ပြိုင်ဘက်တွေ စိတ်အနှောက်အယှက်ဖြစ်အောင် ဉာဏ်သုံးပြီး တစ်ကွက်ပြခဲ့တဲ့ ဆွာရက်ဇ်

ရော့တစ်ကွက်ပြလိုက်ပြီ ဆိုပြီး ပြောနေကြတာရှိပါတယ်။

ဘာအကွက်လဲ ဘယ်အတွက်ပြတာလဲ မသိရင်တော့ အကွက်တွေရောပြီး အငိုက်မိသွားပါမယ်။

ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်ကတော့ ဉာဏ်ကိုလွှာသုံးပြီး ပြိုင်ဘက်ကစားသမားတွေကို တစ်ကွက်ပြနိုင်ခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ ချီလီနဲ့ကစားခဲ့တဲ့ ကိုပါအမေရိကဖလားပွဲမှာ ဘာစီလိုနာအသင်းဖော်ဟောင်းဂိုးသမားဘရာဗိုကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်သွားခဲ့ပါတယ်။

ပွဲကစားချိန် ၈၆ မိနစ်၊ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျနေချိန်မှာ ချီလီအသင်းက တည်ကန်ဘောရရှိခဲ့ပါတယ်။

ဘရာဗိုဟာ ဘောလုံးကန်တင်ဖို့အတွက် ကြိုးစားခဲ့ပေမယ့် ဆွာရက်ဇ်က သူ့ရှေ့မှာ ဖိနပ်ကို ကြိုးချည်ကာ အချိန်ဆွဲမှုတွေပြုလုပ်ခဲ့လို့ ကန်တင်ခွင့်မရခဲ့ပါဘူး။

ဆွာရက်ဇ်ကို လွတ်အောင်ရှောင်ပြီး ကန်တင်ဖို့လုပ်ခဲ့ပေမယ့်လည်း ဥရုဂွေးကစားသမားက လိုက်လံပိတ်ဆို့ခဲ့တာကြောင့် ချီလီဟာ တိုက်စစ်အမြန်စပြီး ကစားကွက်တည်မရအောင် ဖြစ်ခဲ့ရပါတယ်။

အဲဒီလို တစ်ကွက်ပြတဲ့ ကိစ္စအတွက် ဆွာရက်ဇ်နဲ့ ဘရာဗိုတို့ဟာ ရှင်းကြ လင်းကြအငြင်းပွားခဲ့ကြပါတယ်။

ဆွာရက်ဇ်လိုမျိုး တခြား အကွက်သစ်တွေနဲ့ အချိန်ဆွဲတာ၊ အနှောက်အယှက်ဖြစ်အောင် လုပ်တာက အခန့်မသင့်ရင် ဒိုင်ရဲ့ အမျက်တော်ရှနိုင်ပါတယ်။

ပရိသတ်တွေကတော့ အချိန်ဆွဲနည်းအသစ်ကို ဆွာရက်ဇ်က ဖန်တီးလိုက်ပြန်ပြီလို့ ဆိုနေကြပါတယ်။

ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ ဘာစီလိုနာကနေ အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြောင်းရွှေ့ပြီး အက်သလက်တီကိုအတွက် ၂၁ ဂိုးသွင်းကာ လာလီဂါဆုဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။

ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ရဲ့အသက်ကတော့ အခုဆိုရင် ၃၄ နှစ်ရှိပါပြီ။

