ပြင်သစ် နဲ့ ဂျာမနီ ယူရို ပွဲစဉ်က ပေါ့ဘာကို သွားနဲ့ ကိုက်ဖို့ ကြိုးစားခဲ့တဲ့ ရူဒီဂါ

ဂျာမနီ လက်ရွေးစင် ချဲလ်ဆီး နောက်ခံလူ ရူဒီဂါကတော့ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ယူရို အုပ်စု (F) ပွဲစဉ်မှာ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာကို ချဉ်းကပ်ပြီး သွားနဲ့ ကိုက်ဖို့ ကြိုးစားနေတဲ့ မြင်ကွင်း ထွက်ပေါ်လာခဲ့ပါတယ်။

ကင်မရာမှာ မြင်ရတဲ့ မြင်ကွင်းအရ ဂျာမနီ နောက်ခံလူ ရူဒီဂါဟာ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာကို နောက်ကနေ ချဉ်းကပ်ပြီး ခေါင်းကို ကျောကုန်းပေါ်မှာ တင်ပြီးတဲ့နောက် ကျောကုန်းကို သွားနဲ့ ကိုက်ဖို့ ကြိုးစားနေခဲ့ပါတယ်။

ကွင်းလယ်လူ ပေါ့ဘာအနေနဲ့ အလျှင်အမြန် ကွင်းလယ်ဒိုင်ကို သွားပြောခဲ့ပေမယ့်လည်း ပထမပိုင်း မပြီးခင်အထိ ဘယ်သူမှ သတိမထားမိကြတာကြောင့် ရူဒီဂါက အဝါကဒ်ရော အနီကဒ်ရော ဘာကဒ်မှ မထိခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ပြင်သစ် လက်ရွေးစင် မန်ယူ ကွင်းလယ်လူ ပေါ့ဘာက ရူဒီဂါအနေနဲ့ သွားနဲ့ ကိုက်တာကြောင့် ပြစ်ဒဏ် တစ်ခုခု ချမှတ်ခံရမှာ မလိုလားပါဘူးလို့ မှတ်ချက်ပြု ပြောကြားသွားတာ ဖြစ်ပါတယ်။

ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာက “ရူဒီဂါက ကျွန်တော့်ကို အနည်းငယ် ကိုက်တယ်။ ကိုက်တာကို ကျွန်တော် ခံစားရတယ်။ ဒီတော့ ကျွန်တော် ကွင်းလယ်ဒိုင်ကို သွားပြောတယ်။ ဒါပေမယ့် သူ့ကို အဝါကဒ် ပြဖို့ ဒါမှမဟုတ် အနီကဒ် ပြဖို့အတွက် တောင်းဆိုနေတာတော့ မဟုတ်ပါဘူး”

“ရူဒီဂါအနေနဲ့ ဘာကဒ်မှ အပြမခံရပါဘူး။ သူ ဒီလို သွားကိုက်တဲ့ ဖြစ်စဉ်ကြောင့် သူ ပွဲပယ်ခံရတာမျိုး ကျွန်တော် မလိုချင်ပါဘူး။ နောက်ဆုံးတော့ ကျွန်တော်တို့ ဖက်ကြတယ်။ ဒီဖြစ်စဉ်က ပြီးသွားပါတယ်”လို့ ပြောသွားပါတယ်။

ပြိုင်ဘက်ကို ကိုက်တဲ့ ဖြစ်စဉ်က အရင်ကလည်း ဖြစ်ခဲ့ဖူးပြီး တိုက်စစ်မှူး ဆွာရက်စ်ဟာ (၂၀၁၄) ကမ္ဘာ့ဖလားမှာ နောက်ခံလူ ချီလီနီကို ကိုက်လို့ (၄) လကြာ ပွဲပယ် ပြစ်ဒဏ် နဲ့ ဒဏ်ငွေ ပေါင် (၆၆,၀၀၀) ချမှတ်ခံခဲ့ရပါတယ်။

ပြင်သစ်အသင်းဟာ ဂျာမနီအသင်းကို ဘန်ဇီမာရဲ့ လူကျွန်သွင်းဂိုးက လွဲလို့ အခြား သွင်းဂိုး တစ်ဂိုးမှ မသွင်းနိုင်ခဲ့ပေမယ့် ပွဲချိန် (၂၂) မိနစ်က ဂျာမနီ နောက်ခံလူ ဟမ်းမဲလ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းဂိုးကြောင့် (၁-ဝ) နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Zawgyi

ျပင္သစ္ နဲ႔ ဂ်ာမနီ ယူ႐ို ပြဲစဥ္က ေပါ့ဘာကို သြားနဲ႔ ကိုက္ဖို႔ ႀကိဳးစားခဲ့တဲ့ ႐ူဒီဂါ

