ပြင်သစ်မြေကို အငှားနဲ့ပြန်လည်ပြောင်းရွှေ့တော့မယ့် ဝီလီယံ ဆာလီဘာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းလူငယ်နောက်ခံလူ ဝီလီယံဆာလီဘာဟာ ပြင်သစ်မြေကို အငှားပြန်ဖို့ နိုက်စ်အသင်းနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်သားဟာ တနလာၤနေ့မှာ နိုက်စ်အသင်းနဲ့ ဆေးစစ်မှုခံယူဖွယ်ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ပြင်သစ်သားနောက်ခံလူဟာ စိန့်အက်တီယန်ကနေ ပေါင် ၂၇ သန်းနဲ့ ရောက်ရှိလာခဲ့ပေမယ့် လက်ရှိအချိန်အထိ စီနီယာအသင်းကစားသမားအဖြစ် ပွဲထွက်ခွင့်မရခဲ့ကာ အာတီတာကလည်း ကစားသမားကိုယ်တိုင်က အဆိုပါအခြေအနေကို စိတ်ပျက်နေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက အပြောင်းအရွှေ့ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် စိန့်အက်တီယန်မှာ အငှားအဖြစ်ကစားခဲ့ရပြီး ၁၇ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။

စိန့်အက်တီယန်ကလည်း သူတို့အသင်းကစားသမားဟောင်းကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် လက်ရှိအချိန်မှာတော့ နိုက်စ်အသင်းက လက်ဦးလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ပြင်သစ်သတင်းဌာနတွေကတော့ ဆာလီဘာဟာ ဇန်နဝါရီမှာ အာဆင်နယ်ကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ကန်နယ်ပလက်စ်သတင်းဌာနကလည်း ဆာလီဘာဟာ စိန့်အက်တီယန်ကိုပြောင်းခွင့်ရဖို့ လစာ ၉၀၀၀၀ အထိလျော့ယူဖို့ ပြင်ဆင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆာလီဘာဟာ အာဆင်နယ်အသင်းမှာ တစ်ပတ်လုပ်ခလစာပေါင် ၁၆၀၀၀၀ အထိ ရရှိနေတာဖြစ်ပါတယ်။

အာတီတာကလည်း ဆာလီဘာဟာ လက်ရှိအခြေအနေကို စိတ်ပျက်နေပြီး ပြင်သစ်ကိုပြန်ချင်နေတယ်လို့ နိုဝင်ဘာလတုန်းက ဝန်ခံပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဆာလီဘာရဲ့အခြေအနေကို စိတ်ပျက်မိပါတယ်။ သူ့အတွက် အကောင်းဆုံးနည်းလမ်းကို ရှာဖွေသွားမှာပါ။ အပြောင်းအလဲကာလတစ်ခုမှာ သူ့ကိုအချိန်ပေးဖို့ လိုအပ်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း ဆာလီဘာဟာ လူမှုမီဒီယာကနေတစ်ဆင့် အသင်းမှာ ပိတ်မိနေပြီဆိုပြီး ဟာသလုပ်တင်ခဲ့သေးတာဖြစ်ပါတယ်။ ဆာလီဘာကတော့ ဟာသာဘာလင်အတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ ဂွမ်ဒိုဇီကိုလည်း ချီးကျူးဂုဏ်ပြုခဲ့သေးတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ျပင္သစ္ေျမကို အငွားနဲ႔ျပန္လည္ေျပာင္းေရႊ႕ေတာ့မယ့္ ၀ီလီယံ ဆာလီဘာ