Zawgyi

ၿပိဳင္ဘက္​ေတြ စိတ္အ​ေႏွာက္အယွက္ျဖစ္​ေအာင္ ဥာဏ္သုံးၿပီး တစ္ကြက္ျပခဲ့တဲ့ ဆြာရက္ဇ္

​ေရာ့တစ္ကြက္ျပလိုက္ၿပီ ဆိုၿပီး ​ေျပာ​ေနၾကတာရွိပါတယ္။ ဘာအကြက္လဲ ဘယ္အတြက္ျပတာလဲ မသိရင္​ေတာ့ အကြက္​ေတြ​ေရာၿပီး အငိုက္မိသြားပါမယ္။ ဥ႐ုေဂြးတိုက္စစ္မႉးဆြာရက္ဇ္ကေတာ့ ဥာဏ္ကိုလႊာသုံးၿပီး ၿပိဳင္ဘက္ကစားသမား​ေတြကို တစ္ကြက္ျပႏိုင္ခဲ့ပါတယ္။ ဆြာရက္ဇ္ဟာ ခ်ီလီနဲ႔ကစားခဲ့တဲ့ ကိုပါအေမရိကဖလားပြဲမွာ ဘာစီလိုနာအသင္းေဖာ္ေဟာင္းဂိုးသမားဘရာဗိုကို စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ လုပ္သြားခဲ့ပါတယ္။

ပြဲကစားခ်ိန္ ၈၆ မိနစ္၊ တစ္ဖက္တစ္ဂိုးစီနဲ႔ သေရက်ေနခ်ိန္မွာ ခ်ီလီအသင္းက တည္ကန္ေဘာရရွိခဲ့ပါတယ္။ ဘရာဗိုဟာ ေဘာလုံးကန္တင္ဖို႔အတြက္ ႀကိဳးစားခဲ့ေပမယ့္ ဆြာရက္ဇ္က သူ႔ေရွ႕မွာ ဖိနပ္ကို ႀကိဳးခ်ည္ကာ အခ်ိန္ဆြဲမႈေတြျပဳလုပ္ခဲ့လို႔ ကန္တင္ခြင့္မရခဲ့ပါဘူး။

ဆြာရက္ဇ္ကို လြတ္ေအာင္ေရွာင္ၿပီး ကန္တင္ဖို႔လုပ္ခဲ့ေပမယ့္လည္း ဥ႐ုေဂြးကစားသမားက လိုက္လံပိတ္ဆို႔ခဲ့တာေၾကာင့္ ခ်ီလီဟာ တိုက္စစ္အျမန္စၿပီး ကစားကြက္တည္မရေအာင္ ျဖစ္ခဲ့ရပါတယ္။ အဲဒီလို တစ္ကြက္ျပတဲ့ ကိစၥအတြက္ ဆြာရက္ဇ္နဲ႔ ဘရာဗိုတို႔ဟာ ရွင္းၾက လင္းၾကအျငင္းပြားခဲ့ၾကပါတယ္။ ဆြာရက္ဇ္လိုမ်ိဳး တျခား အကြက္သစ္​ေတြနဲ႔ အခ်ိန္ဆြဲတာ၊ အ​ေႏွာက္အယွက္ျဖစ္​ေအာင္ လုပ္တာက အခန္႔မသင့္ရင္ ဒိုင္ရဲ႕ အမ်က္​ေတာ္ရွႏိုင္ပါတယ္။

ပရိသတ္ေတြကေတာ့ အခ်ိန္ဆြဲနည္းအသစ္ကို ဆြာရက္ဇ္က ဖန္တီးလိုက္ျပန္ၿပီလို႔ ဆိုေနၾကပါတယ္။ ဆြာရက္ဇ္ဟာ ၿပီးခဲ့တဲ့ႏွစ္ ေဘာလုံးရာသီမွာ ဘာစီလိုနာကေန အက္သလက္တီကိုမက္ဒရစ္အသင္းကို ေျပာင္းေ႐ႊ႕ၿပီး အက္သလက္တီကိုအတြက္ ၂၁ ဂိုးသြင္းကာ လာလီဂါဆုဖလားကို ရယူေပးႏိုင္ခဲ့ပါတယ္။ ဥ႐ုေဂြးတိုက္စစ္မႉး ဆြာရက္ဇ္ရဲ႕အသက္ကေတာ့ အခုဆိုရင္ ၃၄ ႏွစ္ရွိပါၿပီ။