ပြိုင်ဘက်ဂိုးသမား ဗင်းဆင့် ဂွိုင်တာကိုဟောက်စားသွားလုပ်ခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ခရစ္စတယ်ပဲလေ့စ်နဲ့

ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီးမှာ ပြိုင်ဘက်ဂိုးသမား ဗင်းဆင့် ဂွိုင်တာကို

ဟောက်စားသွားလုပ်ခဲ့လို့ သူတို့ကြားမှာအပြန်အလှန်

အခြေအတင်ဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။

ဒါပေမယ့် လည်း ဒီစပိန်သားနှစ်ယောက်စလုံးဟာ တစ်ယောက်နဲ့တစ်ယောက်

အငြင်းပွားကြပြီးနောက် ဘယ်သူမှဖြန်ဖြေစရာမလိုဘဲ လမ်းခွဲခဲ့ကြပါတယ်။

ဒီပွဲသရေကျခဲ့မှုကြောင့် မန်စီးတီးဟာ ၂၉ ပွဲကစားပြီးချိန်မှာ

ရမှတ် ၇၀ နဲ့ထိပ်ဆုံးကဦးဆောင်နေပြီး ဒု တိယနေရာက

လီဗာပူးကို ၄ မှတ်ဖြတ်ထားပါတယ်။

ဒါပေမယ့်လီဗာပူးက တစ်ပွဲကစားဖို့ကျန်နေသေးပြီးအဲဒီပွဲကိုနိုင်ခဲ့ရင်

၁ မှတ်သာကွာတော့မှာဖြစ်လို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေ

းပြိုင်ဆိုင်မှုက ပိုပြီးကျယ်ပြန့်လာခဲ့ပါတယ်။

ဒါကြောင့်လည်း ဂွာဒီယိုလာဟာ မန်စီးတီးကိုကောင်းစွာခံကစားသွားနိုင်တဲ့

ပဲလေ့စ်တစ်သင်းလုံးနဲ့ ဂိုးသမား ဂွိုင်တာ ကိုပါမကျေမနပ်ဖြစ် ခဲ့တာပါ။

ဒီပွဲမှာမန်စီးတီးဟာသူတို့ထုံးစံအတိုင်း ပြိုင်ဘက်ကိုဖိကစားနိုင်ခဲ့ပေမယ့်

ဂိုးရအောင်တော့မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဒီအတွက် မန်စီးတီးရဲ့အပိုင်ဂိုးသွင်းခွင့် ၄ ကြိမ်ကိုလက်စွမ်းပြကာကွယ်နိုင်ခဲ့တဲ့

