ပွေခဲ့ ရှုပ်ခဲ့ပေမယ့် ချည်တိုင်ပဲ ပြန်ရောက်ခဲ့တဲ့ ဝေါလ်ကား

အင်္ဂလန်စတားကိုင်လီဝေါလ်ကားဟာငယ်ချစ်ရဲ့နောက်ကွယ်တွင်

ဖောက်ပြန်မှုများစွာပြုလုပ်ခဲ့ပေမဲ့နောက်လည်း

ငယ်ချစ်နဲ့ပင်လျို့ဝှက်စွာလက်ထပ်လိုက်ပြီဖြစ်ပါတယ်။

အသက်၃၁နှစ်ရှိမန်စီးတီးနောက်ခံလူဟာငယ်ချစ်အန်နီကီလ်နာရဲ့

နောက်ကွယ်မှာသုံးကြိမ်တိုင်တိုင်သစ္စာဖောက်ခြံခုန်ခဲ့ဖူးပါတယ်။

ဒါပေမဲ့အန်နီကီလ်နာဟာဝေါလ်ကားရဲ့လုပ်ရပ်များကိုခွင့်လွှတ်ပေးခဲ့ပါတယ်။

၎င်းတို့စုံတွဲမှာကလေးသုံးယောက်ပိုင်ဆိုင်ထားပြီးကိုဗစ်ကြောင့်

လူသိရှင်ကြားမပြုလုပ်ဘဲ သီးသန့်ပွဲငယ်လေးပြုလုပ်ကာ

မင်္ဂလာဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

ဝေါလ်ကားဟာအသက်၁၇နှစ်အရွယ်တုန်းကရှက်ဖီးတွင်နေထိုင်စဉ်

အသက်၁၅နှစ်အရွယ်ရှိသူမနှင့်တွေ့ဆုံချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။

