ပြိုင်ပွဲကြီးရောက်ရင် ကျရှုံးလေ့ရှိတဲ့အင်္ဂလန်က ဂျာမနီရဲ့အကြီးမားဆုံးပြိုင်ဘက်မဟုတ်ဘူးလို့ ဟာမန်း ပြော

အင်္ဂလန်အသင်းဟာ နောက်ပိုင်းနှစ်တွေမှာ ပြိုင်ပွဲကြီးတွေရောက်ရင် ကျရှုံးလေ့ရှိလို့ သူတို့နဲ့ရင်ဆိုင်ရတာက ဂျာမနီအတွက် အကြီးမားဆုံးပွဲမဟုတ်ဘူးလို့ ဂျာမနီကွင်းလယ်လူဟောင်း ဟာမန်းက ပြောပါတယ်။
သူတို့နှစ်သင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲ့ ၁၆သင်းအဆင့်ပွဲစဉ်အဖြစ် အင်္ဂါနေ့မှာ ရင်ဆိုင်တော့မှာဖြစ်ပြီး အင်္ဂလန်က အိမ်ရှင်အဖြစ် ဧည့်ခံရမှာပါ။


အင်္ဂလန်နဲ့ဂျာမနီတို့ဟာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်လာတာ ၉၁ နှစ်ရှိပြီဖြစ်ကာ အဓိကပြိုင်ပွဲကြီးမှာ နောက်ဆုံးအကြိမ်တွေ့ဆုံမှုအဖြစ် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်မှာ ဂျာမနီက ၄-၁ ဂိုးနဲ့အနိုင်ရထားပါတယ်။
ဒါ့အပြင် ဂျာမနီဟာ အင်္ဂလန်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ယူရို ၉၆ ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်မှာလည်း အင်္ဂလန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့ပါတယ်။


လီဗာပူးကွင်းလယ်လူဟောင်း ဟာမန်းက လက်ရှိကမ္ဘာ့ချန်ပီယံ ပြင်သစ်နဲ့ တောင်အမေရိကအင်အားကြီး အာဂျင်တီးနားတို့က ကမ္ဘာ့ဖလား ၄ကြိမ်ရရှိထားတဲ့ ဂျာမနီရဲ့အကြီးမားဆုံးပြိုင်ဘက်တွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဟာမန်းက ယူရို ၂၀၀၈နဲ့ ယူရို ၂၀၁၂၊ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့တဲ့ စပိန်ကိုလည်း ယခုအခါ ဂျာမနီရဲ့အကြီးမားဆုံးပြိုင်ဘက်စာရင်းထဲ ထည့်ထားလို့ရပြီလို့ ပြောပါတယ်။


”အင်္ဂလန်ကို ဂျာမနီရဲ့အကြီးမားဆုံးပြိုင်ဘက်လို့ ကျွန်တော် တစ်ခါမှမပြောခဲ့ဖူးပါဘူး”
”အကြီးမားဆုံးပြိုင်ဘက်တွေက ကျွန်တော်တို့ကို အများဆုံးစိန်ခေါ်နိုင်တဲ့အသင်းတွေပါ။ ပြင်သစ်နဲ့ အာဂျင်တီးနားတို့ပေါ့”


”အာဂျင်တီးနားက ကမ္ဘာ့ဖလားပြိုင်တွေမှာ ဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ကွာတားဖိုင်နယ်တွေ ခဏခဏရောက်တဲ့အသင်းပါ။ စပိန်ကိုလည်း အခုနောက်ပိုင်းမှာ ထည့်သွင်းလို့ရပါတယ်”


”အားလုံးက ဒီပွဲကို စောင့်မျှော်နေကြတာ သိပေမယ့် ဂျာမနီထက်စာရင် အင်္ဂလန်အတွက် ဒီပွဲက အကြီးမားဆုံးပွဲဖြစ်နိုင်ပါတယ်”လို့ ဟာမန်းက ပြောပါတယ်။


ဂျာမနီအတွက် ၅၉ ပွဲကစားပေးခဲ့တဲ့ ဟာမန်းဟာ ဝင်ဘလေကွင်းဟောင်းမှာ နောက်ဆုံးဂိုးသွင်းသူအဖြစ် စံချိန်တင်ထားပြီး ၂၀၀၀ အောက်တိုဘာက ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အင်္ဂလန်ကို ဝ-၁ ဂိုးနဲ့အနိုင်ရခဲ့ရာမှာ အနိုင်ဂိုးသွင်းခဲ့တာပါ။

