ပြိုင်ဘက်ကစားသမားကို တံတွေးနဲ့ထွေးခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရတဲ့ မိုချန်ဂဘက်ဘတ် တိုက်စစ်မှူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၁၉၉၈ ကမ္ဘာ့ဖလားဆုရှင် ပြင်သစ်အသင်းရဲ့ နောက်တန်း ခံစစ်မှူး လီလီယန်သူရမ်ရဲ့သား ဖြစ်တဲ့ မားကပ်စ်သူရမ်ဟာ စနေနေ့က ပြိုင်ဘက် ဟော့ဖန်ဟိမ်းကစားသမားကို တံတွေးနဲ့ထွေးခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရပါတယ်။ သူဟာ ဒီပွဲမတိုင်ခင်အထိ စည်းကမ်းပိုင်းနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ မှတ်တမ်းတွေကို ပိုင်ဆိုင်ထားသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီအနီကဒ်ဟာလည်း ဒီအသင်းမှာ သူ့အတွက် ပထမဦးဆုံးကဒ်လည်းဖြစ်ပါတယ်။

မိုချန်ဂလာဘတ်တိုက်စစ်မှူး မားကပ်စ်သူရမ်ကတော့ စနေနေ့က ပြိုင်ဘက် ဟော့ဖန်ဟိမ်းကစားသမားကို တံတွေးနဲ့ထွေးခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရပါတယ်။
အသက် ၂၃ နှစ်သားဟာ ကြမ်းတမ်းစွာတုံ့ပြန်ခဲ့တဲ့ ဟော့ဖန်ဟိမ်းကစားသမား စတီဖန်ပို့စ်ချ်ကို တံတွေနဲ့ထွေးခဲ့တာဖြစ်ပါတယ်။


သူရမ်အထုတ်ခံခဲ့ရတာကြောင့် ဟော့ဖန်ဟိမ်းအသင်းက ၂-၁ ဂိုးနဲ့ မိုချန်ဂလာဘတ်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ မိုချန်ဂလာဘတ်အသင်းအတွက် လားစ်စတင်ဒယ်က ပထမပိုင်းမှာ ပင်နယ်တီကနေ သွင်းယူခဲ့ပေမယ့် လက်စတာစတားဟောင်း ကာမာရစ်က ဟော့ဖန်ဟိမ်းအတွက် ချေပဂိုးပြန်လည်သွင်းယူပေးခဲ့ပါတယ်။


အဲ့နောက် သူရမ် နဲ့ ပို့စ်တို့ ပြဿနာဖြစ်ပွားခဲ့ပြီး တံတွေးနဲ့ထွေးခဲ့တာကြောင့် ပြိုင်ပွဲကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
အဲ့နောက်တစ်မိနစ်အကြာမှာပဲ တော့တင်ဟမ်ကနေ အငှားနဲ့လာကစားနေတဲ့ ဆက်ဇနွန်က ဟော့ဖန်ဟိမ်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

မိုချန်ဂလာဘတ်ကတော့ ၃ မှတ်လည်း ဆုံးရှုံးခဲ့သလို အားထားရတဲ့ တိုက်စစ်မှူး သူရမ်ကိုပါ ဆုံးရှုံးခဲ့ရပါတယ်။ မိုချန်ဂလာဘတ်ဟာ ဒီနေ့ရှုံးပွဲကြောင့် ပြိုင်ပွဲစုံနောက်ဆုံး ၆ ပွဲအထိ အနိုင်မရရှိခဲ့စံချိန်ရရှိခဲ့ပါတယ်။

ပွဲအပြီးမှာတော့ မာကို ရိုစီက မီဒီယာတွေရဲ့ ရှေ့မှာ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ပြိုင်ဘက် အသင်းကို တောင်းပန်ခဲ့ပါတယ်။ ရို့စ်က“ ကလပ်အသင်းရဲ့ကိုယ်စားနဲ့အဓိကနည်းပြတစ်ယောက်အနေနဲ့ ကျွန်တော် မားကပ်စ်သူရမ် နဲ့ပတ်သက်တဲ့အနီကဒ်အဖြစ်အပျက်အတွက်တောင်းပန်ပါတယ်။ ဒါဟာလုံးဝမ ဖြစ်သင့်တဲ့ကိစ္စတစ်ခုပါပဲ။ ဘောလုံးပွဲတွေမှာ ဒီလိုအပြုအမူတွေဟာ မရှိသင့်တဲ့ အမူအကျင့်ပါ။

ဒါပေမယ့် မားကက်စ် ဟာ ဆိုးသွင်းတဲ့ ကစားသမားတစ်ယောက်တော့မဟုတ်ပါဘူး။ သူလည်းအခုအချိန်မှာ သူ့ရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး နောင်တရနေမှာ သေချာပါတယ်။ ဒီအပြုအမူအတွက် ကျွန်တော် က စတီဖန်ပိုစ့်နဲ့ ဟော့ဖန်ဟိမ်း အသင်းကို တောင်းပန်ပါတယ်။” လို့ပြောကြားသွားခဲ့ပါတယ်။

