ပဲလေ့စ်နဲ့ပွဲမှာ ဆာလာကို အရန်ခုံထိုင်ခိုင်းရတဲ့အကြောင်းရင်း ကလော့ပ်ဖြေရှင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းနည်းပြ ကလော့ပ်က ပဲလေ့စ်နဲ့ကစားခဲ့တဲ့ပွဲမှာ အဓိကတိုက်စစ်မှူး ဆာလာကို ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့ရတဲ့အကြောင်းရင်းကို ရှင်းပြခဲ့ပြီး ပွဲတွေ ဆက်တိုက်ကစားနေရလို့ အနားပေးခဲ့ရတာဖြစ်ကြောင်း ဆိုပါတယ်။


အီဂျစ်လက်ရွေးစင် ဆာလာဟာ ကြားရက်အတွင်း စပါးကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ပဲလေ့စ်နဲ့ပွဲမှာတော့ အံ့အားသင့်စရာကောင်းလောက်အောင် ပွဲထွက်စာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး ဂျပန်သား မီနာမီနိုက သူ့နေရာမှာ အစားဝင်ကစားခွင့်ရခဲ့ပါတယ်။


ဆာလာအနေနဲ့ ယခုရာသီပရီးမီးယားလိဂ်မှာ ပွဲထွက်စာရင်းကနေ ချန်လှပ်ခံခဲ့ရတာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရလို့ နိုဝင်ဘာလအတွင်း လက်စတာအသင်းနဲ့ပွဲမှာ ပါဝင်ခွင့်မရခဲ့တာပါ။


ကလော့ပ်က ယခုရာသီမှာ ပွဲတွေဆက်တိုက်ကစားနေရတာနဲ့ပတ်သက်လို့ မကြာခဏဝေဖန်လေ့ရှိပြီး အခုလည်း ပွဲဆက်တွေများနေတာကြောင့် သူ့ရဲ့လူရွေးချယ်မှုကို ပြောင်းလဲခဲ့ရတာဖြစ်ကြောင်း ဆိုပါတယ်။

”ကျွန်တော်တို့အသင်းနှစ်သင်းစလုံးက အခြေအနေအတူတူပါပဲ။ တနင်္ဂနွေ-ဗုဒ္ဓဟူး-စနေ နေ့တွေမှာ ပွဲတွေဆက်တိုက်ကစားရတယ်။ ဒီတော့ နှစ်သင်းစလုံးအတွက် ခက်ခဲတဲ့စမ်းသပ်မှုပါပဲ”
”ပဲလေ့စ်က စပါးနဲ့ကစားပုံဆင်တူပြီး တန်ပြန်တိုက်စစ်ကို ဦးစားပေးကစားတာပါ။ ဒီတော့ ကျွန်တော်တို့လည်း ကြိုပြီးပြင်ဆင်ရပါတယ်။ ဆာလာကတော့ အရန်ခုံမှာ ထိုင်ခဲ့ရပြီး အားလုံး ပွဲအများကြီးကစားရမှာပါ။ ကျွန်တော်တို့အနေနဲ့ ကစားသမားအားလုံး လိုအပ်ပါတယ်”လို့ ကလော့ပ်က ပြောပါတယ်။


ဆာလာဟာ ယခုရာသီ လီဗာပူးအသင်းရဲ့ ပြိုင်ပွဲစုံ ၂၂ပွဲအနက် ပွဲ ၂၀အထိ ကစားခဲ့ရပြီး ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲအဖြစ် မစ်ဂျေလန်းနဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာဆိုရင် လီဗာပူးအသင်း အုပ်စုပထမအဖြစ် နောက်တစ်ဆင့်တက်ဖို့ သေချာပြီးသားဖြစ်ပေမယ့် ဆာလာက မိနစ် ၉၀အပြည့်ကစားခဲ့ပါတယ်။


ပဲလေ့စ်နဲ့ပွဲမှာ ဆာလာအစား ဦးစားပေးကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ မီနာမီနိုက လီဗာပူးအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဆာလာကတော့ ပွဲချိန် ၅၇ မိနစ်မှာ မာနေးအစား လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။

ဆာလာဟာ မာနေးအစား လူစားဝင်လာပြီးနောက် လီဗာပူးအတွက် ၂ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး လီဗာပူးလည်း အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခွင့်ရသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ပဲေလ့စ္နဲ႔ပြဲမွာ ဆာလာကို အရန္ခုံထိုင္ခိုင္းရတဲ့အေၾကာင္းရင္း ကေလာ့ပ္ေျဖရွင္း

