ပြိုင်ဘက်အသင်းဆီကို ပြောင်းဖို့ ကြံနေတဲ့ ဗန်ဒီ

မန်ချက်စတာယူနိုက်တက်အလယ်တန်းကစားသမားဒွန်နီဗန်ဒီဘိခ်ဟာ

အိုးထရက်ဖို့ဒ်တွင်နေရာပျောက်ဆုံးနေမှုနဲ့အတူဇန်နဝါရီအပြောင်းအရွှေ့

ဈေးကွက်တွင်အာဆင်နယ်သို့ပြောင်းရန်ဆန္ဒပြင်းပြနေကြောင်းသိရပါတယ်။

ဗန်ဒီဘိခ်ဟာ၂၀၂၀ခုနှစ်၊စက်တင်ဘာလတွင်အေဂျက်စ်မှပြောင်းရွှေ့ကြေး

ပေါင်၄၇သန်းဖြင့်ပြောင်းလာပြီးနောက်မန်ယူတွင်ပွဲကစားခွင့်အနည်းငယ်သာ

ရရှိလာသူဖြစ်ပါတယ်။ သူဟာယခုရာသီတွင်ပရီးမီးယားလိဂ်တွင်ပွဲထွက်ခွာခွင့်

မရသေးဘဲ ခါရာဘောင်းပွဲတစ်ပွဲတည်းတွင်သာပွဲထွက်ခွင့်ရထားကာ

စုစုပေါင်း၅ပွဲတည်းသာကစားခွင့်ရထားပါတယ်။

သူဟာအေဂျက်စ်တွင်ကစားစဉ်တုန်းက၁၇၅ပွဲတွင်

၄၁ဂိုးသွင်းကာ၃၄ကြိမ်ဖန်တီးမှုပြုလုပ်နိုင်ခဲ့မှုနဲ့အတူ

မန်ယူတွင်ပိုကောင်းလာမယ်လို့ယူဆခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့်သူဟာဆိုးလ်ရှားလက်အောက်တွင်နေရာမရမှုနဲ့အတူ ရီယိုဖာဒီနန်

အပါအဝင်မန်ယူကစားသမားဟောင်းများကအသင်းပြောင်းရန်တိုက်တွန်းနေကြပါတယ်။

ယနေ့တွင် The United Strand ရဲ့ဖော်ပြလာမှုအရဗန်ဒီဘိခ်ဟာ

လန်ဒန်အခြေစိုက်အာဆင်နယ်သို့ပြောင်းလိုနေကြောင်းသိရပါတယ်။

အာဆင်နယ်ကသူ့ကိုအပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ဖြင့်အငှားဖြင့်

ခေါ်ယူလိုနေကြောင်းသိရပါတယ်။ ဗန်ဒီဘိခ်ရဲ့ချစ်သူမှာအာဆင်နယ်ဂန္ထဝင်

ဘားကမ့်ရဲ့သမီးဖြစ်ပြီးလန်ဒန်တွင်မွေးဖွားကြီးပြင်းလာသူလည်းဖြစ်ပါတယ်။

zawgyi

ၿပိဳင္ဘက္အသင္းဆီကို ေျပာင္းဖို႔ ႀကံေနတဲ့ ဗန္ဒီ

မန္ခ်က္စတာယူႏိုက္တက္အလယ္တန္းကစားသမားဒြန္နီဗန္ဒီဘိခ္ဟာ

အိုးထရက္ဖို႔ဒ္တြင္ေနရာေပ်ာက္ဆုံးေနမႈနဲ႔အတူဇန္နဝါရီအေျပာင္းအေ႐ႊ႕

ေဈးကြက္တြင္အာဆင္နယ္သို႔ေျပာင္းရန္ဆႏၵျပင္းျပေနေၾကာင္းသိရပါတယ္။

ဗန္ဒီဘိခ္ဟာ၂၀၂၀ခုႏွစ္၊စက္တင္ဘာလတြင္ေအဂ်က္စ္မွေျပာင္းေ႐ႊ႕ေၾကး

ေပါင္၄၇သန္းျဖင့္ေျပာင္းလာၿပီးေနာက္မန္ယူတြင္ပြဲကစားခြင့္အနည္းငယ္သာ

ရရွိလာသူျဖစ္ပါတယ္။ သူဟာယခုရာသီတြင္ပရီးမီးယားလိဂ္တြင္ပြဲထြက္ခြာခြင့္

မရေသးဘဲ ခါရာေဘာင္းပြဲတစ္ပြဲတည္းတြင္သာပြဲထြက္ခြင့္ရထားကာ

စုစုေပါင္း၅ပြဲတည္းသာကစားခြင့္ရထားပါတယ္။သူဟာေအဂ်က္စ္တြင္

ကစားစဥ္တုန္းက၁၇၅ပြဲတြင္၄၁ဂိုးသြင္းကာ၃၄ႀကိမ္ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့မႈနဲ႔အတူ

မန္ယူတြင္ပိုေကာင္းလာမယ္လို႔ယူဆျခင္းခံခဲ့ရပါတယ္။

ဒါေပမယ့္သူဟာဆိုးလ္ရွားလက္ေအာက္တြင္ေနရာမရမႈနဲ႔အတူ ရီယိုဖာဒီနန္

အပါအဝင္မန္ယူကစားသမားေဟာင္းမ်ားကအသင္းေျပာင္းရန္တိုက္တြန္းေနၾကပါတယ္။

ယေန႔တြင္ The United Strand ရဲ႕ေဖာ္ျပလာမႈအရဗန္ဒီဘိခ္ဟာ

လန္ဒန္အေျခစိုက္အာဆင္နယ္သို႔ေျပာင္းလိုေနေၾကာင္းသိရပါတယ္။

အာဆင္နယ္ကသူ႔ကိုအၿပီးသတ္ေခၚယူႏိုင္မယ့္အခ်က္ျဖင့္အငွားျဖင့္

ေခၚယူလိုေနေၾကာင္းသိရပါတယ္။ ဗန္ဒီဘိခ္ရဲ႕ခ်စ္သူမွာအာဆင္နယ္ဂႏၴဝင္

ဘားကမ့္ရဲ႕သမီးျဖစ္ၿပီးလန္ဒန္တြင္ေမြးဖြားႀကီးျပင္းလာသူလည္းျဖစ္ပါတယ္။