ပြိုင်ဘက်နောက်တန်းရဲ့ အားနဲချက်လေးတစ်ချက်ကြောင့် သွင်းဂိုးရယူနိုင်ခဲ့တယ်ဆိုတဲ့ ရက်ဖိုဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီနေ့ပွဲမှာ ယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကိုသွင်းယူသွားတဲ့ မားကပ်ရက်ဖိုဒ်ကို ဒီပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခဲ့ကြပါတယ်။

ပွဲချိန်(၉၃)မိနစ်မှာ အနိုင်ဂိုးသွင်းယူသွားခဲ့တဲ့ မားကပ်ရက်ဖိုဒ်ရဲ့သွင်းဂိုးဟာ ဘရူနိုရဲ့ဖန်တီးပေးမှုကနေ ပိတ်ဆို့ထားတဲ့ ဝုဗ်အသင်းရဲ့ ကစားသမားတွေကို ရအောင်ထိုးဖောက်ပြီး ညာတောင်ပံကနေဆွဲယူလာပြီး ဝုဗ်နောက်ခံကစားသမားနှစ်ယောက်ကြားကနေ ဂိုးကိုကန်သွင်းခဲ့ရာမှာ တစ်ပွဲလုံးခြေစွမ်းပြနေတဲ့ နောက်ခံလူ ဆစ်စ်နဲ့ ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာပါ။ ပွဲအပြီး mulive မှာ မာကပ်ရပ်ဖိုဒ်က ဒီသွင်းဂိုးကိုရယူနိုင်ဖို့ သူဘယ်လိုစဉ်းစားမိခဲ့ကြောင်းကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

” ဒီပွဲရဲ့ အဆုံးအဖြတ်သွင်းဂိုးက အရမ်းလှပနေတဲ့ သွင်းဂိုးတစ်ဂိုးတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ဒီဂိုးကြောင့် အဖိုးတန် ၃ မှတ်တော့ရရှိခဲ့ပြီး ကျွန်တော်တို့အသင်းနိုင်ပွဲတွေနဲ့ရှေ့ဆက်နိုင်ခဲ့ပါပြီ။

အဲ့သည့် ဂိုးမသွင်းခင် မိနစ်အနည်းငယ် အလိုမှာ ဝုဗ်အသင်းရဲ့ ခံစစ်ကစားသမား ရွိုင်ယန် နိုယဲလ် က ကြွက်တက်သလိုဖြစ်ပြီး ကွင်းထဲမှာ ခဏလဲကျသွားခဲ့တာကို ကျွန်တော်သတိရခဲ့ပါတယ်။

အဲ့ဒါကြောင့် ဘရူနို့ဆီက ဘောလုံးရတဲ့အချိန်မှာ သူ့ကို တစ်ချက်လှည့်ပြီး ဂိုးရအောင် ကန်ကြည့်မယ်ဆိုရင်တစ်ခုခုဖြစ်နိုင်တယ်ဆိုတာတွေးမိပြီး ကြိုးစားကြည့်ခဲ့တာပါ။

အဆုံးသတ်မှာတော့ ကံကောင်းစွာနဲ့ပဲ ဘောလုံးက လမ်းကြောင်းလွဲပြီး သွင်းဂိုးဖြစ်သွားခဲ့တာပေါ့ဗျာ။ ဂိုးသွင်းနိုင်ခဲ့လိုလည်း အရမ်းကျေနပ်မိပါတယ်။ သာမန်ပွဲချိန်တွင်းမှာ ထင်သလောက် အကောင်းဆုံးမကစားနိုင်ခဲ့တာကိုတော့ စိတ်ပျက်မိခဲ့ပေမယ့် နောက်ဆုံးမှာ အနိုင် ၃ မှတ်ရခဲ့လို့ ကျေနပ်မိပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

မားကပ်ရက်ဖိုဒ်ရဲ့ (၉၂မိနစ်၊ ၅၁စက္ကန့်)နဲ့ နောက်ကျသွင်းဂိုးသွင်းယူခဲ့တဲ့ဂိုး ဟာ အသင်းသမိုင်းမှာ ၂၀၀၉ခုနှစ်၊ စက်တင်ဘာလ က မိုက်ကယ်အိုဝင်က (၉၅မိနစ်၊ ၂၇စက္ကန့်)မှာ မန်ချက်စတာစီးတီးအသင်းကို သွင်းယူခဲ့တဲ့ ပွဲအပြီးမှာ ပထမဆုံးအကြိမ် နောက်အကျဆုံးသွင်းဂိုးနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ ပွဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ျပိဳင္ဘက္ေနာက္တန္းရဲ႕ အားနဲခ်က္ေလးတစ္ခ်က္ေၾကာင့္ သြင္းဂိုးရယူႏိုင္ခဲ့တယ္ဆိုတဲ့ ရက္ဖိုဒ္

