ပြန်ထိုးပွဲ ချက်ချင်း လုပ်မယ်ဆိုရင်လည်း အသင့်ပါပဲလို့ အောင်လအင်ဆန်း ကပြော

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မြန်မာလူမျိုုးတွေရဲ့ သီတင်းကျွတ်ရက်မြတ်ကာလမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး one championship ပြိုင်ပွဲမှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ကချင်တိုင်းရင်းသား အောင်လအင်ဆန်း ကတော့ ရှုံးပွဲတွေ့ခဲ့ပြီး ပရိသတ်တွေ မျှော်လင့်သလို မဖြစ်ခဲ့ပါဘူး။

စင်ကာပူနိုင်ငံမှာ ယှဉ်ပြိုင်ထိုးသတ်တဲ့ one championship ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်တန်းခါးပတ်ကို စိန်ခေါ်သူ ဒီရစ်ဒါကို အရေးနိမ့်ကာ လွှဲပြောင်းပေးခဲ့ရပြီးနောက်မှာ အောင်လက သူ့ရဲ့ရှုံးပွဲအတွက် ပရိသတ်တွေကို တောင်းပန်စကားဆိုသွားခဲ့ပါတယ်။ မစ်ဒယ်ဝိတ်ချန်ပီယံအောင်လဟာ ပထမအချီမှာပဲ ဒီရစ်ဒါရဲ့ ချုပ်ကွက်ကြောင့် အရေးနိမ့်ခဲ့ပါတယ်။

ပွဲအစမှာ Stand fight လုပ်ခဲ့ကြပြီး အောင်လရဲ့ လက်သီးထိုးချက် တစ်ချက်၊ ခြေကန်ချက်တစ်ချက် ဒီရစ်ဒါကို ရှပ်ထိသွားခဲ့ပါတယ်။

၄မိနစ်၁၆စက္ကန့်မှာ ရိုင်ဒါဟာ အောင်လ ကို လူချင်းဝင်လုံးကာ နောက်ကသိုင်းချုပ်ခဲ့ပြီး ခန္ဓာကိုယ်ကို ဆွဲလှဲလိုက်ကာ အောင်လရဲ့ ‌နောက်ကျောဖက်မှ အောက်ခြေပိုင်းကို အပိုင်ချုပ်ထားနိုင်ခဲ့ပါတယ်။

အောင်လဟာ သည်အခြေအနေကနေရုန်းထွက်နိုင်ဖို့ ကြိုးစားခဲ့ပြီး ဒီရစ်ဒါရဲ့ ချုပ်ကွက်ကနေ ပြန်လည်ရုန်းထလာနိုင်ခါနီးမှာ ဒီရစ်ဒါရဲ့ အပီချုပ်ကွက်တွေကနေ လည်ပင်းကိုပါချုပ်ကွက်မိသွားပြီး နှာခေါင်းကသွေးထွက်လာခဲ့ပြီးနောက်မှာ ဒိုင်ပွဲရပ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

မြန်မာ့စပါးအုံးဆိုပြီး ချုပ်ကွက်နဲ့နာမည်ကြီးတဲ့ အောင်လကို ဒီရစ်ဒါက ချုပ်ကွက်နဲ့ပဲ ပြန်ပြီးအနိုင်ယူသွားခဲ့တာပါ။ ဒီရှုံးပွဲကြောင့် ၃ နှစ်နီးပါးကြာ ထိန်းသိမ်းထားလာခဲ့တဲ့ မစ်ဒယ်ဝိတ်တန်းခါးပတ်ကို ဒီရစ်ဒါဆီ လွှဲပြောင်းပေးအပ်ခဲ့ရပါတယ်။