ဂ်ာမနီ လက္ေရြးစင္ ခ်ဲလ္ဆီး ေနာက္ခံလူ ရူဒီဂါကေတာ့ အဂၤါေန႔ညက ကစားခဲ့တဲ့ ယူရုိ အုပ္စု (F) ပဲြစဥ္မွာ ျပင္သစ္ ကြင္းလယ္လူ ေပါ့ဘာကုိ ခ်ဥ္းကပ္ၿပီး သြားနဲ႔ ကုိက္ဖုိ႔ ႀကိဳးစားေနတဲ့ ျမင္ကြင္း ထြက္ေပၚလာခဲ့ပါတယ္။

ကင္မရာမွာ ျမင္ရတဲ့ ျမင္ကြင္းအရ ဂ်ာမနီ ေနာက္ခံလူ ရူဒီဂါဟာ ျပင္သစ္ ကြင္းလယ္လူ ေပါ့ဘာကုိ ေနာက္ကေန ခ်ဥ္းကပ္ၿပီး ေခါင္းကုိ ေက်ာကုန္းေပၚမွာ တင္ၿပီးတဲ့ေနာက္ ေက်ာကုန္းကုိ သြားနဲ႔ ကုိက္ဖုိ႔ ႀကိဳးစားေနခဲ့ပါတယ္။

ကြင္းလယ္လူ ေပါ့ဘာအေနနဲ႔ အလွ်င္အျမန္ ကြင္းလယ္ဒုိင္ကုိ သြားေျပာခဲ့ေပမယ့္လည္း ပထမပုိင္း မၿပီးခင္အထိ ဘယ္သူမွ သတိမထားမိၾကတာေၾကာင့္ ရူဒီဂါက အဝါကဒ္ေရာ အနီကဒ္ေရာ ဘာကဒ္မွ မထိခဲ့တာ ျဖစ္ပါတယ္။

ပဲြၿပီး သတင္းစာ ရွင္းလင္းပဲြမွာေတာ့ ျပင္သစ္ လက္ေရြးစင္ မန္ယူ ကြင္းလယ္လူ ေပါ့ဘာက ရူဒီဂါအေနနဲ႔ သြားနဲ႔ ကုိက္တာေၾကာင့္ ျပစ္ဒဏ္ တစ္ခုခု ခ်မွတ္ခံရမွာ မလုိလားပါဘူးလုိ႔ မွတ္ခ်က္ျပဳ ေျပာၾကားသြားတာ ျဖစ္ပါတယ္။

ျပင္သစ္ ကြင္းလယ္လူ ေပါ့ဘာက “ရူဒီဂါက ကြ်န္ေတာ့္ကုိ အနည္းငယ္ ကုိက္တယ္။ ကုိက္တာကုိ ကြ်န္ေတာ္ ခံစားရတယ္။ ဒီေတာ့ ကြ်န္ေတာ္ ကြင္းလယ္ဒုိင္ကုိ သြားေျပာတယ္။ ဒါေပမယ့္ သူ႔ကုိ အဝါကဒ္ ျပဖုိ႔ ဒါမွမဟုတ္ အနီကဒ္ ျပဖုိ႔အတြက္ ေတာင္းဆုိေနတာေတာ့ မဟုတ္ပါဘူး”

“ရူဒီဂါအေနနဲ႔ ဘာကဒ္မွ အျပမခံရပါဘူး။ သူ ဒီလုိ သြားကုိက္တဲ့ ျဖစ္စဥ္ေၾကာင့္ သူ ပဲြပယ္ခံရတာမ်ဳိး ကြ်န္ေတာ္ မလုိခ်င္ပါဘူး။ ေနာက္ဆုံးေတာ့ ကြ်န္ေတာ္တုိ႔ ဖက္ၾကတယ္။ ဒီျဖစ္စဥ္က ၿပီးသြားပါတယ္”လုိ႔ ေျပာသြားပါတယ္။

ၿပိဳင္ဘက္ကုိ ကုိက္တဲ့ ျဖစ္စဥ္က အရင္ကလည္း ျဖစ္ခဲ့ဖူးၿပီး တုိက္စစ္မွဴး ဆြာရက္စ္ဟာ (၂၀၁၄) ကမၻာ့ဖလားမွာ ေနာက္ခံလူ ခ်ီလီနီကုိ ကုိက္လုိ႔ (၄) လၾကာ ပဲြပယ္ ျပစ္ဒဏ္ နဲ႔ ဒဏ္ေငြ ေပါင္ (၆၆,၀၀၀) ခ်မွတ္ခံခဲ့ရပါတယ္။

ျပင္သစ္အသင္းဟာ ဂ်ာမနီအသင္းကုိ ဘန္ဇီမာရဲ႕ လူကြ်န္သြင္းဂုိးက လဲြလုိ႔ အျခား သြင္းဂုိး တစ္ဂုိးမွ မသြင္းႏုိင္ခဲ့ေပမယ့္ ပဲြခ်ိန္ (၂၂) မိနစ္က ဂ်ာမနီ ေနာက္ခံလူ ဟမ္းမဲလ္ရဲ႕ ကုိယ့္ဂုိးကုိယ္ သြင္းဂုိးေၾကာင့္ (၁-၀) နဲ႔ အႏုိင္ရရွိခဲ့ပါတယ္။