မန်ယူရဲ့ ပင်နယ်တီ ၂ ကြိမ်ကန်သွင်းခဲ့ရတာက စည်းမျဉ်းသစ်နဲ့မကိုက်ညီခဲ့တဲ့ ဂိုးသမား နာဗက်စ်ရဲ့လှုပ်ရှားမှုကြောင့်ဖြစ်ပြီး ဒီပွဲမှာ ပီ အက်စ်ဂျီဟာ မန်ယူဘက်ကို တစ်ဂိုးမှမသွင်းနိုင်ခဲ့ပါဘူး။

သူတို့ရသွားတဲ့တစ်ဂိုးက မာရှယ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတာဖြစ်တာကြောင့် နေမာ၊ အမ်ဘတ်ပီ၊ ဒီမာရီယာတို့ဟာ မန်ယူဂိုးသမား ဒီဂီယာကို ဂိုးသွင်းနိုင်ဖို့အရာမထင်ဖြစ်ခဲ့တာပါ။

ပွဲစဉ်တစ်ခုလုံးအနေနဲ့ ခြုံပြီးကြည့်မယ်ဆိုရင် နည်းပြဆိုးလ်ရှားရဲ့ ၅-၃-၂ ကနေ ၄-၃-၁-၂ ပုံစံနည်းဗျူဟာအ ခင်းအကျင်းကလည်းအရေးပါခဲ့ပြီး မက်ဂွိုင်းယားမရှိတဲ့အချိန်မှာ လင်ဒီလော့ခ်၊ လုခ် ရှောနဲ့ ဘစ်ဆာကာတို့ကလည်း အမှားအယွင်းမရှိကစားသွားခဲ့ကြတာပါ။

အထူးသဖြင့် ဘစ်ဆာကာနဲ့ လူငယ်နောက်ခံလူဖြစ်တဲ့ တန်ဇွန်ဘီတို့ဟာ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် နေမာနဲ့ အမ်ဘတ်ပီတို့ကို အပိုင်ကန်သွင်းခွင့်တွေမရအောင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ နေမာ ခြေပျက်နေပြီး တိုက်စစ်ကို ဦးဆောင်မကစားနိုင်ခဲ့တာကလည်း ပီအက်စ် ဂျီရဲ့ အားနည်းချက်ဖြစ်ခဲ့ပါတယ်။ မန်ယူဟာ ဒီပွဲမှာ အသင်းလိုက်ကစားအားကို အဓိက အသုံးပြုသွားခဲ့ပြီး အမှားအယွင်းမရှိအောင် ကစားနိုင်ခဲ့တဲ့အတွက် အနိုင်ရခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှုအရ ပီအက်စ်ဂျီကသာခဲ့တယ်ဆိုပေမယ့် ဂိုးကန်သွင်းချက်မှာ ၁၄ ကြိမ်စီတူညီနေခဲ့သလို မန်ယူက ဂိုးပေါက် ၆ ကြိမ်တည့်ခဲ့ပြီး ပီအက်စ်ဂျီထက်သာခဲ့ပါ တယ်။

ပဲရစ်မြို့မှာ ရက်ရှ်ဖို့ဒ်ကတော့ ပထမတစ်ကြိမ်တုန်းကအတိုင်း အင်္ဂလန်ဇာတ် လိုက်ဖြစ်ခဲ့ပြီး ဒီနိုင်ပွဲဟာ ဖိအားတွေအောက်မှာရှိနေတဲ့ ဆိုးလ်ရှားအတွက် အကောင်းဆုံး အာမခံပေးနိုင်မယ့် ပွဲတစ်ပွဲဖြစ်လာဖို့ ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi






