ပျော်စရာတွေအလွန်မှာ သောကရောက်နေရတဲ့ မက်ဆီ

လီယွန်နယ်မက်ဆီရဲ့ရက်သတ္တပတ်က ပျော်စရာအကောင်းဆုံးအချိန်မှ

စိတ်ပျက်စရာအကောင်းဆုံးအနေအထားသို့ရုတ်ချည်းပြောင်းလဲသွားခဲ့ပါတယ်။

မက်ဆီပိုင်ဆိုင်တဲ့ပေါင်၂၆သန်းဟိုတယ်ကိုဘာစီလိုနာအာဏာပိုင်များက

ဖြိုချရန်ညွှန်းကြားထားကြောင်းသိရပါတယ်။

ပီအက်စ်ဂျီရဲ့အာဂျင်တီးနားဂန္ထဝင်ဟာတနင်္လာနေ့တုန်းက

ခုနှစ်ကြိမ်မြောက် Ballon d’Or ဆုကိုဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်ယခုအခါမှာတော့ပီအက်စ်ဂျီတွင်တစ်ပတ်လုပ်ခပေါင်၆၅၀၀၀၀ရရှိနေတဲ့

မက်ဆီဟာသူ့ရဲ့အခန်း ၇၇ခန်းပါဟိုတယ်ကို မြို့တော်အဆင့်အတန်းနှင့်

မကိုက်ညီမှုကြောင့်ဖြိုချရန်အာဏာပိုင်တို့ရဲ့ညွှန်ကြားခြင်းခံထားရကြောင်းသိရပါတယ်။

မက်ဆီရဲ့ကြယ်လေးပွင့်အဆင့်ရှိ MiM Sitges ဟာသူနေထိုင်ရဲ့

နေအိမ်နှင့်မနီးမဝေးတွင်တည်ရှိပြီးဘာစီလိုနာတွင်လူများအလည်အပတ်

အရောက်များတဲ့ဧရိယာမှာတည်ရှိပါတယ်။ကံကောင်းတာကတော့

El Confidencial ရဲ့ဖော်ပြချက်အရတရားရုံးတစ်ခုကမက်ဆီရဲ့

ဖြိုချရန်ညွှန်ကြားထားမှုကိုဆိုင်းငံ့ထားကြောင်းသိရပါတယ်။

မက်ဆီဟာအိုင်ဘီဇာမှာလည်းဟိုတယ်များပိုင်ဆိုင်သူဖြစ်ပြီး

ဘာစီလိုနာရှိ ပေါင်၂၆သန်းတန်ဟိုတယ်ကို၂၀၁၇ခုနှစ်တုန်းက

Majestic Hotel Group နှင့်ပူးပေါင်းကာတည်ထောင်ခဲ့တာပါ။

အာဏာပိုင်တို့ကမက်ဆီရဲ့ဟိုတယ်မှာအစိုးရညွှန်ကြားချက်အတိုင်း

တည်ဆောက်ထားခြင်းမရှိမှုနဲ့အတူ ဖြိုချရန်အမိန့်ပေးထားတာဖြစ်ပါတယ်။

အကြီးမားဆုံးပြဿနာမှာလသာဆောင်မှာအလွန်ကြီးမားနေသလို

အဆောက်အဦးတစ်ခုလုံးတည်ဆောက်မှုမှာယင်းအပေါ်တွင်

မူတည်နေပါတယ်။အကယ်၍အဆောက်အဦပြိုကျမှုဖြစ်ပါက၎င်းတို့မှာလည်

းပြိုကျလာပါမယ်။ဒါ့အပြင်အာဏာပိုင်တို့ကလာရောက်စစ်ဆေးချိန်မှ

ာမီးအရေးပေါ်စနစ်မှာလည်းပျက်နေကြောင်းသိရပါတယ်။မက်ဆီဟာ

သူ့ရဲ့အခန်း၇၇ပါဟိုတယ်အားဖြိုချရန်အာဏာပိုင်ကညွှန်ကြားထားမှုနှင့်

ပတ်သက်ပြီးတစုံတရာမသိခဲ့ပါဘူး။သတင်းစာကဟိုတယ်ကို

ဖြိုချရန်ညွှန်ကြားမှုနဲ့ပတ်သက်ပြီးတစုံတရာပြောကြားရန်

ချဉ်းကပ်လာချိန်တွင်မှသိခဲ့ရတာဖြစ်ပါတယ်။

