ပြင်သစ်ဟာ ဘက်ပေးရဲ့အငြင်းပွားဖွယ်အနိုင်ဂိုးနဲ့ ၂-၁ဂိုးဖြင့်အနိုင်ရရှိကာ နေးရှင်းဖလားပြိုင်ပွဲပထမဆုံးအနေနဲ့ဆွတ်ခူး

ပြင်သစ်ဟာမနေ့ညတုန်းကနေရှင်းလိဂ်ဖလားဗိုလ်လုပွဲမှာစပိန်အသင်းကို

ကိုင်လီယန်ဘက်ပေးရဲ့အငြင်းပွားဖွယ်အနိုင်ဂိုးနဲ့ ၂-၁ဂိုးဖြင့်အနိုင်ရရှိကာ

နေးရှင်းဖလားပြိုင်ပွဲပထမဆုံးအနေနဲ့ဆွတ်ခူးသွားခဲ့ပါတယ်။

စပိန်ဟာတိုက်စစ်သမားအိုယာဇာဘယ်ရဲ့အနိမ့်ကန်ဘောနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့်

ဘန်ဇီးမားကဧရိယာအစပ်ကဝေ့ဝိုက်ပြီးဘယ်လိုမှရပ်တန့်မရနိုင်တဲ့ကန်ချက်ဖြင့်

ပြင်သစ်အတွက်ချေပဂိုးသွင်းခဲ့ပါတယ်။

နှစ်သင်းလုံးဟာနေးရှင်းလိဂ်ဖလား ရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်းခဲ့ကြပြီး ပွဲချိန်မိနစ် ၈၀ မှာ

ကိုင်လီယန်ဘက်ပေးကလူကျွံဘောအနေအထားမှပြင်သစ်အတွက်

အငြင်းပွားဖွယ်အနိုင်ဂိုးသွင်းခဲ့ပါတယ်။ ပိုပြီးတော့အငြင်းပွားစရာကောင်းတာတော့

VAR ကဘက်ပေးရဲ့ဂိုးကိုခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ

VAR ဒိုင်အဖြစ် အင်္ဂလိပ်ဒိုင်စတူးအပ်အတ်ဝဲလ်ကတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

နေးရှင်းလိဂ်ဗိုလ်လုပွဲရဲ့အကောင်းဆုံးကစားသမားဆုကို

ပြင်သစ်အသင်းခေါင်းဆောင်နှင့်ဂိုးသမားဟူဂိုလိုရစ်ကဆွတ်ခူးသွားပါတယ်။

zawgyi

ျပင္သစ္ဟာ ဘက္ေပးရဲ႕အျငင္းပြားဖြယ္အႏိုင္ဂိုးနဲ႔ ၂-၁ဂိုးျဖင့္အႏိုင္ရရွိကာ ေနးရွင္းဖလားၿပိဳင္ပြဲပထမဆုံးအေနနဲ႔ဆြတ္ခူး

ျပင္သစ္ဟာမေန႔ညတုန္းကေနရွင္းလိဂ္ဖလားဗိုလ္လုပြဲမွာစပိန္အသင္းကို

ကိုင္လီယန္ဘက္ေပးရဲ႕အျငင္းပြားဖြယ္အႏိုင္ဂိုးနဲ႔ ၂-၁ဂိုးျဖင့္အႏိုင္ရရွိကာ

ေနးရွင္းဖလားၿပိဳင္ပြဲပထမဆုံးအေနနဲ႔ဆြတ္ခူးသြားခဲ့ပါတယ္။

စပိန္ဟာတိုက္စစ္သမားအိုယာဇာဘယ္ရဲ႕အနိမ့္ကန္ေဘာနဲ႔ဦးေဆာင္ႏိုင္ခဲ့ေပမယ့္

ဘန္ဇီးမားကဧရိယာအစပ္ကေဝ့ဝိုက္ၿပီးဘယ္လိုမွရပ္တန႔္မရႏိုင္တဲ့ကန္ခ်က္ျဖင့္

ျပင္သစ္အတြက္ေခ်ပဂိုးသြင္းခဲ့ပါတယ္။ ႏွစ္သင္းလုံးဟာေနးရွင္းလိဂ္ဖလား

ရရွိေရးအတြက္ အစြမ္းကုန္ႀကိဳးပမ္းခဲ့ၾကၿပီး ပြဲခ်ိန္မိနစ္ ၈၀ မွာ

ကိုင္လီယန္ဘက္ေပးကလူကြၽံေဘာအေနအထားမွျပင္သစ္အတြက္

အျငင္းပြားဖြယ္အႏိုင္ဂိုးသြင္းခဲ့ပါတယ္။ ပိုၿပီးေတာ့အျငင္းပြားစရာေကာင္းတာေတာ့

VAR ကဘက္ေပးရဲ႕ဂိုးကိုခြင့္ျပဳခဲ့တာျဖစ္ပါတယ္။ အဆိုပါပြဲစဥ္မွာ

VAR ဒိုင္အျဖစ္ အဂၤလိပ္ဒိုင္စတူးအပ္အတ္ဝဲလ္ကတာဝန္ထမ္းေဆာင္ခဲ့တာျဖစ္ပါတယ္။

ေနးရွင္းလိဂ္ဗိုလ္လုပြဲရဲ႕အေကာင္းဆုံးကစားသမားဆုကို

ျပင္သစ္အသင္းေခါင္းေဆာင္ႏွင့္ဂိုးသမားဟူဂိုလိုရစ္ကဆြတ္ခူးသြားပါတယ္။