ဟော့ဖန်ဟိမ်း အသင်းရဲ့ နည်းပြ ဆီဗာစတိန်း ဟိုးနက်စ် ကလည်းမာကို ရိုစီ ရဲ့တောင်းပန်မှုကိုလက်ခံပါတယ် လို့ အကြောင်းပြန်ခဲ့ပါတယ်။ မားကပ်စ်သူရမ်ကလည်း သူ့လုပ်ရပ်အတွက် တွစ်တာကနေ ပြန်လည်တောင်းပန်ခဲ့ပါတယ်။ “ဒီနေ့ကျွန်တော့်ရဲ့ အပြုအမူဟာ ကျွန်တော့် စိတ်ပုံမှန်အခြေအနေနဲ့မဟုတ်ပဲ ဒေါသကြောင့်မှားယွင်းတဲ့တုန့်ပြန်မှု ဖြစ်ခဲ့ရတာပါ။

နောက်ဘယ်တော့မှ ဒီလို အဖြစ်မျိုးထပ်မဖြစ်စေ တော့ပါဘူး။ ဒီအဖြစ်တွေအတွက် စတီဖန်ပိုစ့်၊ ဟော့ဖန်ဟိမ်း အသင်းသားတွေအားလုံးနဲ့ ကျွန်တော့်အသင်းဖော်တွေ၊ ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်ရဲ့တုံ့ပြန်မှုကိုမြင်တဲ့သူတွေအားလုံးကိုတောင်းပန်ပါတယ်” လို့ရေးသားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ျပိဳင္ဘက္ကစားသမားကို တံေတြးနဲ႔ေထြးခဲ့တာေၾကာင့္ ထုတ္ပယ္ခံခဲ့ရတဲ့ မိုခ်န္ဂဘက္ဘတ္ တိုက္စစ္မွဴး

၁၉၉၈ ကမာၻ႔ဖလားဆုရွင္ ျပင္သစ္အသင္းရဲ႕ ေနာက္တန္း ခံစစ္မွဴး လီလီယန္သူရမ္ရဲ႕သား ျဖစ္တဲ့ မားကပ္စ္သူရမ္ဟာ စေနေန႔က ၿပိဳင္ဘက္ ေဟာ့ဖန္ဟိမ္းကစားသမားကို တံေတြးနဲ႔ေထြးခဲ့တာေၾကာင့္ ထုတ္ပယ္ခံခဲ့ရပါတယ္။ သူဟာ ဒီပြဲမတိုင္ခင္အထိ စည္းကမ္းပိုင္းနဲ႔ပတ္သက္ၿပီး ေကာင္းမြန္တဲ့ မွတ္တမ္းေတြကို ပိုင္ဆိုင္ထားသူတစ္ဦးလည္းျဖစ္ပါတယ္။ ဒီအနီကဒ္ဟာလည္း ဒီအသင္းမွာ သူ႕အတြက္ ပထမဦးဆံုးကဒ္လည္းျဖစ္ပါတယ္။

မိုခ်န္ဂလာဘတ္တိုက္စစ္မွဴး မားကပ္စ္သူရမ္ကေတာ့ စေနေန႔က ျပိဳင္ဘက္ ေဟာ့ဖန္ဟိမ္းကစားသမားကို တံေတြးနဲ႔ေထြးခဲ့တာေၾကာင့္ ထုတ္ပယ္ခံခဲ့ရပါတယ္။ အသက္ ၂၃ ႏွစ္သားဟာ ၾကမ္းတမ္းစြာတံု႔ျပန္ခဲ့တဲ့ ေဟာ့ဖန္ဟိမ္းကစားသမား စတီဖန္ပို႔စ္ခ်္ကို တံေတြနဲ႔ေထြးခဲ့တာျဖစ္ပါတယ္။ သူရမ္အထုတ္ခံခဲ့ရတာေၾကာင့္ ေဟာ့ဖန္ဟိမ္းအသင္းက ၂-၁ ဂိုးနဲ႔ မုိခ်န္ဂလာဘတ္အသင္းကို အႏိုင္ရရွိခဲ့ပါတယ္။

မိုခ်န္ဂလာဘတ္အသင္းအတြက္ လားစ္စတင္ဒယ္က ပထမပိုင္းမွာ ပင္နယ္တီကေန သြင္းယူခဲ့ေပမယ့္ လက္စတာစတားေဟာင္း ကာမာရစ္က ေဟာ့ဖန္ဟိမ္းအတြက္ ေခ်ပဂိုးျပန္လည္သြင္းယူေပးခဲ့ပါတယ္။အဲ့ေနာက္ သူရမ္ နဲ႔ ပုိ႔စ္တို႔ ျပႆနာျဖစ္ပြားခဲ့ျပီး တံေတြးနဲ႔ေထြးခဲ့တာေၾကာင့္ ျပိဳင္ပြဲကေန ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