အသက်(၃၀)အရွယ်ရှိပြီဖြစ်တဲ့ ဒီရစ်ဒါကတော့ ၁၃ ပွဲဆက်တိုက်အနိုင်ရပြီး မစ်ဒယ်ဝိတ်တန်းရဲ့ချန်ပီယံသစ် ဖြစ်လာခဲ့ပါတယ်။ one championship ရဲ့ လေးဦးမြောက်မစ်ဒယ်ဝိတ်ချန်ပီယံအဖြစ် မှတ်တမ်းဝင်လာခဲ့ပြီး စိန်ခေါ်မယ့်သူတွေကို စောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ အောင်လ က “ဒီနေ့ ကျွန်တော်အနိုင်မရခဲ့လို့ ပရိသတ်ကြီးစိတ်ပျက်နေမယ်ဆိုတာသိပါတယ်။ ကျွန်တော် ပိုမိုသန်မာစွာနဲ့ ပြန်လာခဲ့ပါ့မယ်။ ပြန်ထိုးပွဲအတွက်ကတော့ ကျွန်တော့်ကို ကြားထဲမှာ အခြားပွဲတွေထိုးခိုင်းဦးမလားဆိုတာက ပွဲစီစဉ်သူတွေ ဘယ်လိုစီစဉ်ထားလည်းဆိုတာမသိရသေးပါဘူး။ ထိုးရမယ်ဆိုရင်လည်း ကျွန်တော့်ဘက်က သက်သေပြသွားဖို့ အသင့်ဖြစ်အောင် ကြိုးစားသွားမှာပါ”

“ချက်ချင်းပဲ ပြန်ထိုးပွဲလုပ်မယ်ဆိုရင်လည်း အသင့်ပါပဲ။ တခြားပွဲတွေထိုးရမယ်ဆိုလည်း ကျွန်တော့်အတွက်ပြသနာမရှိပါဘူး” လို့ အောင်လက ပြောသွားခဲ့ပါတယ်။ အောင်လအင်ဆန်း ဟာ မစ်ဒယ်ဝိတ်တန်းချန်ပီယံအဖြစ် ရက်ပေါင်း(၁၂၁၈)ရက်ကြာ ရပ်တည်နိုင်ခဲ့ပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံတွေထဲမှာတော့ ချန်ပီယံခါးပတ်ကို အချိန်အကြာဆုံးထိန်းသိမ်းထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ျပန္ထိုးပြဲ ခ်က္ခ်င္း လုပ္မယ္ဆိုရင္လည္း အသင့္ပါပဲလို႔ ေအာင္လအင္ဆန္းကေျပာ

ျမန္မာလူမ်ိဳုးေတြရဲ႕ သီတင္းကြၽတ္ရက္ျမတ္ကာလမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳၿပီး one championship ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့တဲ့ ကခ်င္တိုင္းရင္းသား ေအာင္လအင္ဆန္းကေတာ့ ရႈံးပြဲေတြ႕ခဲ့ၿပီး ပရိသတ္ေတြ ေမွ်ာ္လင့္သလို မျဖစ္ခဲ့ပါဘူး။

စင္ကာပူႏိုင္ငံမွာ ယွဥ္ၿပိဳင္ထိုးသတ္တဲ့ one championship ၿပိဳင္ပြဲမွာ မစ္ဒယ္ဝိတ္တန္းခါးပတ္ကို စိန္ေခၚသူ ဒီရစ္ဒါကို အေရးနိမ့္ကာ လႊဲေျပာင္းေပးခဲ့ရၿပီးေနာက္မွာ ေအာင္လက သူ႔ရဲ႕ရႈံးပြဲအတြက္ ပရိသတ္ေတြကို ေတာင္းပန္စကားဆိုသြားခဲ့ပါတယ္။ မစ္ဒယ္ဝိတ္ခ်န္ပီယံေအာင္လဟာ ပထမအခ်ီမွာပဲ ဒီရစ္ဒါရဲ႕ ခ်ဳပ္ကြက္ေၾကာင့္ အေရးနိမ့္ခဲ့ပါတယ္။

ပြဲအစမွာ Stand fight လုပ္ခဲ့ၾကၿပီး ေအာင္လရဲ႕ လက္သီးထိုးခ်က္ တစ္ခ်က္၊ ေျခကန္ခ်က္တစ္ခ်က္ ဒီရစ္ဒါကို ရွပ္ထိသြားခဲ့ပါတယ္။ ၄မိနစ္၁၆စကၠန႔္မွာ ႐ိုင္ဒါဟာ ေအာင္လ ကို လူခ်င္းဝင္လုံးကာ ေနာက္ကသိုင္းခ်ဳပ္ခဲ့ၿပီး ခႏၶာကိုယ္ကို ဆြဲလွဲလိုက္ကာ ေအာင္လရဲ႕ ‌ေနာက္ေက်ာဖက္မွ ေအာက္ေျခပိုင္းကို အပိုင္ခ်ဳပ္ထားႏိုင္ခဲ့ပါတယ္။