လီဗာပူးအသင္းနည္းျပ ကေလာ့ပ္က ပဲေလ့စ္နဲ႔ကစားခဲ့တဲ့ပြဲမွာ အဓိကတိုက္စစ္မႉး ဆာလာကို ပြဲထြက္စာရင္းကေန ခ်န္လွပ္ခဲ့ရတဲ့အေၾကာင္းရင္းကို ရွင္းျပခဲ့ၿပီး ပြဲေတြ ဆက္တိုက္ကစားေနရလို႔ အနားေပးခဲ့ရတာျဖစ္ေၾကာင္း ဆိုပါတယ္။
အီဂ်စ္လက္ေ႐ြးစင္ ဆာလာဟာ ၾကားရက္အတြင္း စပါးကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ဂိုးသြင္းယူကာ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ပဲေလ့စ္နဲ႔ပြဲမွာေတာ့ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ပြဲထြက္စာရင္းကေန ခ်န္လွပ္ခံခဲ့ရၿပီး ဂ်ပန္သား မီနာမီႏိုက သူ႔ေနရာမွာ အစားဝင္ကစားခြင့္ရခဲ့ပါတယ္။
ဆာလာအေနနဲ႔ ယခုရာသီပရီးမီးယားလိဂ္မွာ ပြဲထြက္စာရင္းကေန ခ်န္လွပ္ခံခဲ့ရတာ ဒုတိယအႀကိမ္ေျမာက္ျဖစ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံခဲ့ရလို႔ ႏိုဝင္ဘာလအတြင္း လက္စတာအသင္းနဲ႔ပြဲမွာ ပါဝင္ခြင့္မရခဲ့တာပါ။
ကေလာ့ပ္က ယခုရာသီမွာ ပြဲေတြဆက္တိုက္ကစားေနရတာနဲ႔ပတ္သက္လို႔ မၾကာခဏေဝဖန္ေလ့ရွိၿပီး အခုလည္း ပြဲဆက္ေတြမ်ားေနတာေၾကာင့္ သူ႔ရဲ႕လူေ႐ြးခ်ယ္မႈကို ေျပာင္းလဲခဲ့ရတာျဖစ္ေၾကာင္း ဆိုပါတယ္။
”ကြၽန္ေတာ္တို႔အသင္းႏွစ္သင္းစလုံးက အေျခအေနအတူတူပါပဲ။ တနဂၤေႏြ-ဗုဒၶဟူး-စေန ေန႔ေတြမွာ ပြဲေတြဆက္တိုက္ကစားရတယ္။ ဒီေတာ့ ႏွစ္သင္းစလုံးအတြက္ ခက္ခဲတဲ့စမ္းသပ္မႈပါပဲ”

”ပဲေလ့စ္က စပါးနဲ႔ကစားပုံဆင္တူၿပီး တန္ျပန္တိုက္စစ္ကို ဦးစားေပးကစားတာပါ။ ဒီေတာ့ ကြၽန္ေတာ္တို႔လည္း ႀကိဳၿပီးျပင္ဆင္ရပါတယ္။ ဆာလာကေတာ့ အရန္ခုံမွာ ထိုင္ခဲ့ရၿပီး အားလုံး ပြဲအမ်ားႀကီးကစားရမွာပါ။ ကြၽန္ေတာ္တို႔အေနနဲ႔ ကစားသမားအားလုံး လိုအပ္ပါတယ္”လို႔ ကေလာ့ပ္က ေျပာပါတယ္။
ဆာလာဟာ ယခုရာသီ လီဗာပူးအသင္းရဲ႕ ၿပိဳင္ပြဲစုံ ၂၂ပြဲအနက္ ပြဲ ၂၀အထိ ကစားခဲ့ရၿပီး ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲအျဖစ္ မစ္ေဂ်လန္းနဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ပြဲမွာဆိုရင္ လီဗာပူးအသင္း အုပ္စုပထမအျဖစ္ ေနာက္တစ္ဆင့္တက္ဖို႔ ေသခ်ာၿပီးသားျဖစ္ေပမယ့္ ဆာလာက မိနစ္ ၉၀အျပည့္ကစားခဲ့ပါတယ္။
ပဲေလ့စ္နဲ႔ပြဲမွာ ဆာလာအစား ဦးစားေပးကစားသမားအျဖစ္ ပါဝင္ခြင့္ရခဲ့တဲ့ မီနာမီႏိုက လီဗာပူးအတြက္ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဆာလာကေတာ့ ပြဲခ်ိန္ ၅၇ မိနစ္မွာ မာေနးအစား လူစားဝင္ကစားခြင့္ရခဲ့ပါတယ္။

ဆာလာဟာ မာေနးအစား လူစား၀င္လာၿပီးေနာက္ လီဗာပူးအတြက္ ၂ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီး လီဗာပူးလည္း အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္ႏိုင္ခြင့္ရသြားခဲ့ပါတယ္။