အဲ့ေနာက္တစ္မိနစ္အၾကာမွာပဲ ေတာ့တင္ဟမ္ကေန အငွားနဲ႔လာကစားေနတဲ့ ဆက္ဇႏြန္က ေဟာ့ဖန္ဟိမ္းအတြက္ အႏုိင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။ မိုခ်န္ဂလာဘတ္ကေတာ့ ၃ မွတ္လည္း ဆံုးရံႈးခဲ့သလို အားထားရတဲ့ တိုက္စစ္မွဴး သူရမ္ကိုပါ ဆံုးရံႈးခဲ့ရပါတယ္။ မုိုခ်န္ဂလာဘတ္ဟာ ဒီေန႔ရံႈးပြဲေၾကာင့္ ျပိဳင္ပြဲစံုေနာက္ဆံုး ၆ ပြဲအထိ အႏိုင္မရရွိခဲ့စံခ်ိန္ရရွိခဲ့ပါတယ္။

ပြဲအၿပီးမွာေတာ့ မာကို ရိုစီက မီဒီယာေတြရဲ႕ ေရွ႕မွာ ဒီအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး ျပိဳင္ဘက္ အသင္းကို ေတာင္းပန္ခဲ့ပါတယ္။ ႐ို႕စ္က“ ကလပ္အသင္းရဲ႕ကိုယ္စားနဲ႔အဓိကနည္းျပတစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္ မားကပ္စ္သူရမ္ နဲ႔ပတ္သက္တဲ့အနီကဒ္အျဖစ္အပ်က္အတြက္ေတာင္းပန္ပါတယ္။ ဒါဟာလုံးဝမ ျဖစ္သင့္တဲ့ကိစၥတစ္ခုပါပဲ။ ေဘာလံုးပြဲေတြမွာ ဒီလိုအျပဳအမူေတြဟာ မရွိသင့္တဲ့ အမူအက်င့္ပါ။ ဒါေပမယ့္ မားကက္စ္ ဟာ ဆိုးသြင္းတဲ့ ကစားသမားတစ္ေယာက္ေတာ့မဟုတ္ပါဘူး။ သူလည္းအခုအခ်ိန္မွာ သူ႕ရဲ႕လုပ္ရပ္နဲ႕ ပတ္သက္ၿပီး ေနာင္တရေနမွာ ေသခ်ာပါတယ္။ ဒီအျပဳအမူအတြက္ ကြၽန္ေတာ္ က စတီဖန္ပိုစ့္နဲ႕ ေဟာ့ဖန္ဟိမ္း အသင္းကို ေတာင္းပန္ပါတယ္။” လို႕ေျပာၾကားသြားခဲ့ပါတယ္။

ေဟာ့ဖန္ဟိမ္း အသင္းရဲ႕ နည္းျပ ဆီဗာစတိန္း ဟိုးနက္စ္ ကလည္းမာကို ရိုစီ ရဲ႕ေတာင္းပန္မႈကိုလက္ခံပါတယ္ လို႕ အေၾကာင္းျပန္ခဲ့ပါတယ္။ မားကပ္စ္သူရမ္ကလည္း သူ႕လုပ္ရပ္အတြက္ တြစ္တာကေန ျပန္လည္ေတာင္းပန္ခဲ့ပါတယ္။ “ဒီေန႔ကြၽန္ေတာ့္ရဲ႕ အျပဳအမူဟာ ကၽြန္ေတာ့္ စိတ္ပံုမွန္အေျခအေနနဲ႔မဟုတ္ပဲ ေဒါသေၾကာင့္မွားယြင္းတဲ့တုန္႔ျပန္မႈ ျဖစ္ခဲ့ရတာပါ။ ေနာက္ဘယ္ေတာ့မွ ဒီလို အျဖစ္မ်ိဳးထပ္မျဖစ္ေစ ေတာ့ပါဘူး။ ဒီအျဖစ္ေတြအတြက္ စတီဖန္ပိုစ့္၊ ေဟာ့ဖန္ဟိမ္း အသင္းသားေတြအားလံုးနဲ႕ ကြၽန္ေတာ့္အသင္းေဖာ္ေတြ၊ ကြၽန္ေတာ့္မိသားစုနဲ႔ ကြၽန္ေတာ့္ရဲ႕တုံ႔ျပန္မႈကိုျမင္တဲ့သူေတြအားလုံးကိုေတာင္းပန္ပါတယ္” လို႕ေရးသားခဲ့ပါတယ္။