zawgyi

ေပ်ာ္စရာေတြအလြန္မွာ ေသာကေရာက္ေနရတဲ့ မက္ဆီ

လီယြန္နယ္မက္ဆီရဲ႕ရက္သတၱပတ္က ေပ်ာ္စရာအေကာင္းဆုံးအခ်ိန္မွ

စိတ္ပ်က္စရာအေကာင္းဆုံးအေနအထားသို႔႐ုတ္ခ်ည္းေျပာင္းလဲသြားခဲ့ပါတယ္။

မက္ဆီပိုင္ဆိုင္တဲ့ေပါင္၂၆သန္းဟိုတယ္ကိုဘာစီလိုနာအာဏာပိုင္မ်ားက

ၿဖိဳခ်ရန္ၫႊန္းၾကားထားေၾကာင္းသိရပါတယ္။

ပီအက္စ္ဂ်ီရဲ႕အာဂ်င္တီးနားဂႏၴဝင္ဟာတနလၤာေန႔တုန္းက

ခုႏွစ္ႀကိမ္ေျမာက္ Ballon d’Or ဆုကိုဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္ယခုအခါမွာေတာ့ပီအက္စ္ဂ်ီတြင္တစ္ပတ္လုပ္ခေပါင္၆၅၀၀၀၀ရရွိေနတဲ့

မက္ဆီဟာသူ႔ရဲ႕အခန္း ၇၇ခန္းပါဟိုတယ္ကို ၿမိဳ႕ေတာ္အဆင့္အတန္းႏွင့္

မကိုက္ညီမႈေၾကာင့္ၿဖိဳခ်ရန္အာဏာပိုင္တို႔ရဲ႕ၫႊန္ၾကားျခင္းခံထားရေၾကာင္းသိရပါတယ္။

မက္ဆီရဲ႕ၾကယ္ေလးပြင့္အဆင့္ရွိ MiM Sitges ဟာသူေနထိုင္ရဲ႕

ေနအိမ္ႏွင့္မနီးမေဝးတြင္တည္ရွိၿပီးဘာစီလိုနာတြင္လူမ်ားအလည္အပတ္

အေရာက္မ်ားတဲ့ဧရိယာမွာတည္ရွိပါတယ္။ကံေကာင္းတာကေတာ့

El Confidencial ရဲ႕ေဖာ္ျပခ်က္အရတရား႐ုံးတစ္ခုကမက္ဆီရဲ႕

ၿဖိဳခ်ရန္ၫႊန္ၾကားထားမႈကိုဆိုင္းငံ့ထားေၾကာင္းသိရပါတယ္။

မက္ဆီဟာအိုင္ဘီဇာမွာလည္းဟိုတယ္မ်ားပိုင္ဆိုင္သူျဖစ္ၿပီး

ဘာစီလိုနာရွိ ေပါင္၂၆သန္းတန္ဟိုတယ္ကို၂၀၁၇ခုႏွစ္တုန္းက

Majestic Hotel Group ႏွင့္ပူးေပါင္းကာတည္ေထာင္ခဲ့တာပါ။

အာဏာပိုင္တို႔ကမက္ဆီရဲ႕ဟိုတယ္မွာအစိုးရၫႊန္ၾကားခ်က္အတိုင္

း တည္ေဆာက္ထားျခင္းမရွိမႈနဲ႔အတူ ၿဖိဳခ်ရန္အမိန႔္ေပးထားတာျဖစ္ပါတယ္။

အႀကီးမားဆုံးျပႆနာမွာလသာေဆာင္မွာအလြန္ႀကီးမားေနသလို

အေဆာက္အဦးတစ္ခုလုံးတည္ေဆာက္မႈမွာယင္းအေပၚတြင္

မူတည္ေနပါတယ္။အကယ္၍အေဆာက္အဦၿပိဳက်မႈျဖစ္ပါက၎တို႔မွာလည္

းၿပိဳက်လာပါမယ္။ဒါ့အျပင္အာဏာပိုင္တို႔ကလာေရာက္စစ္ေဆးခ်ိန္မွ

ာမီးအေရးေပၚစနစ္မွာလည္းပ်က္ေနေၾကာင္းသိရပါတယ္။မက္ဆီဟာ

သူ႔ရဲ႕အခန္း၇၇ပါဟိုတယ္အားၿဖိဳခ်ရန္အာဏာပိုင္ကၫႊန္ၾကားထားမႈႏွင့္

ပတ္သက္ၿပီးတစုံတရာမသိခဲ့ပါဘူး။သတင္းစာကဟိုတယ္ကို

ၿဖိဳခ်ရန္ၫႊန္ၾကားမႈနဲ႔ပတ္သက္ၿပီးတစုံတရာေျပာၾကားရန္

ခ်ဥ္းကပ္လာခ်ိန္တြင္မွသိခဲ့ရတာျဖစ္ပါတယ္။