ဒီေန႔ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ အႏိုင္ဂိုးကိုသြင္းယူသြားတဲ့ မားကပ္ရက္ဖိုဒ္ကို ဒီပြဲရဲ႕အေကာင္းဆုံးကစားသမားအျဖစ္ေ႐ြးခ်ယ္ခဲ့ၾကပါတယ္။ ပြဲခ်ိန္(၉၃)မိနစ္မွာ အႏိုင္ဂိုးသြင္းယူသြားခဲ့တဲ့ မားကပ္ရက္ဖိုဒ္ရဲ႕သြင္းဂိုးဟာ ဘ႐ူႏိုရဲ႕ဖန္တီးေပးမႈကေန ပိတ္ဆို႔ထားတဲ့ ဝုဗ္အသင္းရဲ႕ ကစားသမားေတြကို ရေအာင္ထိုးေဖာက္ၿပီး ညာေတာင္ပံကေနဆြဲယူလာၿပီး ဝုဗ္ေနာက္ခံကစားသမားႏွစ္ေယာက္ၾကားကေန ဂိုးကိုကန္သြင္းခဲ့ရာမွာ တစ္ပြဲလုံးေျခစြမ္းျပေနတဲ့ ေနာက္ခံလူ ဆစ္စ္နဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့တာပါ။ ပြဲအၿပီး mulive မွာ မာကပ္ရပ္ဖိုဒ္က ဒီသြင္းဂိုးကိုရယူႏိုင္ဖို႕ သူဘယ္လိုစဥ္းစားမိခဲ့ေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

” ဒီပြဲရဲ႕ အဆုံးအျဖတ္သြင္းဂိုးက အရမ္းလွပေနတဲ့ သြင္းဂိုးတစ္ဂိုးေတာ့ မဟုတ္ခဲ့ပါဘူး။ ဒါေပမယ့္ ဒီဂိုးေၾကာင့္ အဖိုးတန္ ၃ မွတ္ေတာ့ရရွိခဲ့ၿပီး ကၽြန္ေတာ္တို႕အသင္းႏိုင္ပြဲေတြနဲ႕ေရွ႕ဆက္ႏိုင္ခဲ့ပါၿပီ။ အဲ့သည့္ ဂိုးမသြင္းခင္ မိနစ္အနည္းငယ္ အလိုမွာ ဝုဗ္အသင္းရဲ႕ ခံစစ္ကစားသမား ရြိဳင္ယန္ ႏိုယဲလ္ က ႂကြက္တက္သလိုျဖစ္ၿပီး ကြင္းထဲမွာ ခဏလဲက်သြားခဲ့တာကို ကြၽန္ေတာ္သတိရခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ ဘရူႏို႕ဆီက ေဘာလုံးရတဲ့အခ်ိန္မွာ သူ႔ကို တစ္ခ်က္လွည့္ၿပီး ဂိုးရေအာင္ ကန္ၾကည့္မယ္ဆိုရင္တစ္ခုခုျဖစ္ႏိုင္တယ္ဆိုတာေတြးမိၿပီး ႀကိဳးစားၾကည့္ခဲ့တာပါ။

အဆံုးသတ္မွာေတာ့ ကံေကာင္းစြာနဲ႕ပဲ ေဘာလုံးက လမ္းေၾကာင္းလြဲၿပီး သြင္းဂိုးျဖစ္သြားခဲ့တာေပါ့ဗ်ာ။ ဂိုးသြင္းႏိုင္ခဲ့လိုလည္း အရမ္းေက်နပ္မိပါတယ္။ သာမန္ပြဲခ်ိန္တြင္းမွာ ထင္သေလာက္ အေကာင္းဆုံးမကစားႏိုင္ခဲ့တာကိုေတာ့ စိတ္ပ်က္မိခဲ့ေပမယ့္ ေနာက္ဆုံးမွာ အႏိုင္ ၃ မွတ္ရခဲ့လို႔ ေက်နပ္မိပါတယ္” လို႕ ေျပာသြားခဲ့ပါတယ္။ မားကပ္ရက္ဖိုဒ္ရဲ႕ (၉၂မိနစ္၊ ၅၁စကၠန႔္)နဲ႔ ေနာက္က်သြင္းဂိုးသြင္းယူခဲ့တဲ့ဂိုး ဟာ အသင္းသမိုင္းမွာ ၂၀၀၉ခုႏွစ္၊ စက္တင္ဘာလ က မိုက္ကယ္အိုဝင္က (၉၅မိနစ္၊ ၂၇စကၠန႔္)မွာ မန္ခ်က္စတာစီးတီးအသင္းကို သြင္းယူခဲ့တဲ့ ပြဲအၿပီးမွာ ပထမဆုံးအႀကိမ္ ေနာက္အက်ဆံုးသြင္းဂိုးနဲ႔ အႏိုင္ယူႏိုင္ခဲ့တဲ့ ပြဲျဖစ္ပါတယ္။