ပြီးခဲ့တဲ့ရာသီက ဆီမီးဖိုင်နယ်ကျိန်စာကို စီးတီးနဲ့ပွဲမှာ အဆုံးသတ်နိုင်လိမ့်မယ်လို့ ဆိုးလ်ရှား အခိုင်အမာဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလားအောင်မြင်မှုရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး ပြီးခဲ့တဲ့ရာသီက ဆီမီးဖိုင်နယ်ကျိန်စာကို စီးတီးနဲ့ပွဲမှာ အဆုံးသတ်နိုင်လိမ့်မယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ ပြီးခဲ့တဲ့ရာသီတုန်းက ယူရိုပါလိဂ် ၊ အက်ဖ်အေ နဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲတွေကို ထွက်ခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော်တို့အခုလို ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်။ ဖိုင်နယ်ကို တက်ရောက်ချင်ပါတယ်”လို့ ဗီလာအသင်းကို အနိုင်ရရှိအပြီးမှာ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့ရာသီတုန်းကဆို ဆီမီးဖိုင်နယ်ကပဲ လှည့်ပြန်ခဲ့ရပါတယ်။ အဲ့နောက်ပိုင်း ကျွန်တော်တို့ တိုးတက်လာတယ်လို့ ထင်ပါတယ်။ လက်ရှိရပ်တည်မှုအနေအထားက ကောင်းပေမယ့် လိဂ်ကအရှည်ကြီးကစားရဦးမှာပါ။ မတ်လ နဲ့ ဧပြီလလောက်ဆိုရင်တော့ အဖြေပေါ်ပါပြီ”လို့ ဆိုးလ်ရှားက ဆိုပါတယ်။

စီးတီးနည်းပြ ဂွါဒီယိုလာကလည်း ယူနိုက်တက်အနေနဲ့ ချန်ပီယံဆုဆန်ခါတင်စာရင်းထဲပါလာတာမအံ့သြမိဘူးလို့ ဆိုခဲ့ပါတယ်။ “ကျွန်တော်ရောက်လာပြီးကတည်းက ယူနိုက်တက်ကို သတိထားမိပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ်မှာဆို ယူနိုက်တက်ကပိုကောင်းပါတယ်။ လက်ရှိနေရာနဲ့ သူတို့ထိုက်တန်ပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

စီးတီးအသင်းဟာ လိဂ်ဖလားနောက်ဆုံး ၃ လုံးကို ရရှိထားပြီး လီဗာပူးရဲ့စံချိန်ကို လိုက်မီခဲ့ပါတယ်။ စီးတီးဟာ လက်ကျန် ၂ ပွဲကိုအနိုင်ရရှိပါက အမှတ်ပေးဇယားထိပ်ပိုင်းကို တက်ရောက်နိုင်မှာဖြစ်ပေမယ့် စပိန်သားနည်းပြက ချဲလ်ဆီးနဲ့ပွဲကိုပဲ အာရုံစိုက်ထားတယ်လို့ ဆိုခဲ့ပါတယ်။

“ဘောလုံးမှာအကောင်းဆုံးအချက်က တစ်ပွဲပြီးမှ တစ်ပွဲကို အာရုံစိုက်တာပါ။ ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီမှာ ဘာဖြစ်မလဲဆိုတာ မသိပါဘူး။ ကျွန်တော်တို့ အရေးနိမ့်နိုင်တယ်ဆိုတာလည်း သတိထားရပါမယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ျပီးခဲ့တဲ့ရာသီက ဆီမီးဖိုင္နယ္က်ိန္စာကို စီးတီးနဲ႔ပြဲမွာ အဆံုးသတ္ႏိုင္လိမ့္မယ္လုိ႔ ဆိုးလ္ရွား အခိုင္အမာဆို