အာဆင္နယ္အသင္းလူငယ္ေနာက္ခံလူ ၀ီလီယံဆာလီဘာဟာ ျပင္သစ္ေျမကို အငွားျပန္ဖို႔ ႏိုက္စ္အသင္းနဲ႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။ အသက္ ၁၉ ႏွစ္သားဟာ တနလာၤေန႔မွာ ႏုိက္စ္အသင္းနဲ႔ ေဆးစစ္မႈခံယူဖြယ္ရွိေနတယ္လို႔ သတင္းေတြက ဆိုပါတယ္။ ျပင္သစ္သားေနာက္ခံလူဟာ စိန္႔အက္တီယန္ကေန ေပါင္ ၂၇ သန္းနဲ႔ ေရာက္ရွိလာခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိ စီနီယာအသင္းကစားသမားအျဖစ္ ပြဲထြက္ခြင့္မရခဲ့ကာ အာတီတာကလည္း ကစားသမားကိုယ္တုိင္က အဆိုပါအေျခအေနကို စိတ္ပ်က္ေနတယ္လို႔ ၀န္ခံေျပာၾကားခဲ့ပါတယ္။

ျပီးခဲ့တဲ့ရာသီက အေျပာင္းအေရႊ႕ရဲ႕အစိတ္အပိုင္းတစ္ခုအျဖစ္ စိန္႔အက္တီယန္မွာ အငွားအျဖစ္ကစားခဲ့ရျပီး ၁၇ ပြဲအထိ ပါ၀င္ကစားခဲ့ပါတယ္။ စိန္႔အက္တီယန္ကလည္း သူတို႔အသင္းကစားသမားေဟာင္းကို ျပန္လည္ေခၚယူဖို႔ စိတ္၀င္စားေနေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ႏုိက္စ္အသင္းက လက္ဦးလာခဲ့တာျဖစ္ပါတယ္။ ျပီးခဲ့တဲ့အပတ္က ျပင္သစ္သတင္းဌာနေတြကေတာ့ ဆာလီဘာဟာ ဇန္န၀ါရီမွာ အာဆင္နယ္ကေန ထြက္ခြာဖြယ္ရွိေနတယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။ ကန္နယ္ပလက္စ္သတင္းဌာနကလည္း ဆာလီဘာဟာ စိန္႔အက္တီယန္ကိုေျပာင္းခြင့္ရဖို႔ လစာ ၉၀၀၀၀ အထိေလ်ာ့ယူဖို႔ ျပင္ဆင္ခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဆာလီဘာဟာ အာဆင္နယ္အသင္းမွာ တစ္ပတ္လုပ္ခလစာေပါင္ ၁၆၀၀၀၀ အထိ ရရွိေနတာျဖစ္ပါတယ္။ အာတီတာကလည္း ဆာလီဘာဟာ လက္ရွိအေျခအေနကို စိတ္ပ်က္ေနျပီး ျပင္သစ္ကိုျပန္ခ်င္ေနတယ္လို႔ ႏို၀င္ဘာလတုန္းက ၀န္ခံေျပာၾကားခဲ့ပါတယ္။ “ကြ်န္ေတာ္ ဆာလီဘာရဲ႕အေျခအေနကုိ စိတ္ပ်က္မိပါတယ္။ သူ႕အတြက္ အေကာင္းဆံုးနည္းလမ္းကို ရွာေဖြသြားမွာပါ။ အေျပာင္းအလဲကာလတစ္ခုမွာ သူ႕ကိုအခ်ိန္ေပးဖို႔ လိုအပ္ပါတယ္”လို႔ အာတီတာက ေျပာၾကားခဲ့ပါတယ္။

ျပီးခဲ့တဲ့လတုန္းကလည္း ဆာလီဘာဟာ လူမႈမီဒီယာကေနတစ္ဆင့္ အသင္းမွာ ပိတ္မိေနျပီဆိုျပီး ဟာသလုပ္တင္ခဲ့ေသးတာျဖစ္ပါတယ္။ ဆာလီဘာကေတာ့ ဟာသာဘာလင္အတြက္ ပထမဆံုးဂိုးသြင္းယူႏိုင္ခဲ့ ဂြမ္ဒိုဇီကိုလည္း ခ်ီးက်ဴးဂုဏ္ျပဳခဲ့ေသးတာျဖစ္ပါတယ္။