ပြင်သစ်ဆီ သွားပေမယ့် အင်္ဂလန်ကလူတွေအတွက် ရင်ထဲထိစေမယ့် စကားတွေပါးတဲ့ ပိုချက်တီနို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နှစ်ဟောင်းမှာ အသင်းလက်မဲ့ ဖြစ်ခဲ့တဲ့ နည်းပြ ပိုချက်တီနိုတစ်ယောက် နှစ်သစ်မှာတော့ တရားဝင် အသင်းလက်ရှိဖြစ်သွားပါပြီ။ မနေ့က PSGအသင်းက တရားဝင်သတင်းစာရှင်းလင်းပွဲနဲ့ ပိုချက်တီနိုကို မိတ်ဆက်လိုက်ပါတယ်။ လာမယ့် ၂၀၂၂ခုနှစ်ဇွန်လအထိ ၁ရာသီခွဲစာချုပ်နဲ့ PSGမှာလက်မှတ်ထိုးလိုက်ပြီဖြစ်တဲ့ အာဂျင်တီးနား နည်းပြရဲ့ စကေးတွေကို မြင်ကြရပါတော့မယ်။

ပီအက်စ်ဂျီအသင်းရဲ့ နည်းပြသစ် ပိုချက်တီနိုဟာ ၂၀၁၉၊ နိုဝင်ဘာလတုန်းကစပါး နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရသူပါ။

ပိုချက်တီနိုဟာ ကစားသမားဘဝတုန်းက PSGမှာ ၂၀၀၀ခုနှစ်နဲ့ ၂၀၀၃ခုနှစ်ကြားဘောလုံးရာသီ ၂ရာသီဝက် ဖြတ်သန်းခဲ့ပြီး ပွဲပေါင်း ၉၅ပွဲကို ကစားပေးခဲ့သလို ၂၀၀၁ ခုနှစ်အင်တာတိုတိုဖလားကို ရရှိအောင်မြင်ခဲ့ပါတယ်။

နည်းပြပိုချက်တီနိုက သူ့ရဲ့အသင်းဟောင်း စပါးအပေါ်အခုထိသံယောဇဉ်ရှိနေတုန်းဖြစ်ပြီး မြောက်လန်ဒန်ကသူ့ပရိတ်သတ်တွေဆီကို အခုလို သတင်းစကားပါးထားပါတယ်။ “အင်္ဂလန်မှာ ၇နှစ်ကြာ ကြီးကျယ်တဲ့ အတွေ့အကြုံတွေရအောင် ကူညီပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ အသင်းကဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ ကျွန်တော် အဲဒီမှာ ပျော်ခဲ့ရပြီး အိမ်လိုမျိုး ခံစားခဲ့ရပါတယ်။ ခင်ဗျားတို့အားလုံးရဲ့ နွေးထွေးမှုနဲ့ အားပေးမှုတွေကို အသိအမှတ်ပြုပါတယ်။ ကျွန်တော့်ဘဝတစ်လျောက် အမှတ်ရစေမယ့် သူငယ်ချင်းတွေ အများကြီးရခဲ့သလို၊ အမှတ်တရကောင်းတွေ လည်း ရရှိခဲ့ပါတယ်”

“ပရီးမီးယားလိဂ်မှာ နည်းပြလုပ်တာက အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့တာပါ။ ၂၀၀၂ခုနှစ်က ဆက်ပိုရိုမှာတုန်းကထက် ပိုပြီး အမှတ်ရနေဖို့ မျှော်လင့်ပါတယ်။ အခုအချိန်ကတော့ စွန့်စားခန်းသစ်တွေအတွက် အချိန်ဖြစ်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

PSG နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ပိုချက်တီနိုက “PSG မှာ နည်းပြသစ် ဖြစ်လာရတဲ့ အတွက် အရမ်းပျော်ပြီး ဂုဏ်ယူမိပါတယ်။”