Zawgyi
ၿပိဳင္ပြဲႀကီးေရာက္ရင္ က်႐ံႈးေလ့ရွိတဲ့အဂၤလန္က ဂ်ာမနီရဲ႕အႀကီးမားဆုံးၿပိဳင္ဘက္မဟုတ္ဘူးလို႔ ဟာမန္း ေျပာ
အဂၤလန္အသင္းဟာ ေနာက္ပိုင္းႏွစ္ေတြမွာ ၿပိဳင္ပြဲႀကီးေတြေရာက္ရင္ က်႐ံႈးေလ့ရွိလို႔ သူတို႔နဲ႔ရင္ဆိုင္ရတာက ဂ်ာမနီအတြက္ အႀကီးမားဆုံးပဲြမဟုတ္ဘူးလို႔ ဂ်ာမနီကြင္းလယ္လူေဟာင္း ဟာမန္းက ေျပာပါတယ္။
သူတို႔ႏွစ္သင္းဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲ႕ ၁၆သင္းအဆင့္ပြဲစဥ္အျဖစ္ အဂၤါေန႔မွာ ရင္ဆိုင္ေတာ့မွာျဖစ္ၿပီး အဂၤလန္က အိမ္ရွင္အျဖစ္ ဧည့္ခံရမွာပါ။
အဂၤလန္နဲ႔ဂ်ာမနီတို႔ဟာ ၿပိဳင္ဘက္ေတြအျဖစ္ ရင္ဆိုင္လာတာ ၉၁ ႏွစ္ရွိၿပီျဖစ္ကာ အဓိကၿပိဳင္ပြဲႀကီးမွာ ေနာက္ဆုံးအႀကိမ္ေတြ႕ဆုံမႈအျဖစ္ ၂၀၁၀ ကမၻာ့ဖလားၿပိဳင္ပြဲရဲ႕ ႐ံႈးထြက္အဆင့္မွာ ဂ်ာမနီက ၄-၁ ဂိုးနဲ႔အႏိုင္ရထားပါတယ္။
ဒါ့အျပင္ ဂ်ာမနီဟာ အဂၤလန္က အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့တဲ့ ယူ႐ို ၉၆ ၿပိဳင္ပြဲရဲ႕ဆီမီးဖိုင္နယ္မွာလည္း အဂၤလန္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရခဲ့ပါတယ္။
လီဗာပူးကြင္းလယ္လူေဟာင္း ဟာမန္းက လက္ရွိကမၻာ့ခ်န္ပီယံ ျပင္သစ္နဲ႔ ေတာင္အေမရိကအင္အားႀကီး အာဂ်င္တီးနားတို႔က ကမၻာ့ဖလား ၄ႀကိမ္ရရွိထားတဲ့ ဂ်ာမနီရဲ႕အႀကီးမားဆုံးၿပိဳင္ဘက္ေတြျဖစ္တယ္လို႔ ဆိုပါတယ္။
ဒါ့အျပင္ ဟာမန္းက ယူ႐ို ၂၀၀၈နဲ႔ ယူ႐ို ၂၀၁၂၊ ၂၀၁၀ ကမၻာ့ဖလားၿပိဳင္ပြဲေတြမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ စပိန္ကိုလည္း ယခုအခါ ဂ်ာမနီရဲ႕အႀကီးမားဆုံးၿပိဳင္ဘက္စာရင္းထဲ ထည့္ထားလို႔ရၿပီလို႔ ေျပာပါတယ္။
”အဂၤလန္ကို ဂ်ာမနီရဲ႕အႀကီးမားဆုံးၿပိဳင္ဘက္လို႔ ကၽြန္ေတာ္ တစ္ခါမွမေျပာခဲ့ဖူးပါဘူး”
”အႀကီးမားဆုံးၿပိဳင္ဘက္ေတြက ကၽြန္ေတာ္တို႔ကို အမ်ားဆုံးစိန္ေခၚႏိုင္တဲ့အသင္းေတြပါ။ ျပင္သစ္နဲ႔ အာဂ်င္တီးနားတို႔ေပါ့”
”အာဂ်င္တီးနားက ကမၻာ့ဖလားၿပိဳင္ေတြမွာ ဖိ္ုင္နယ္၊ ဆီမီးဖိုင္နယ္နဲ႔ ကြာတားဖိုင္နယ္ေတြ ခဏခဏေရာက္တဲ့အသင္းပါ။ စပိန္ကိုလည္း အခုေနာက္ပိုင္းမွာ ထည့္သြင္းလို႔ရပါတယ္”
”အားလုံးက ဒီပြဲကို ေစာင့္ေမွ်ာ္ေနၾကတာ သိေပမယ့္ ဂ်ာမနီထက္စာရင္ အဂၤလန္အတြက္ ဒီပြဲက အႀကီးမားဆုံးပြဲျဖစ္ႏိုင္ပါတယ္”လို႔ ဟာမန္းက ေျပာပါတယ္။
ဂ်ာမနီအတြက္ ၅၉ ပြဲကစားေပးခဲ့တဲ့ ဟာမန္းဟာ ၀င္ဘေလကြင္းေဟာင္းမွာ ေနာက္ဆုံးဂိုးသြင္းသူအျဖစ္ စံခ်ိန္တင္ထားၿပီး ၂၀၀၀ ေအာက္တိုဘာက ကမၻာ့ဖလားေျခစစ္ပြဲအျဖစ္ အဂၤလန္ကို ၀-၁ ဂိုးနဲ႔အႏိုင္ရခဲ့ရာမွာ အႏိုင္ဂိုးသြင္းခဲ့တာပါ။