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကေတာ့ ၂၀၁၇ ခုႏွစ္ေနာက္ပိုင္း ပထမဆံုးအၾကိမ္ ဆုဖလားေအာင္ျမင္မႈရယူႏိုင္ဖို႔ ပစ္မွတ္ထားေနျပီး ျပီးခဲ့တဲ့ရာသီက ဆီမီးဖိုင္နယ္က်ိန္စာကို စီးတီးနဲ႔ပြဲမွာ အဆံုးသတ္ႏိုင္လိမ့္မယ္လို႔ အခိုင္အမာေျပာၾကားလိုက္ပါတယ္။ ယူႏိုက္တက္ဟာ လာမယ့္ဗုဒၶဟူးေန႔မွာ ကာရာေဘာင္ဖလားဆီမီးဖိုုင္နယ္ပြဲစဥ္အျဖစ္ မန္စီးတီးနဲ႔ ရင္ဆိုင္ရမွာျဖစ္ကာ ျပီးခဲ့တဲ့ရာသီတုန္းက ယူရုိပါလိဂ္ ၊ အက္ဖ္ေအ နဲ႔ လိဂ္ဖလား ဆီမီးဖိုင္နယ္ပြဲေတြကို ထြက္ခဲ့ရတာျဖစ္ပါတယ္။

“ကြ်န္ေတာ္တို႔အခုလို ဆီမီးဖိုင္နယ္ကိုတက္ေရာက္ႏိုင္ခဲ့တဲ့အတြက္ အရမ္းေပ်ာ္ပါတယ္။ ဖိုင္နယ္ကို တက္ေရာက္ခ်င္ပါတယ္”လို႔ ဗီလာအသင္းကို အႏုိင္ရရွိအျပီးမွာ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။
“ျပီးခဲ့တဲ့ရာသီတုန္းကဆို ဆီမီးဖုိင္နယ္ကပဲ လွည့္ျပန္ခဲ့ရပါတယ္။ အဲ့ေနာက္ပိုင္း ကြ်န္ေတာ္တို႔ တိုးတက္လာတယ္လို႔ ထင္ပါတယ္။ လက္ရွိရပ္တည္မႈအေနအထားက ေကာင္းေပမယ့္ လိဂ္ကအရွည္ၾကီးကစားရဦးမွာပါ။ မတ္လ နဲ႔ ဧျပီလေလာက္ဆိုရင္ေတာ့ အေျဖေပၚပါျပီ”လို႔ ဆိုးလ္ရွားက ဆိုပါတယ္။

စီးတီးနည္းျပ ဂြါဒီယိုလာကလည္း ယူႏိုက္တက္အေနနဲ႔ ခ်န္ပီယံဆုဆန္ခါတင္စာရင္းထဲပါလာတာမအံ့ၾသမိဘူးလို႔ ဆုိခဲ့ပါတယ္။ “ကြ်န္ေတာ္ေရာက္လာျပီးကတည္းက ယူႏိုက္တက္ကို သတိထားမိပါတယ္။ အထူးသျဖင့္ ပရီးမီးယားလိဂ္မွာဆုိ ယူႏို္က္တက္ကပိုေကာင္းပါတယ္။ လက္ရွိေနရာနဲ႔ သူတို႔ထိုက္တန္ပါတယ္”လို႔ ဂြါဒီယိုလာက ေျပာၾကားခဲ့ပါတယ္။ စီးတီးအသင္းဟာ လိဂ္ဖလားေနာက္ဆံုး ၃ လံုးကို ရရွိထားျပီး လီဗာပူးရဲ႕စံခ်ိန္ကို လိုက္မီခဲ့ပါတယ္။ စီးတီးဟာ လက္က်န္ ၂ ပြဲကိုအႏုိင္ရရွိပါက အမွတ္ေပးဇယားထိပ္ပိုင္းကို တက္ေရာက္ႏုိင္မွာျဖစ္ေပမယ့္ စပိန္သားနည္းျပက ခ်ဲလ္ဆီးနဲ႔ပြဲကိုပဲ အာရံုစိုက္ထားတယ္လို႔ ဆုိခဲ့ပါတယ္။

“ေဘာလံုးမွာအေကာင္းဆံုးအခ်က္က တစ္ပြဲျပီးမွ တစ္ပြဲကို အာရံုစိုက္တာပါ။ ဇန္န၀ါရီ နဲ႔ ေဖေဖာ္၀ါရီမွာ ဘာျဖစ္မလဲဆုိတာ မသိပါဘူး။ ကြ်န္ေတာ္တို႔ အေရးနိမ့္ႏိုင္တယ္ဆိုတာလည္း သတိထားရပါမယ္”လို႔ ဂြါဒီယိုလာက ေျပာၾကားခဲ့ပါတယ္။