ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်ဟာကာဇက်စတန်ကို၈-ဝဂိုးဖြင့်အနိုင်ရရှိကာ
၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။
ယင်းနိုင်ပွဲကြောင့်ပြင်သစ်ဟာအုပ်စု(ဃ)မှာရမှတ်၁၅မှတ်ဖြင့်
ထိပ်ဆုံးနေရာမှာရပ်တည်နေပြီးဒုတိယနေရာမှဖင်လန်ကို၄မှတ်
ဖြတ်ထားနိုင်ပါတယ်။ဒါကြောင့်ပြင်သစ်ဟာအုပ်စုနောက်ဆုံးပွဲ
ကစားရမယ့်ဖင်လန်နှင့်ပွဲမှာဘယ်လိုရလဒ်ထွက်ထွက်အရေးမကြီးတော့ပါဘူး။
ကာဇက်စတန်နှင့်ပွဲစဉ်မှာဘန်ဇီးမားက၂ဂိုးနှင့်ရာဘီယော့၊ဂရက်ဇ်မန်းတို့က
၁ဂိုးစီသွင်းခဲ့ပြီးကိုင်လီယန်ဘက်ပေးကတစ်ဦးတည်း၄ဂိုးအထိသွင်းယူခဲ့ပါတယ်။
ကိုင်လီယန်ဘက်ပေးဟာပွဲအစ၆မိနစ်မှာပြင်သစ်အတွက်ဦးဆောင်
ဂိုးသွင်းပြီးနောက်၂၆မိနစ်အတွင်းမှာဟက်ထရစ်ရရှိခဲ့ပါတယ်။
ယင်းနောက်သူဟာပွဲပြီးခါနီး၃မိနစ်အလိုမှာသူ့ရဲ့စတုတ္ထမြောက်ဂိုးကို
သွင်းယူခဲ့ပါတယ်။ယခုပွဲစဉ်မှာလည်းဘက်ပေးနှင့်ဘန်ဇီးမားတို့ဟာ
အလွန်အချိတ်ဆက်မိမိနဲ့ကစားသွားခဲ့ကြပါတယ်။၎င်းတို့နှစ်ဦးဟာ
လာမယ့်ဘောလုံးရာသီမှာရီးရဲလ်မက်ဒရစ်မှာတွဲကစားတာမြင်တွေ့လာရဖို့ရှိပါတယ်။
zawgyi
ပြင်သစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်တဲ့ပွဲမှာ ဘက်ပေး ၄ ဂိုးသွင်းခဲ့
ထိပ်ဆုံးနေရာမှာရပ်တည်နေပြီးဒုတိယနေရာမှဖင်လန်ကို၎မှတ်
၁ဂိုးစီသွင်းခဲ့ပြီးကိုင်လီယန်ဘက်ပေးကတစ်ဦးတည်း၎ဂိုးအထိသွင်းယူခဲ့ပါတယ်။