“အသင်းက တာဝန်ရှိသူတွေက ကျွန်တော့်ကို ယုံကြည်လို့ ကျေးဇူးတင်ပါတယ်။ ဒီအသင်းကလည်း ကျွန်တော့် နှလုံးသားထဲမှာ အမြဲရှိနေပါတယ်။ကျွန်တော် ဒီကို ရည်မှန်းချက်တွေ၊ လူသားဆန်စိတ်တွေနဲ့ ရောက်လာတာ ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ အလုပ်လုပ်ချင်နေပါပြီ။ အသင်းကို တိုက်ခိုက်လိုစိတ် ပြင်းထန်လာပြီး ပရိသတ်တွေ အမြဲ ချစ်မြတ်နိုးနေအောင် ကြိုးစား သင်ပေးသွားပါမယ်”လို့ ပြောခဲ့ပါတယ်။

ပိုချက်တီနိုတစ်ယောက် သူ့ရဲ့ ပထမဆုံး ပီအက်စ်ဂျီကို ကိုင်တွယ်မယ့်ပွဲဟာ လာမယ့် ဗုဒ္ဓဟူးနေ့မှာ အဆင့် ၁၄က စိန့်အက်တီယန်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီကတော့ လက်ရှိ လီဂူးဝမ်း အမှတ်ပေးဇယားမှာ အဆင့် ၃နေရာမှာ ရှိနေပြီး အဆင့် ၁နဲ့ ၂က လိုင်ယွန်၊ လိုင်လီတို့နဲ့ ၁မှတ်သာကွာဟပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ျပင္သစ္ဆီ သြားေပမယ့္ အဂၤလန္ကလူေတြအတြက္ ရင္ထဲထိေစမယ့္ စကားေတြပါးတဲ့ ပိုခ်က္တီႏို

ႏွစ္ေဟာင္းမွာ အသင္းလက္မဲ့ ျဖစ္ခဲ့တဲ့ နည္းျပ ပိုခ်က္တီႏိုတစ္ေယာက္ ႏွစ္သစ္မွာေတာ့ တရားဝင္ အသင္းလက္ရွိျဖစ္သြားပါၿပီ။ မေန႔က PSGအသင္းက တရားဝင္သတင္းစာရွင္းလင္းပြဲနဲ႔ ပိုခ်က္တီႏိုကို မိတ္ဆက္လိုက္ပါတယ္။ လာမယ့္ ၂၀၂၂ခုႏွစ္ဇြန္လအထိ ၁ရာသီခြဲစာခ်ဳပ္နဲ႔ PSGမွာလက္မွတ္ထိုးလိုက္ၿပီျဖစ္တဲ့ အာဂ်င္တီးနား နည္းျပရဲ႕ စေကးေတြကို ျမင္ၾကရပါေတာ့မယ္။ ပီအက္စ္ဂ်ီအသင္းရဲ႕ နည္းျပသစ္ ပိုခ်က္တီႏိုဟာ ၂၀၁၉၊ ႏိုဝင္ဘာလတုန္းကစပါး နည္းျပရာထူးက ထုတ္ပယ္ခံခဲ့ရသူပါ။ ပိုခ်က္တီႏိုဟာ ကစားသမားဘဝတုန္းက PSGမွာ ၂၀၀၀ခုႏွစ္နဲ႔ ၂၀၀၃ခုႏွစ္ၾကားေဘာလုံးရာသီ ၂ရာသီဝက္ ျဖတ္သန္းခဲ့ၿပီး ပြဲေပါင္း ၉၅ပြဲကို ကစားေပးခဲ့သလို ၂၀၀၁ ခုႏွစ္အင္တာတိုတိုဖလားကို ရရွိေအာင္ျမင္ခဲ့ပါတယ္။