ဂွိုင်တာက အဓိကကျသူဖြစ်ခဲ့တာပါ။ သူဟာ ပထမပိုင်းမှာ ဒီဘရိုင်းနား ရဲ့

ကောင်းမွန်တဲ့မြေမကျကန်ချက်အပါအဝင် ၄ ကြိမ်အထိကာကွယ်နိုင်ခဲ့တာဖြစ်သလို

မန်စီးတီးရဲ့အခြားအားထုတ်မှု ၂ ကြိမ်ကလည်း

တိုင်ထိထွက်ခဲ့တာကြောင့် အများကြီးနစ်နာခဲ့ရပါတယ်။

ဒါကြောင့်လည်း ပွဲအပြီးမှာ ဂွာဒီယိုလာက ဂွိုင်တာကိုသွားပြီး

ဟောက်စားလုပ်ခဲ့ရာကနေသူတို့ကြားမှာအခြေအတင်ဖြစ်ခဲ့သေးတာပါ။

သူ တို့ဘာပြောကြသလဲဆိုတာမသိရပေမယ့် ဂွိုင်တာ ကိုဂွာဒီယိုလာက

အပြစ်တင်ပုံရခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။

မန်စီးတီး ဟာလာမယ့်ဧပြီ ၁၀ မှာ လီဗာပူးနဲ့အိမ်ကွင်းကစားရမှာဖြစ်ပြီး

သူတို့တွေ့မယ့်ပွဲက ချန်ပီယံဘွဲ့အတွက်အဖြေဖြစ်လိမ့်မယ် လို့လည်း သုံးသပ်ထားကြပါတယ်။

လီဗာပူးဟာလက်ရှိမှာခြေစွမ်းကောင်းဆက်တိုက်ရရှိနေပြီး

သူတို့ရဲ့ကစားသမားသစ် လူးဝစ်ဒီယက်ဇ်ကလည်း ခြေစွမ်းပြသနေတာဖြစ်ပါတယ်။

zawgyi

ၿပိဳင္ဘက္ဂိုးသမား ဗင္းဆင့္ ဂြိဳင္တာကိုေဟာက္စားသြားလုပ္ခဲ့တဲ့ ဂြာဒီယိုလာ

မန္စီးတီးအသင္းနည္းျပ ဂြာဒီယိုလာဟာ ခရစၥတယ္ပဲေလ့စ္နဲ႔

ဂိုးမရွိသေရက်ခဲ့တဲ့ပြဲအၿပီးမွာ ၿပိဳင္ဘက္ဂိုးသမား ဗင္းဆင့္ ဂြိဳင္တာကို

ေဟာက္စားသြားလုပ္ခဲ့လို႔ သူတို႔ၾကားမွာအျပန္အလွန္

အေျခအတင္ျဖစ္ခဲ့ၾကတယ္လို႔သိရပါတယ္။

ဒါေပမယ့္ လည္း ဒီစပိန္သားႏွစ္ေယာက္စလုံးဟာ တစ္ေယာက္နဲ႔တစ္ေယာက္

အျငင္းပြားၾကၿပီးေနာက္ ဘယ္သူမွျဖန္ေျဖစရာမလိုဘဲ လမ္းခြဲခဲ့ၾကပါတယ္။

ဒီပြဲသေရက်ခဲ့မႈေၾကာင့္ မန္စီးတီးဟာ ၂၉ ပြဲကစားၿပီးခ်ိန္မွာ

ရမွတ္ ၇၀ နဲ႔ထိပ္ဆုံးကဦးေဆာင္ေနၿပီး ဒု တိယေနရာက

လီဗာပူးကို ၄ မွတ္ျဖတ္ထားပါတယ္။

ဒါေပမယ့္လီဗာပူးက တစ္ပြဲကစားဖို႔က်န္ေနေသးၿပီးအဲဒီပြဲကိုႏိုင္ခဲ့ရင္

၁ မွတ္သာကြာေတာ့မွာျဖစ္လို႔ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေရ

းၿပိဳင္ဆိုင္မႈက ပိုၿပီးက်ယ္ျပန႔္လာခဲ့ပါတယ္။

ဒါေၾကာင့္လည္း ဂြာဒီယိုလာဟာ မန္စီးတီးကိုေကာင္းစြာခံကစားသြားႏိုင္တဲ့

ပဲေလ့စ္တစ္သင္းလုံးနဲ႔ ဂိုးသမား ဂြိဳင္တာ ကိုပါမေက်မနပ္ျဖစ္ ခဲ့တာပါ။

ဒီပြဲမွာမန္စီးတီးဟာသူတို႔ထုံးစံအတိုင္း ၿပိဳင္ဘက္ကိုဖိကစားႏိုင္ခဲ့ေပမယ့္

ဂိုးရေအာင္ေတာ့မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။

ဒီအတြက္ မန္စီးတီးရဲ႕အပိုင္ဂိုးသြင္းခြင့္ ၄ ႀကိမ္ကိုလက္စြမ္းျပကာကြယ္ႏိုင္ခဲ့တဲ့

ဂြိဳင္တာက အဓိကက်သူျဖစ္ခဲ့တာပါ။ သူဟာ ပထမပိုင္းမွာ ဒီဘ႐ိုင္းနား ရဲ႕

ေကာင္းမြန္တဲ့ေျမမက်ကန္ခ်က္အပါအဝင္ ၄ ႀကိမ္အထိကာကြယ္ႏိုင္ခဲ့တာျဖစ္သလို

မန္စီးတီးရဲ႕အျခားအားထုတ္မႈ ၂ ႀကိမ္ကလည္း

တိုင္ထိထြက္ခဲ့တာေၾကာင့္ အမ်ားႀကီးနစ္နာခဲ့ရပါတယ္။

ဒါေၾကာင့္လည္း ပြဲအၿပီးမွာ ဂြာဒီယိုလာက ဂြိဳင္တာကိုသြားၿပီး

ေဟာက္စားလုပ္ခဲ့ရာကေနသူတို႔ၾကားမွာအေျခအတင္ျဖစ္ခဲ့ေသးတာပါ။

သူ တို႔ဘာေျပာၾကသလဲဆိုတာမသိရေပမယ့္ ဂြိဳင္တာ ကိုဂြာဒီယိုလာက

အျပစ္တင္ပုံရခဲ့တယ္လို႔ ခန႔္မွန္းၾကပါတယ္။

မန္စီးတီး ဟာလာမယ့္ဧၿပီ ၁၀ မွာ လီဗာပူးနဲ႔အိမ္ကြင္းကစားရမွာျဖစ္ၿပီး

သူတို႔ေတြ႕မယ့္ပြဲက ခ်န္ပီယံဘြဲ႕အတြက္အေျဖျဖစ္လိမ့္မယ္ လို႔လည္း သုံးသပ္ထားၾကပါတယ္။

လီဗာပူးဟာလက္ရွိမွာေျခစြမ္းေကာင္းဆက္တိုက္ရရွိေနၿပီး

သူတို႔ရဲ႕ကစားသမားသစ္ လူးဝစ္ဒီယက္ဇ္ကလည္း ေျခစြမ္းျပသေနတာျဖစ္ပါတယ္။