ေအာင္လဟာ သည္အေျခအေနကေန႐ုန္းထြက္ႏိုင္ဖို႔ ႀကိဳးစားခဲ့ၿပီး ဒီရစ္ဒါရဲ႕ ခ်ဳပ္ကြက္ကေန ျပန္လည္႐ုန္းထလာႏိုင္ခါနီးမွာ ဒီရစ္ဒါရဲ႕ အပီခ်ဳပ္ကြက္ေတြကေန လည္ပင္းကိုပါခ်ဳပ္ကြက္မိသြားၿပီး ႏွာေခါင္းကေသြးထြက္လာခဲ့ၿပီးေနာက္မွာ ဒိုင္ပြဲရပ္နဲ႔ အရႈံးေပးခဲ့ရပါတယ္။

ျမန္မာ့စပါးအုံးဆိုၿပီး ခ်ဳပ္ကြက္နဲ႔နာမည္ႀကီးတဲ့ ေအာင္လကို ဒီရစ္ဒါက ခ်ဳပ္ကြက္နဲ႔ပဲ ျပန္ၿပီးအႏိုင္ယူသြားခဲ့တာပါ။ ဒီရႈံးပြဲေၾကာင့္ ၃ ႏွစ္နီးပါးၾကာ ထိန္းသိမ္းထားလာခဲ့တဲ့ မစ္ဒယ္ဝိတ္တန္းခါးပတ္ကို ဒီရစ္ဒါဆီ လႊဲေျပာင္းေပးအပ္ခဲ့ရပါတယ္။ အသက္(၃၀)အ႐ြယ္ရွိၿပီျဖစ္တဲ့ ဒီရစ္ဒါကေတာ့ ၁၃ ပြဲဆက္တိုက္အႏိုင္ရၿပီး မစ္ဒယ္ဝိတ္တန္းရဲ႕ခ်န္ပီယံသစ္ ျဖစ္လာခဲ့ပါတယ္။ one championship ရဲ႕ ေလးဦးေျမာက္မစ္ဒယ္ဝိတ္ခ်န္ပီယံအျဖစ္ မွတ္တမ္းဝင္လာခဲ့ၿပီး စိန္ေခၚမယ့္သူေတြကို ေစာင့္ဆိုင္းရေတာ့မွာျဖစ္ပါတယ္။

ပြဲအၿပီးသတင္းစာရွင္းလင္းပြဲမွာ ေအာင္လ က “ဒီေန႔ ကြၽန္ေတာ္အႏိုင္မရခဲ့လို႔ ပရိသတ္ႀကီးစိတ္ပ်က္ေနမယ္ဆိုတာသိပါတယ္။ ကြၽန္ေတာ္ ပိုမိုသန္မာစြာနဲ႔ ျပန္လာခဲ့ပါ့မယ္။ ျပန္ထိုးပြဲအတြက္ကေတာ့ ကြၽန္ေတာ့္ကို ၾကားထဲမွာ အျခားပြဲေတြထိုးခိုင္းဦးမလားဆိုတာက ပြဲစီစဥ္သူေတြ ဘယ္လိုစီစဥ္ထားလည္းဆိုတာမသိရေသးပါဘူး။ ထိုးရမယ္ဆိုရင္လည္း ကြၽန္ေတာ့္ဘက္က သက္ေသျပသြားဖို႔ အသင့္ျဖစ္ေအာင္ ႀကိဳးစားသြားမွာပါ”

“ခ်က္ခ်င္းပဲ ျပန္ထိုးပြဲလုပ္မယ္ဆိုရင္လည္း အသင့္ပါပဲ။ တျခားပြဲေတြထိုးရမယ္ဆိုလည္း ကြၽန္ေတာ့္အတြက္ျပသနာမရွိပါဘူး” လို႔ ေအာင္လက ေျပာသြားခဲ့ပါတယ္။ ေအာင္လအင္ဆန္းဟာ မစ္ဒယ္ဝိတ္တန္းခ်န္ပီယံအျဖစ္ ရက္ေပါင္း(၁၂၁၈)ရက္ၾကာ ရပ္တည္ႏိုင္ခဲ့ၿပီး မစ္ဒယ္ဝိတ္တန္းခ်န္ပီယံေတြထဲမွာေတာ့ ခ်န္ပီယံခါးပတ္ကို အခ်ိန္အၾကာဆုံးထိန္းသိမ္းထားႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။