ဝေါလ်ကားဟာ၂၀၁၇ခုနှစ်မှာစပါးစ်မှမန်စီးတီးသို့ပေါင်သန်း၅၀ဖြင့်

ပြောင်းရွှေ့ပြီးနောက် Beach TV စတားလူရာဘရောင်းနှင့်

ဦးစွာချစ်ကြိုက်ခဲ့ပါတယ်။လူရာဘရောင်းကဝေါလ်ကားနဲ့

သူရဲ့Bentley ကားပေါ်တွင်ချစ်ပွဲဝင်ခဲ့ကြောင်းဖွင့်ဟခဲ့ပါတယ်။

ယင်းဖြစ်ရပ်ကြောင့်ဝေါလ်ကားဟာချီရှိုင်းယားရှိနေအိမ်မှနှင်ချခံခဲ့ရဖူးပါတယ်။

နောက်ပိုင်းတွင်ပြန်လည်လက်တွဲကြပါတယ်။

ယင်းနောက်လူရာဂုဒ်မင်းကဝေါလ်ကားရဲ့ကိုယ်ဝန်လွယ်ထားရကြောင်းဆိုလာပြီးနောက်

သူဟာထပ်မံနှင်ချခံရပါတယ်။ဝေါလ်ကားဟာတစ်လ

ပေါင်၈၀၀၀တန်တိုက်ခန်းတစ်ခန်းငှားနေစဉ်အတွင်းအပျော်မယ်နှစ်ဦးကို

ကိုဗစ်စည်းကမ်းချိုးဖောက်ကာခေါ်ယူပျော်ပါးခဲ့ပါတယ်။

ဒါပေမဲ့၎င်းတို့နှစ်ဦးဟာနိုဝင်ဘာလလကုန်ပိုင်းတုန်းက

ကြယ်ငါးပွင့်အဆင့်ရှိ Mottram Hall ဟိုတယ်တွင်နီးစပ်သူများကို

ဖိတ်ကြားကာလျို့ဝှက်စွာမင်္ဂလာဆောင်ခဲ့ကြပါတယ်။

zawgyi

ေပြခဲ့ ရႈပ္ခဲ့ေပမယ့္ ခ်ည္တိုင္ပဲ ျပန္ေရာက္ခဲ့တဲ့ ေဝါလ္ကား

အဂၤလန္စတားကိုင္လီေဝါလ္ကားဟာငယ္ခ်စ္ရဲ႕ေနာက္ကြယ္တြင္

ေဖာက္ျပန္မႈမ်ားစြာျပဳလုပ္ခဲ့ေပမဲ့ေနာက္လည္း

ငယ္ခ်စ္နဲ႔ပင္လ်ိဳ႕ဝွက္စြာလက္ထပ္လိုက္ၿပီျဖစ္ပါတယ္။

အသက္၃၁ႏွစ္ရွိမန္စီးတီးေနာက္ခံလူဟာငယ္ခ်စ္အန္နီကီလ္နာရဲ႕

ေနာက္ကြယ္မွာသုံးႀကိမ္တိုင္တိုင္သစၥာေဖာက္ၿခံခုန္ခဲ့ဖူးပါတယ္။

ဒါေပမဲ့အန္နီကီလ္နာဟာေဝါလ္ကားရဲ႕လုပ္ရပ္မ်ားကိုခြင့္လႊတ္ေပးခဲ့ပါတယ္။

၎တို႔စုံတြဲမွာကေလးသုံးေယာက္ပိုင္ဆိုင္ထားၿပီးကိုဗစ္ေၾကာင့္

လူသိရွင္ၾကားမျပဳလုပ္ဘဲ သီးသန႔္ပြဲငယ္ေလးျပဳလုပ္ကာ

မဂၤလာေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။

ေဝါလ္ကားဟာအသက္၁၇ႏွစ္အ႐ြယ္တုန္းကရွက္ဖီးတြင္ေနထိုင္စဥ္

အသက္၁၅ႏွစ္အ႐ြယ္ရွိသူမႏွင့္ေတြ႕ဆုံခ်စ္ႀကိဳက္ခဲ့တာျဖစ္ပါတယ္။

ေဝါလ္ကားဟာ၂၀၁၇ခုႏွစ္မွာစပါးစ္မွမန္စီးတီးသို႔ေပါင္သန္း၅၀ျဖင့္

ေျပာင္းေ႐ႊ႕ၿပီးေနာက္ Beach TV စတားလူရာဘေရာင္းႏွင့္

ဦးစြာခ်စ္ႀကိဳက္ခဲ့ပါတယ္။လူရာဘေရာင္းကေဝါလ္ကားနဲ႔

သူရဲ႕Bentley ကားေပၚတြင္ခ်စ္ပြဲဝင္ခဲ့ေၾကာင္းဖြင့္ဟခဲ့ပါတယ္။

ယင္းျဖစ္ရပ္ေၾကာင့္ေဝါလ္ကားဟာခ်ီရႈိင္းယားရွိေနအိမ္မွႏွင္ခ်ခံခဲ့ရဖူးပါတယ္။

ေနာက္ပိုင္းတြင္ျပန္လည္လက္တြဲၾကပါတယ္။ယင္းေနာက္လူရာဂုဒ္မင္းက

ေဝါလ္ကားရဲ႕ကိုယ္ဝန္လြယ္ထားရေၾကာင္းဆိုလာၿပီးေနာက္

သူဟာထပ္မံႏွင္ခ်ခံရပါတယ္။ေဝါလ္ကားဟာတစ္လ

ေပါင္၈၀၀၀တန္တိုက္ခန္းတစ္ခန္းငွားေနစဥ္အတြင္းအေပ်ာ္မယ္ႏွစ္ဦးကို

ကိုဗစ္စည္းကမ္းခ်ိဳးေဖာက္ကာေခၚယူေပ်ာ္ပါးခဲ့ပါတယ္။

ဒါေပမဲ့၎တို႔ႏွစ္ဦးဟာႏိုဝင္ဘာလလကုန္ပိုင္းတုန္းက

ၾကယ္ငါးပြင့္အဆင့္ရွိ Mottram Hall ဟိုတယ္တြင္နီးစပ္သူမ်ားကို

ဖိတ္ၾကားကာလ်ိဳ႕ဝွက္စြာမဂၤလာေဆာင္ခဲ့ၾကပါတယ္။