နည္းျပပိုခ်က္တီႏိုက သူ႔ရဲ႕အသင္းေဟာင္း စပါးအေပၚအခုထိသံေယာဇဥ္ရွိေနတုန္းျဖစ္ၿပီး ေျမာက္လန္ဒန္ကသူ႔ပရိတ္သတ္ေတြဆီကို အခုလို သတင္းစကားပါးထားပါတယ္။“အဂၤလန္မွာ ၇ႏွစ္ၾကာ ႀကီးက်ယ္တဲ့ အေတြ႕အႀကဳံေတြရေအာင္ ကူညီေပးခဲ့ၾကသူ အားလုံးကို ေက်းဇူးတင္ပါတယ္။ အသင္းကဝန္ထမ္းေတြ၊ ကစားသမားေတြနဲ႔ ကြၽန္ေတာ္ အဲဒီမွာ ေပ်ာ္ခဲ့ရၿပီး အိမ္လိုမ်ိဳး ခံစားခဲ့ရပါတယ္။ ခင္ဗ်ားတို႔အားလုံးရဲ႕ ေႏြးေထြးမႈနဲ႔ အားေပးမႈေတြကို အသိအမွတ္ျပဳပါတယ္။ ကြၽန္ေတာ့္ဘဝတစ္ေလ်ာက္ အမွတ္ရေစမယ့္ သူငယ္ခ်င္းေတြ အမ်ားႀကီးရခဲ့သလို၊ အမွတ္တရေကာင္းေတြ လည္း ရရွိခဲ့ပါတယ္”

“ပရီးမီးယားလိဂ္မွာ နည္းျပလုပ္တာက အိပ္မက္ေတြ အမွန္တကယ္ ျဖစ္လာခဲ့တာပါ။ ၂၀၀၂ခုႏွစ္က ဆက္ပို႐ိုမွာတုန္းကထက္ ပိုၿပီး အမွတ္ရေနဖို႔ ေမွ်ာ္လင့္ပါတယ္။ အခုအခ်ိန္ကေတာ့ စြန႔္စားခန္းသစ္ေတြအတြက္ အခ်ိန္ျဖစ္ပါတယ္”လို႔ ေရးသားခဲ့ပါတယ္။PSG နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ ပိုခ်က္တီႏိုက “PSG မွာ နည္းျပသစ္ ျဖစ္လာရတဲ့ အတြက္ အရမ္းေပ်ာ္ၿပီး ဂုဏ္ယူမိပါတယ္။ အသင္းက တာဝန္ရွိသူေတြက ကြၽန္ေတာ့္ကို ယုံၾကည္လို႔ ေက်းဇူးတင္ပါတယ္။ ဒီအသင္းကလည္း ကြၽန္ေတာ့္ ႏွလုံးသားထဲမွာ အၿမဲရွိေနပါတယ္။ကြၽန္ေတာ္ ဒီကို ရည္မွန္းခ်က္ေတြ၊ လူသားဆန္စိတ္ေတြနဲ႔ ေရာက္လာတာ ျဖစ္ၿပီး ကမာၻ႔အေကာင္းဆုံး ကစားသမားေတြနဲ႔ အလုပ္လုပ္ခ်င္ေနပါၿပီ။ အသင္းကို တိုက္ခိုက္လိုစိတ္ ျပင္းထန္လာၿပီး ပရိသတ္ေတြ အၿမဲ ခ်စ္ျမတ္ႏိုးေနေအာင္ ႀကိဳးစား သင္ေပးသြားပါမယ္”လို႔ ေျပာခဲ့ပါတယ္။

ပိုခ်က္တီႏိုတစ္​ေယာက္ သူ႔ရဲ႕ ပထမဆုံး ပီအက္စ္ဂ်ီကို ကိုင္တြယ္မယ့္ပြဲဟာ လာမယ့္ ဗုဒၶဟူးေန႔မွာ အဆင့္ ၁၄က စိန႔္အက္တီယန္အသင္းနဲ႔ ကစားရမွာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီကေတာ့ လက္ရွိ လီဂူးဝမ္း အမွတ္ေပးဇယားမွာ အဆင့္ ၃ေနရာမွာ ရွိေနၿပီး အဆင့္ ၁နဲ႔ ၂က လိုင္ယြန္၊ လိုင္လီတို႔နဲ႔ ၁မွတ္သာကြာဟပါတယ္။